YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 3:13-16

ရှင်ယာကုပ် 3:13-16 Judson Bible (JBMLE)

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။- သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။- ထို​သို့​သော​ပ​ညာ​သည် အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မ​ဟုတ်။ မြေ​ကြီး​ပ​ညာ၊ ဇာ​တိ​ပ​က​တိ​ပ​ညာ၊ နတ်​ဆိုး​ပ​ညာ​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။

ရှင်ယာကုပ် 3:13-16 Common Language Bible (BCL)

သင်​တို့​အ​ထဲ​တွင်​အ​တတ်​အ​လိမ္မာ​နှင့်​ဉာဏ် ပ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်​ထို​သူ သည် မိ​မိ​ပ​ညာ​ရှိ​မှု​ကို​ဉာဏ်​ပ​ညာ​နှင့်၊ နှိမ့်​ချ သော​စိတ်​ဖြင့်​ပြု​ကျင့်​သည့်​အ​ကျင့်​ကောင်း အား​ဖြင့်​သက်​သေ​ပြ​ပါ​စေ။- သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။- ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​မ​နာ​လို​စိတ်၊ တစ်​ကိုယ် ကောင်း​စိတ်​တို့​သည်​မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ဆန် ခတ်​မှု၊ ဆိုး​ညစ်​ယုတ်​မာ​မှု​အ​မျိုး​မျိုး​တို့​ကို ဖြစ်​ပေါ်​စေ​တတ်​သော​ကြောင့်​တည်း။

ရှင်ယာကုပ် 3:13-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။ သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။ ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။ အကြောင်းမူကား မနာလို​ခြင်း​နှင့်​တစ်ကိုယ်ကောင်းဆန်​ခြင်း​ရှိ​သော​နေရာ​တွင် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့် ဆိုးညစ်​သော​အမှု​အမျိုးမျိုး​တို့​ရှိ​တတ်​၏။