YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:37-40

တရားသူကြီး 6:37-40 Judson Bible (JBMLE)

အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။ နံ​နက်​စော​စော​ထ၍ သိုး​မွေး​ကို​ညှစ်​သ​ဖြင့် နှင်း​ရည်​သည် အင်​တုံ​အ​ပြည့် ရှိ​လေ၏။ တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊ ထို​ည၌​လည်း ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​ဖြင့်၊ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​လျက်​ရှိ၏။

တရားသူကြီး 6:37-40 Common Language Bible (BCL)

အ​ကျွန်ုပ်​သည်​ဂျုံ​စပါး​နယ်​ရာ​မြေ​တ​လင်း ပေါ်​၌ သိုး​မွေး​ကို​ချ​ထား​ပါ​မည်။ အ​ကယ်​၍ နံ​နက်​ချိန်​၌​သိုး​မွေး​အ​ပေါ်​၌​သာ​လျှင် နှင်း​ကျ​၍​မြေ​တ​လင်း​ပေါ်​၌​မ​ကျ​ခဲ့​သော် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​အ​တွက်​အ​သုံး​ပြု တော်​မူ​မည်​ကို​အ​ကျွန်ုပ်​အ​မှန်​သိ​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​၏။- ယင်း​သို့​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​လေ သည်။ ဂိ​ဒေါင်​သည်​နောက်​တစ်​နေ့​နံ​နက်​စော စော​ထ​၍ သိုး​မွေး​ကို​ညှစ်​ကြည့်​ရာ​နှင်း​ရည် အင်​တုံ​တစ်​လုံး​အ​ပြည့်​ရ​ရှိ​လေ​သည်။- ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် ကို​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​တစ် ကြိမ်​သာ​လျှင်​ထပ်​မံ​လျှောက်​ထား​ခွင့်​ပြု​တော် မူ​ပါ။ သိုး​မွေး​နှင့်​နောက်​တစ်​ကြိမ်​ထပ်​မံ​စမ်း သပ်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​တစ်​ကြိမ်​၌​သိုး မွေး​သည်​ခြောက်​သွေ့​လျက် မြေ​ကြီး​သည် နှင်း​စို​လျက်​နေ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။- ထို​ည​၌​လည်း​ဘု​ရား​သ​ခင်​သည်​ဂိ​ဒေါင် လျှောက်​ထား​သည့်​အ​တိုင်း​ပင်​ဖြစ်​စေ​တော် မူ​၏။ နောက်​တစ်​နေ့​နံ​နက်​၌​သိုး​မွေး​သည် ခြောက်​သွေ့​လျက်​မြေ​ကြီး​မှာ​မူ​စွတ်​စို လျက်​နေ​၏။

တရားသူကြီး 6:37-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​သည် သိုးမွေး​ကို ကောက်နယ်တလင်း​၌​ထား​မည်​။ မြေ​တစ်ပြင်လုံး​ခြောက်သွေ့​၍ သိုးမွေး​သာ နှင်းစို​မည်​ဆိုလျှင် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့် ကယ်တင်​တော်မူ​မည်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​၏​။ သူ​လျှောက်​သည့်​အတိုင်း ဖြစ်လာ​၏​။ သူ​သည် နောက်တစ်နေ့​နံနက်​စောစောထ​၍ သိုးမွေး​ကို ညှစ်​သောအခါ ရေ​တစ်​ဖလား​အပြည့်​ရ​၏​။ တစ်ဖန် ဂိဒေါင်​က ဘုရားသခင်​အား “​အကျွန်ုပ်​ကို အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ နောက်​တစ်ကြိမ် သိုးမွေး​ဖြင့် စမ်းသပ်​ခွင့်​ပြု​တော်မူ​ပါ​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​ကို​သာ ခြောက်သွေ့​စေ​တော်မူ​ပါ​”​ဟု လျှောက်​၏​။ ထို​ည​၌​လည်း ဘုရားသခင်​သည် သူ​လျှောက်​သည့်​အတိုင်း​ပြု​လေ​၏​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​သာ ခြောက်သွေ့​၏​။