YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 5:1-5

ရှင်ယာကုပ်ဩဝါဒစာ 5:1-5 MSBU

ချမ်းသာ​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​အပေါ်​သက်ရောက်​လာ​မည့် ဒုက္ခ​ဆင်းရဲ​ခြင်း​များ​အတွက် အော်ဟစ်​ငိုကြွေး​ကြ​လော့။ သင်​တို့​၏​စည်းစိမ်​သည် ဆွေးမြည့်​၍ သင်​တို့​၏​အဝတ်​များ​ကို ပိုး​ကိုက်စား​လေ​ပြီ။ သင်​တို့​၏​ရွှေ​ငွေ​များ​သည် အချေး​တက်​လျက်​ရှိ​ပြီ။ ထို​အချေး​သည်​လည်း သင်​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​၍ သင်​တို့​အသား​ကို မီး​ကဲ့သို့ လှိုက်စား​လိမ့်မည်။ သင်​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ဥစ္စာ​များ​ကို​သိုမှီး​ထား​ကြ​သည်​တကား။ ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။ သင်​တို့​သည် မြေကြီး​ပေါ်တွင် အပျော်အပါး​လိုက်စား​၍ ဇိမ်ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာထား​သော​နေ့​အတွက် မိမိ​တို့​စိတ်နှလုံး​ကို ဆူဖြိုး​အောင်​ကျွေးမွေး​ကြ​ပြီ။