YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:1-5

ရှင်ယာကုပ် 5:1-5 Judson Bible (JBMLE)

အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။- သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။- ရွှေ​ငွေ​လည်း အ​ချေး​တက်၍ ပျက်​ကုန်​ပြီ။ ထို​အ​ချေး​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်၍၊ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို စား​လိမ့်​မည်။ နောက်​ဆုံး​သော နေ့​ရက်​ကာ​လ​အ​ဖို့ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​ပြီ​တ​ကား၊- နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။- သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ကာ​မ​ဂုဏ်​ခံ​စား၍ အ​လွန်​ပျော်​မွေ့​ကြ​ပြီ။ သတ်​ရ​သော​နေ့၌​ကဲ့​သို့၊ မိ​မိ​တို့​နှ​လုံး​ကို မွေး​မြူ​ကြ​ပြီ။

ရှင်ယာကုပ် 5:1-5 Common Language Bible (BCL)

ချမ်း​သာ​ကြွယ်​ဝ​သူ​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​လော့။- သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​သည်​ဆွေး​မြေ့​လေ​ပြီ။ သင်​တို့​၏​အ​ဝတ်​များ​သည်​ပိုး​ကိုက်​စား​ကုန် ပြီ။- သင်​တို့​၏​ရွှေ​ငွေ​များ​သည်​လည်း​အ​ချေး​တက် လျက်​နေ​လေ​ပြီ။ ထို​အ​ချေး​သည်​သင်​တို့​တစ်​ဘက် ၌​သက်​သေ​အ​ထောက်​အ​ထား​ဖြစ်​၍ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို​လောင်​ကျွမ်း​ပျက်​စီး​စေ​လိမ့် မည်။ ဤ​နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌​သင်​တို့ သည်​ဥစ္စာ​ဘဏ္ဍာ​များ​ကို​စု​ဆောင်း​သို​မှီး​လျက် နေ​ကြ​သည်​တ​ကား။- သင်​တို့​အ​သီး​အ​နှံ​များ​ကို​ရိတ်​သိမ်း​ပေး သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ကြ။ သူ တို့​၏​တိုင်​တန်း​ခြင်း​ကို​နား​ထောင်​ကြ​လော့။ သူ တို့​ကျယ်​စွာ​ဟစ်​အော်​တောင်း​ခံ​သံ​ကို​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကြား​တော် မူ​လေ​ပြီ။- သင်​တို့​သည်​လော​က​တွင်​စည်း​စိမ်​ခံ​လျက် ပျော်​ပါး​ခဲ့​ကြ​၏။ အ​သတ်​ခံ​ရ​ကြ​မည့်​နေ့ အ​တွက်​မိ​မိ​တို့​ကိုယ်​ကို​ဆူ​ဖြိုး​အောင်​ကျွေး မွေး​ခဲ့​ကြ​၏။

ရှင်ယာကုပ် 5:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချမ်းသာ​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​အပေါ်​သက်ရောက်​လာ​မည့် ဒုက္ခ​ဆင်းရဲ​ခြင်း​များ​အတွက် အော်ဟစ်​ငိုကြွေး​ကြ​လော့။ သင်​တို့​၏​စည်းစိမ်​သည် ဆွေးမြည့်​၍ သင်​တို့​၏​အဝတ်​များ​ကို ပိုး​ကိုက်စား​လေ​ပြီ။ သင်​တို့​၏​ရွှေ​ငွေ​များ​သည် အချေး​တက်​လျက်​ရှိ​ပြီ။ ထို​အချေး​သည်​လည်း သင်​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​၍ သင်​တို့​အသား​ကို မီး​ကဲ့သို့ လှိုက်စား​လိမ့်မည်။ သင်​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ဥစ္စာ​များ​ကို​သိုမှီး​ထား​ကြ​သည်​တကား။ ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။ သင်​တို့​သည် မြေကြီး​ပေါ်တွင် အပျော်အပါး​လိုက်စား​၍ ဇိမ်ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာထား​သော​နေ့​အတွက် မိမိ​တို့​စိတ်နှလုံး​ကို ဆူဖြိုး​အောင်​ကျွေးမွေး​ကြ​ပြီ။