YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 3:9-12

ရှင်ယာကုပ် 3:9-12 Judson Bible (JBMLE)

ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​သော​လူ​တို့​ကို လျှာ​ဖြင့် ကျိန်​ဆဲ​တတ်​ကြ၏။- နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။- စမ်း​ရေ​ပေါက် တစ်​ပေါက်​တည်း​အ​ထဲ​က ချို​သော​ရေ​နှင့် ခါး​သော​ရေ ထွက်​တတ်​သ​လော။- ငါ့​ညီ​အစ်​ကို​တို့၊ သင်္ဘော​သ​ဖန်း​ပင်​သည် သံ​လွင်​သီး​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သင်္ဘော​သ​ဖန်း​သီး​ကို သီး​နိုင်​သ​လော။ ထို​အ​တူ၊ ငန်​သော​ရေ​သည် ချို​သော​ရေ​ကို မ​ဖြစ်​စေ​နိုင်။

ရှင်ယာကုပ် 3:9-12 Common Language Bible (BCL)

ငါ​တို့​သည်​ခ​မည်း​တော်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ရာ​၌​လျှာ​ကို​အ​သုံး​ပြု ကြ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ထား​တော်​မူ​သော​လူ​တို့​ကို​ကျိန်​ဆဲ​ရာ ၌​လည်း​ယင်း​ကို​ပင်​အ​သုံး​ပြု​ကြ​၏။- နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။- စမ်း​ရေ​ပေါက်​တစ်​ခု​တည်း​မှ​ရေ​ချို​ရေ​ခါး ထွက်​လာ​တတ်​ပါ​သ​လော။- ငါ့​ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​သည်​သံ​လွင်​သီး ကို​သီး​နိုင်​ပါ​သ​လော။ စပျစ်​ပင်​သည်​သ​ဖန်း သီး​ကို​သီး​နိုင်​ပါ​သ​လော။ ထို့​အ​တူ​ရေ​ငံ သည်​လည်း​ရေ​ချို​ကို​မ​ဖြစ်​ပေါ်​စေ​နိုင်။

ရှင်ယာကုပ် 3:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သည် လျှာ​ဖြင့် ခမည်းတော်​ဖြစ်​တော်မူ​သော​ထာဝရ​ဘုရား​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လျက် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ​ဖန်ဆင်း​ခံရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်ဆဲ​တတ်​ကြ​၏။ နှုတ်​တစ်​ခု​ထဲမှ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ကျိန်ဆဲ​ခြင်း​တို့ ထွက်လာ​တတ်​သည်​တကား။ ငါ့​ညီအစ်ကို​တို့၊ ဤသို့​မ​ဖြစ်​သင့်​ပေ။ စမ်းရေ​ပေါက်​တစ်ခု​ထဲမှ ရေ​ချို​နှင့်​ရေ​ခါး ထွက်​လေ့​ရှိ​သလော။ ငါ့​ညီအစ်ကို​တို့၊ သဖန်းပင်​သည် သံလွင်​သီး​များ​ကို သီး​နိုင်​သလော။ စပျစ်​ပင်​သည် သဖန်းသီး​များ​ကို သီး​နိုင်​သလော။ ထို့အတူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်ပေါ်​စေ​နိုင်​ပေ။