YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 4:12-17

ရှင်ယာကုပ် 4:12-17 Judson Bible (JBMLE)

ပ​ညတ်​တ​ရား​ကို ထား​ပိုင်​သော​သူ၊ စစ်​ကြော​စီ​ရင်​ပိုင်​သော​သူ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​တော်​မူ၏။ သူ​တစ် ပါး​ကို စစ်​ကြော​စီ​ရင်​သော​သင်​သည်​ကား အ​ဘယ်​သူ​နည်း။ ယ​နေ့ နက်​ဖြန် ဤ​မည်​သော​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထို​မြို့၌ တစ်​နှစ်​ပတ်​လုံး​နေ၍ ကုန်​သွယ်​သ​ဖြင့် အ​မြတ်​ရ​အောင် ပြု​ကြ​ကုန်​အံ့​ဟု ဆို​တတ်​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။- နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။- ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ၍၊ ငါ​တို့​သည်​လည်း အ​သက်​ရှင်​လျှင်၊ ဤ​သို့​ပြု​ကြ​ကုန်​အံ့၊ ထို​သို့​ပြု​ကြ​ကုန်​အံ့​ဟု သင်​တို့​ဆို​သင့်​ရာ​ဖြစ်၏။- ယ​ခု​သင်​တို့​သည် မိ​မိ​ထောင်​လွှား​ခြင်း၌ ဝါ​ကြွား​ကြ​သေး၏။ ထို​သို့​သော ဝါ​ကြွား​ခြင်း​ရှိ​သ​မျှ​သည် မ​ကောင်း​မ​သင့်​ဖြစ်၏။- ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။

ရှင်ယာကုပ် 4:12-17 Common Language Bible (BCL)

ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​ပ​ညတ် တ​ရား​တော်​ကို​ပေး​၍​စစ်​ကြော​စီ​ရင်​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​တစ်​ပါး​တည်း သာ​လျှင်​ကယ်​တင်​ရန်​သော်​လည်း​ကောင်း၊ ဖျက် ဆီး​ရန်​သော်​လည်း​ကောင်း​တတ်​နိုင်​တော်​မူ​၏။ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​မိ​မိ​၏​အိမ်​နီး ချင်း​ကို​စစ်​ကြော​စီ​ရင်​ရ​သ​နည်း။ ``ယ​နေ့​သို့​မ​ဟုတ်​နက်​ဖြန်​နေ့​၌​ဤ​မည်​သော မြို့​သို့​ငါ​တို့​သွား​၍​တစ်​နှစ်​မျှ​နေ​ကြ​ကုန်​အံ့။ ထို​မြို့​တွင်​ကုန်​သွယ်​၍​ငွေ​အ​မြောက်​အ​မြား​ရှာ ကြ​ကုန်​အံ့'' ဟု​သင်​တို့​အ​ချို့​ပြော​ဆို​လေ့​ရှိ ကြ​၏။ သို့​ရာ​တွင်​ငါ​ပြော​သည်​ကို​နား​ထောင် ကြ​လော့။- သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။- ``ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင်​ငါ​တို့ သည်​အ​သက်​ရှင်​၍​ဤ​အ​မှု​ထို​အ​မှု​ကို​ပြု ကြ​မည်'' ဟု​သင်​တို့​ဆို​သင့်​ကြ​၏။- ယ​ခု​မူ​ကား​သင်​တို့​သည်​မာန်​မာ​န​ကြီး​ကာ ကြွား​ဝါ​တတ်​ကြ​၏။ ယင်း​သို့​ကြွား​ဝါ​မှု​ရှိ သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍​ကောင်း​သော​အ​ကျင့်​ကို​သိ​လျက်​နှင့် မ​ပြု​မ​ကျင့်​ဘဲ​နေ​သော​သူ​သည်​အ​ပြစ်​ရှိ​၏။

ရှင်ယာကုပ် 4:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပညတ်​တရား​ကို​ပေး​သော​သူ၊ တရား​စီရင်​သော​သူ​သည် တစ်ပါးတည်း​ရှိ​တော်မူ​ပြီး ထို​အရှင်​သည် ကယ်တင်​နိုင်စွမ်း​ရှိ​၍ ဖျက်ဆီး​နိုင်စွမ်း​လည်း​ရှိ​တော်မူ​၏။ သင်​မူကား မည်သူ​ဖြစ်​၍ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​စီရင်​ရ​သနည်း။ “ယနေ့​၊ သို့မဟုတ် မနက်ဖြန်​တွင် ဤ​မြို့၊ သို့မဟုတ် ထို​မြို့​သို့​သွား​၍ ထို​အရပ်​၌ တစ်​နှစ်​ပတ်လုံး​နေ​လျက် ကူးသန်းရောင်းဝယ်​ကာ အမြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​သည် မနက်ဖြန် မည်သို့​ဖြစ်​မည်​ကို မ​သိ​ကြ။ သင်​တို့​၏​အသက်​သည် မည်သို့​သော​အရာ​ဖြစ်​သနည်း။ သင်​တို့​သည် ခေတ္တ​ခဏ​ပေါ်လာ​ပြီးနောက် ပျောက်ကွယ်​သွား​တတ်​သော အခိုးအငွေ့​ဖြစ်​ကြ​၏။ ထို့ကြောင့် “ထာဝရ​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​တို့​သည် အသက်ရှင်​၍ ဤ​အမှု​၊ သို့မဟုတ် ထို​အမှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။ သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။ သို့ဖြစ်၍ မည်သူမဆို ကောင်း​သော​အမှု​ကို​လုပ်ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အတွက်​အပြစ်​ဖြစ်​၏။