အကျွန်ုပ်သည် သိုးမွေးကို ကောက်နယ်တလင်း၌ထားမည်။ မြေတစ်ပြင်လုံးခြောက်သွေ့၍ သိုးမွေးသာ နှင်းစိုမည်ဆိုလျှင် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့် ကယ်တင်တော်မူမည်ဖြစ်ကြောင်းကို အကျွန်ုပ်သိရပါလိမ့်မည်”ဟု လျှောက်၏။ သူလျှောက်သည့်အတိုင်း ဖြစ်လာ၏။ သူသည် နောက်တစ်နေ့နံနက်စောစောထ၍ သိုးမွေးကို ညှစ်သောအခါ ရေတစ်ဖလားအပြည့်ရ၏။ တစ်ဖန် ဂိဒေါင်က ဘုရားသခင်အား “အကျွန်ုပ်ကို အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်လျှောက်ထားပါရစေ။ နောက်တစ်ကြိမ် သိုးမွေးဖြင့် စမ်းသပ်ခွင့်ပြုတော်မူပါ။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးကိုသာ ခြောက်သွေ့စေတော်မူပါ”ဟု လျှောက်၏။ ထိုည၌လည်း ဘုရားသခင်သည် သူလျှောက်သည့်အတိုင်းပြုလေ၏။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးသာ ခြောက်သွေ့၏။
တရားသူကြီးမှတ်စာ 6 ကိုဖတ်ပါ။
နားထောင်ပါ။ တရားသူကြီးမှတ်စာ 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားသူကြီးမှတ်စာ 6:37-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