ဟေရှာယ 61:7
ဟေရှာယ 61:7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။
မျှဝေရန်
ဟေရှာယ 61 ကိုဖတ်ပါ။ဟေရှာယ 61:7 Judson Bible (JBMLE)
သင်တို့ အရှက်ကွဲခြင်းအရာ၌ နှစ်ဆသောအကျိုးကိုခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့အဖို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဖို့ကိုအမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်။
မျှဝေရန်
ဟေရှာယ 61 ကိုဖတ်ပါ။ဟေရှာယ 61:7 Common Language Bible (BCL)
သင်တို့၏အရှက်ကွဲအကျိုးနည်းမှုများသည် ဆုံးခန်းတိုင်ရောက်လေပြီ။ သင်တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင်ရလျက်၊ သင်တို့၏ပစ္စည်းဥစ္စာများသည်လည်းနှစ်ဆ တိုး၍လာလိမ့်မည်။ သင်တို့သည်ထာဝစဉ်ဝမ်းမြောက်ပျော်ရွှင် ရကြလိမ့်မည်။
မျှဝေရန်
ဟေရှာယ 61 ကိုဖတ်ပါ။