YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 3:1-18

ရှင်ယာကုပ် 3:1-18 Judson Bible (JBMLE)

ငါ့​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သာ၍ ကျပ်​တည်း​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်​ဟု သင်​တို့​သိ၍ အ​များ​သော​ဆ​ရာ မ​ဖြစ်​ကြ​နှင့်။- ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။- မြင်း​ကို​နိုင်​ခြင်း​ငှာ ပါး​စပ်​ကို​ဇက်​ခွံ့​တတ်၏။ သို့​ပြု၍ မြင်း​ကိုယ်​တစ်​ကိုယ်​လုံး​ကို လှည့်​စေ​တတ်၏။- ထို​မှ​တစ်​ပါး၊ အ​လွန်​ကြီး​သော​သင်္ဘော​သည် ပြင်း​စွာ​သော​လေ​ဟုန်​နှင့် လွင့်​သွား​သော်​လည်း၊ တက်​မ​ကိုင် အ​လို​ရှိ​သည်​အ​တိုင်း၊ ငယ်​သော​တက်​မ​ဖြင့် လှည့်​တတ်၏။- ထို​နည်း​တူ၊ လျှာ​သည် ငယ်​သော​အင်္ဂါ​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်၏။ အ​ဘယ်​မျှ​လောက် များ​စွာ​သော​ထင်း​ကို အ​နည်း​ငယ်​သော​မီး​သည် ညှိ​နိုင်​သည်​ကို ကြည့်​ပါ​လော့။- လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။- သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။- လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။- ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​သော​လူ​တို့​ကို လျှာ​ဖြင့် ကျိန်​ဆဲ​တတ်​ကြ၏။- နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။- စမ်း​ရေ​ပေါက် တစ်​ပေါက်​တည်း​အ​ထဲ​က ချို​သော​ရေ​နှင့် ခါး​သော​ရေ ထွက်​တတ်​သ​လော။- ငါ့​ညီ​အစ်​ကို​တို့၊ သင်္ဘော​သ​ဖန်း​ပင်​သည် သံ​လွင်​သီး​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သင်္ဘော​သ​ဖန်း​သီး​ကို သီး​နိုင်​သ​လော။ ထို​အ​တူ၊ ငန်​သော​ရေ​သည် ချို​သော​ရေ​ကို မ​ဖြစ်​စေ​နိုင်။ သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။- သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။- ထို​သို့​သော​ပ​ညာ​သည် အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မ​ဟုတ်။ မြေ​ကြီး​ပ​ညာ၊ ဇာ​တိ​ပ​က​တိ​ပ​ညာ၊ နတ်​ဆိုး​ပ​ညာ​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။- အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။- အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။

ရှင်ယာကုပ် 3:1-18 Common Language Bible (BCL)

ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​သော​ငါ​တို့​သည် အ​ခြား​သူ​များ​ထက်​ပို​၍​ကျပ်​တည်း​စွာ​စစ် ဆေး​စီ​ရင်​ခြင်း​ခံ​ရ​ကြ​မည်​ကို​သိ​မှတ် ကြ​လျက်​သင်​တို့​တွင်​ဆ​ရာ​ဖြစ်​လို​သူ မ​များ​စေ​နှင့်။- ငါ​တို့​အ​ပေါင်း​သည်​မ​ကြာ​ခ​ဏ​မှား​တတ် ကြ​၏။ အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြော​အ​ဆို မ​မှား​သော​သူ​သည်​ပြည့်​ဝ​စုံ​လင်​သော​သူ ဖြစ်​၏။ ထို​သို့​သော​သူ​သည် မိ​မိ​ကိုယ်​တစ် ကိုယ်​လုံး​ကို​ထိန်း​ချုပ်​နိုင်​သူ​ဖြစ်​ပေ​သည်။- ငါ​တို့​သည်​မြင်း​ကို​ဇက်​ခွံ့​၍​ငါ​တို့​အ​မိန့် ကို​လိုက်​နာ​စေ​နိုင်​၏။ ငါ​တို့​လို​ရာ​သို့​သွား စေ​နိုင်​၏။- အ​လွန်​ကြီး​သော​သင်္ဘော​များ​ကို​လေ​ပြင်း တိုက်​ခတ်​နေ​ချိန်​၌​ပင်​လျှင် တက်​မ​ငယ်​အား ဖြင့်​ထိန်း​ချုပ်​ကာ​တက်​မ​ကိုင်​အ​လို​ရှိ​ရာ ဘက်​သို့​လှည့်​စေ​နိုင်​၏။- လျှာ​သည်​လည်း​ထို​နည်း​အ​တိုင်း​ပင်​ဖြစ် ပေ​သည်။ ယင်း​သည်​ကိုယ်​ခန္ဓာ​၏​သေး​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​မျှ​သာ​ဖြစ်​သော်​လည်း ကြီး​ကျယ်​သော​အ​ရာ​များ​အ​ကြောင်း​ကို ကြွား​ဝါ​တတ်​သည်။ အ​လွန်​ကြီး​သော​သစ်​တော​ကို​သေး​ငယ်​သော မီး​ပွား​က​လေး​က လောင်​ကျွမ်း​စေ​နိုင်​သည် ကို​စဉ်း​စား​ကြည့်​ပါ​လေ။- လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။- လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။- သို့​ရာ​တွင်​လျှာ​ကို​မူ​ကား​အ​ဘယ်​သူ​မျှ ကျိုး​နွံ​အောင်​မ​ပြု​နိုင်။ ယင်း​သည်​သေ​စေ​တတ် သော​အ​ဆိပ်​နှင့်​ပြည့်​ဝ​လျက်​ထိန်း​ချုပ်​၍​မ​ရ အောင်​ဆိုး​ရွား​လေ​သည်။- ငါ​တို့​သည်​ခ​မည်း​တော်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ရာ​၌​လျှာ​ကို​အ​သုံး​ပြု ကြ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ထား​တော်​မူ​သော​လူ​တို့​ကို​ကျိန်​ဆဲ​ရာ ၌​လည်း​ယင်း​ကို​ပင်​အ​သုံး​ပြု​ကြ​၏။- နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။- စမ်း​ရေ​ပေါက်​တစ်​ခု​တည်း​မှ​ရေ​ချို​ရေ​ခါး ထွက်​လာ​တတ်​ပါ​သ​လော။- ငါ့​ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​သည်​သံ​လွင်​သီး ကို​သီး​နိုင်​ပါ​သ​လော။ စပျစ်​ပင်​သည်​သ​ဖန်း သီး​ကို​သီး​နိုင်​ပါ​သ​လော။ ထို့​အ​တူ​ရေ​ငံ သည်​လည်း​ရေ​ချို​ကို​မ​ဖြစ်​ပေါ်​စေ​နိုင်။ သင်​တို့​အ​ထဲ​တွင်​အ​တတ်​အ​လိမ္မာ​နှင့်​ဉာဏ် ပ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်​ထို​သူ သည် မိ​မိ​ပ​ညာ​ရှိ​မှု​ကို​ဉာဏ်​ပ​ညာ​နှင့်၊ နှိမ့်​ချ သော​စိတ်​ဖြင့်​ပြု​ကျင့်​သည့်​အ​ကျင့်​ကောင်း အား​ဖြင့်​သက်​သေ​ပြ​ပါ​စေ။- သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။- ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​မ​နာ​လို​စိတ်၊ တစ်​ကိုယ် ကောင်း​စိတ်​တို့​သည်​မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ဆန် ခတ်​မှု၊ ဆိုး​ညစ်​ယုတ်​မာ​မှု​အ​မျိုး​မျိုး​တို့​ကို ဖြစ်​ပေါ်​စေ​တတ်​သော​ကြောင့်​တည်း။- သို့​သော်​အ​ထက်​မှ​သက်​ရောက်​သည့်​ပ​ညာ သည်​ကား​ပ​ထ​မ​အ​နေ​ဖြင့်​စင်​ကြယ်​၏။ ထို နောက်​ငြိမ်း​ချမ်း​သာ​ယာ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု၊ ခင်​မင်​မှု​တို့​ကို​ပြု​စု​တတ်​၏။ ယင်း​သည်​က​ရု ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​၍​ကောင်း​မြတ်​သည့် အ​ကျင့်​များ​တည်း​ဟူ​သော​အ​သီး​အ​ပွင့်​တို့ ကို​ဖြစ်​ပွား​စေ​တတ်​၏။ ထို့​အ​ပြင်​မျက်​နှာ မ​လိုက်​တတ်။ ဟန်​ဆောင်​မှု​နှင့်​ကင်း​၏။- ငြိမ်း​ချမ်း​ရေး​ဆောင်​ရွက်​သူ​တို့​ငြိမ်း​ချမ်း​စွာ စိုက်​ပျိုး​သည့်​မျိုး​စေ့​များ​မှ​ဖြစ်​ပွား​သည့် အ​သီး​အ​ပွင့်​ကား​ကောင်း​မြတ်​ခြင်း​ပေ​တည်း။

