YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 61

61
ကယ်​နုတ်​မည့်​အ​ကြောင်း​သ​တင်း​ကောင်း
1ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊#မ၊ ၁၁:၅။ လု။ ၇:၂၂။ 2ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊#လု၊ ၄:၁၈-၁၉။ #မ၊ ၅:၄။ 3စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 4ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ သုတ်​သင်​ပယ်​ရှင်း​ရာ​တို့​ကို တည်​ဆောက်​ကြ​လိမ့်​မည်။ ဆိတ်​ညံ​သော​မြို့​ရာ၊ အ​စဉ်​အ​ဆက် စွန့်​ပစ်​ရာ​အ​ရပ်​တို့​ကို ပြု​စု​ကြ​လိမ့်​မည်။ 5တစ်​ပါး​အ​မျိုး​သား​တို့​သည် ရပ်​လျက်၊ သင်​တို့​သိုး​စု​များ​ကို ထိန်း​ကျောင်း​ကြ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​အ​ဖို့ လယ်​လုပ်၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း ပြု​စု​ကြ​လိမ့်​မည်။ 6သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။ 7သင်​တို့ အ​ရှက်​ကွဲ​ခြင်း​အ​ရာ၌ နှစ်​ဆ​သော​အ​ကျိုး​ကို​ခံ​ရ၍၊ အ​သ​ရေ​ပျက်​ခြင်း​အ​ရာ၌​လည်း၊ သူ​တို့​အ​ဖို့​ကို ခံ​စား​လျက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​မြေ၌ နှစ်​ဆ​သော​အ​ဖို့​ကို​အ​မွေ​ခံ​ရ၍၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ 8အ​ကြောင်း​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်၏။ လု​ယူ​ခြင်း​အ​မှု​နှင့် အ​ဓ​မ္မ​အ​မှု​ကို​မုန်း၏။ သ​စ္စာ​အ​တိုင်း သူ​တို့​အား အ​ကျိုး​ကို​ပေး​မည်။ သူ​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ဖွဲ့​မည်။ 9သူ​တို့​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်၌ ကျော်​စော​ကြ​လိမ့်​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏​ဟု သူ​တို့​ကို မြင်​သော​သူ​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ​လိမ့်​မည်။
10ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။#ဗျာ၊ ၂၁:၂။ 11မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 61: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။