YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 4:12-17

ရှင်ယာကုပ်ဩဝါဒစာ 4:12-17 MSBU

ပညတ်​တရား​ကို​ပေး​သော​သူ၊ တရား​စီရင်​သော​သူ​သည် တစ်ပါးတည်း​ရှိ​တော်မူ​ပြီး ထို​အရှင်​သည် ကယ်တင်​နိုင်စွမ်း​ရှိ​၍ ဖျက်ဆီး​နိုင်စွမ်း​လည်း​ရှိ​တော်မူ​၏။ သင်​မူကား မည်သူ​ဖြစ်​၍ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​စီရင်​ရ​သနည်း။ “ယနေ့​၊ သို့မဟုတ် မနက်ဖြန်​တွင် ဤ​မြို့၊ သို့မဟုတ် ထို​မြို့​သို့​သွား​၍ ထို​အရပ်​၌ တစ်​နှစ်​ပတ်လုံး​နေ​လျက် ကူးသန်းရောင်းဝယ်​ကာ အမြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​သည် မနက်ဖြန် မည်သို့​ဖြစ်​မည်​ကို မ​သိ​ကြ။ သင်​တို့​၏​အသက်​သည် မည်သို့​သော​အရာ​ဖြစ်​သနည်း။ သင်​တို့​သည် ခေတ္တ​ခဏ​ပေါ်လာ​ပြီးနောက် ပျောက်ကွယ်​သွား​တတ်​သော အခိုးအငွေ့​ဖြစ်​ကြ​၏။ ထို့ကြောင့် “ထာဝရ​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​တို့​သည် အသက်ရှင်​၍ ဤ​အမှု​၊ သို့မဟုတ် ထို​အမှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။ သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။ သို့ဖြစ်၍ မည်သူမဆို ကောင်း​သော​အမှု​ကို​လုပ်ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အတွက်​အပြစ်​ဖြစ်​၏။