ရှင်ယာကုပ် 3:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​ညီအစ်ကို​တို့၊ ဆရာ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပို၍​တင်းကျပ်​သော​တရား​စီရင်​ခြင်း​ကို​ခံရ​မည်​ဖြစ်​ကြောင်း သိမှတ်​လျက် ဆရာ​ဖြစ်​သူ မ​များ​စေ​ကြ​နှင့်။ အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။ ငါ​တို့​ကို​နာခံ​စေရန် မြင်း​၏​ပါးစပ်​ထဲသို့ ဇက်​ခွံ့​သောအခါ သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ငါ​တို့​လှည့်​နိုင်​၏။ သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထိုမျှလောက်​ကြီးမား​၍ လေပြင်း​တိုက်​ရာ​သို့​လွင့်ပါ​တတ်​သော်လည်း သေးငယ်​သော​တက်မ​အားဖြင့် တက်မကိုင်​အလိုရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။ ထိုနည်းတူ လျှာ​သည်​လည်း သေးငယ်​သော​အင်္ဂါ​အစိတ်အပိုင်း​ဖြစ်​သော်လည်း အလွန်​ဝါကြွား​တတ်​၏။ မည်မျှလောက်​သေးငယ်​သော​မီး​သည် မည်မျှလောက်​ကြီးမား​သော​သစ်တော​ကို​မီးစွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။ လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။ လူသား​တို့​သည် သားရဲ​တိရစ္ဆာန်​နှင့်​ကျေးငှက်​မျိုး​မှစ၍ တွားသွား​သတ္တဝါ​နှင့်​ရေ​သတ္တဝါ​မျိုး​အပေါင်း​တို့​ကို ယဉ်ပါး​စေ​နိုင်​သကဲ့သို့ ယဉ်​လည်း​ယဉ်ပါး​စေ​ခဲ့​ကြ​၏။ သို့သော် လျှာ​ကို​ယဉ်ပါး​စေ​နိုင်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်းချုပ်​၍​မ​ရ​နိုင်​သော​အဆိုးအမိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အဆိပ်​အတောက်​နှင့် ပြည့်​လျက်​ရှိ​၏။ ငါ​တို့​သည် လျှာ​ဖြင့် ခမည်းတော်​ဖြစ်​တော်မူ​သော​ထာဝရ​ဘုရား​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လျက် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ​ဖန်ဆင်း​ခံရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်ဆဲ​တတ်​ကြ​၏။ နှုတ်​တစ်​ခု​ထဲမှ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ကျိန်ဆဲ​ခြင်း​တို့ ထွက်လာ​တတ်​သည်​တကား။ ငါ့​ညီအစ်ကို​တို့၊ ဤသို့​မ​ဖြစ်​သင့်​ပေ။ စမ်းရေ​ပေါက်​တစ်ခု​ထဲမှ ရေ​ချို​နှင့်​ရေ​ခါး ထွက်​လေ့​ရှိ​သလော။ ငါ့​ညီအစ်ကို​တို့၊ သဖန်းပင်​သည် သံလွင်​သီး​များ​ကို သီး​နိုင်​သလော။ စပျစ်​ပင်​သည် သဖန်းသီး​များ​ကို သီး​နိုင်​သလော။ ထို့အတူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်ပေါ်​စေ​နိုင်​ပေ။ သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။ သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။ ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။ အကြောင်းမူကား မနာလို​ခြင်း​နှင့်​တစ်ကိုယ်ကောင်းဆန်​ခြင်း​ရှိ​သော​နေရာ​တွင် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့် ဆိုးညစ်​သော​အမှု​အမျိုးမျိုး​တို့​ရှိ​တတ်​၏။ သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။ ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အသီး​၏​မျိုးစေ့​ကို ငြိမ်းချမ်း​စွာ​ကြဲ​တတ်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။