YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 60

60
ဇိ​အုန်​မြို့၏​အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ
1သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။ 2ကြည့်​ရှု​လော့။ မှောင်​မိုက်​သည် မြေ​ကြီး​ကို ဖုံး​လွှမ်း​လိမ့်​မည်။ ထူ​ထပ်​သော​မှောင်​မိုက်​သည် လူ​များ​ကို ဖုံး​လွှမ်း​လိမ့်​မည်။ သို့​သော်​လည်း၊ သင်၏​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ပေါ်​ထွန်း​တော်​မူ၍၊ ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ထင်​ရှား​လျက်​ရှိ​လိမ့်​မည်။ 3တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။ 4အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ခပ်​သိမ်း​သော​သူ​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ သင်၏​သား​သ​မီး​တို့​သည် အ​ဝေး​က​လာ၍၊ သင်၏​အ​နား​မှာ မွေး​စား​ခြင်း​ကို ခံ​ကြ​လိမ့်​မည်။ 5ထို​အ​ခါ သင်​သည် ကြောက်​ရွံ့​ခြင်း​နှင့် ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။ နှ​လုံး​တုန်​လှုပ်၍ ဝမ်း​မြောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သ​မု​ဒ္ဒ​ရာ၏​ကြွယ်​ဝ​ခြင်း​သည် သင့်​ဘက်​သို့ ပြောင်း​လဲ၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​သည် သင့်​လက်​သို့​ရောက်​လိမ့်​မည်။ 6ကု​လား​အုတ်​များ​နှင့် မိ​ဒျန်​ပြည်၊ ဧ​ဖာ​ပြည်​မှ​ဖြစ်​သော ကု​လား​အုတ်​မျိုး​တို့​သည် သင့်​ကို နှံ့​ပြား​ကြ​လိမ့်​မည်။ ရှေ​ဘ​ပြည်​သား အ​ပေါင်း​တို့​သည် လာ​ကြ​လိမ့်​မည်။ ရွှေ​နှင့် လော​ဗန်​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​တို့​ကို ဝမ်း​မြောက်​စွာ ချီး​မွမ်း​ကြ​လိမ့်​မည်။ 7ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။ 8မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့​သို့​လည်း​ကောင်း ပျံ​လာ​သော ဤ​သူ​တို့​ကား၊ အ​ဘယ်​သူ ဖြစ်​ကြ​လိမ့်​မည်​နည်း။ 9အ​ကယ်​စင်​စစ် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘုန်း​ကို ပွင့်​စေ​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သင်၏​သား​တို့​နှင့်​တ​ကွ သူ​တို့​ရွှေ​ငွေ​များ​ကို အ​ဝေး​မှ​ဆောင်​ခဲ့​ခြင်း​ငှာ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​စောင့်​နေ၍၊ တာ​ရှု​သင်္ဘော​တို့​သည် အ​ဦး ပြု​ကြ​လိမ့်​မည်။ 10တစ်​ပါး​အ​မျိုး​တို့​သည် သင်၏​မြို့​ရိုး​ကို တည်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည်​လည်း သင့်​ကို ပြု​စု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​မျက်​ထွက်၍ သင့်​ကို​ဒဏ်​ခတ်​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် သ​နား​ဦး​မည်။ 11တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​ကို သင့်​ထံ​သို့​ဆောင်​ခဲ့၍၊ သူ​တို့၏ ရှင်​ဘု​ရင်​တို့​ကို​လည်း ပို့​သ​မည်​အ​ကြောင်း၊ သင်၏​တံ​ခါး​တို့​ကို နေ့​ည​မ​ပိတ်​ဘဲ အ​စဉ်​ဖွင့်​ထား​ရ​လိမ့်​မည်။#ဗျာ၊ ၂၁:၂၅-၂၆။ 12အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်​ငံ​သည် သင်၏​အ​မှု​ကို​မ​ဆောင်၊ ထို​ပြည်​နှင့် ထို​နိုင်​ငံ​သည် ပျက်​စီး​ရ​လိမ့်​မည်။ ထို​သို့​သော တိုင်း​နိုင်​ငံ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို အ​မှန်​ခံ​ရ​ကြ​လိမ့်​မည်။ 13ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​ကို တင့်​တယ်​စေ​ခြင်း​ငှာ၊ လေ​ဗ​နုန်​ဘုန်း​နှင့်​တ​ကွ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​တို့​သည် သင့်​ထံ​သို့ တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ကြ​လိမ့်​မည်။ ငါ​သည် ငါ၏​ခြေ​တင်​ရာ​အ​ရပ်​ကို ဘုန်း​ပွင့်​စေ​မည်။ 14သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။#ဗျာ၊ ၃:၉။
15သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွတ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။ 16သင်​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ နို့​ကို စို့​ရ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့၏​သား​မြတ်​ကို​လည်း စို့​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို ကယ်​တင်​သော​သူ၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​သည်၊ သင့်​ကို ရွေး​နုတ်​သော​သူ ဖြစ်​ကြောင်း​ကို သင်​သည် သိ​ရ​လိမ့်​မည်။ 17ကြေး​ဝါ​အ​ရာ၌ ရွှေ​ကို​လည်း​ကောင်း၊ သံ​အ​ရာ၌ ငွေ​ကို​လည်း​ကောင်း၊ သစ်​သား​အ​ရာ၌ ကြေး​ဝါ​ကို​လည်း​ကောင်း၊ ကျောက်​အ​ရာ၌ သံ​ကို​လည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အ​ရာ​ရှိ​တို့​ကို ငြိမ်​သက်​သော​သ​ဘော၊ အ​ခွန်​ခံ​တို့​ကို ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။ 18သင်၏​ပြည်၌ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။ သင်၏​နယ်​အ​တွင်း​တွင် လု​ယူ ဖျက်​ဆီး​ခြင်း​မ​ရှိ​ရ။ သင်၏​မြို့​ရိုး​ကို ကယ်​တင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ မြို့​တံ​ခါး​တို့​ကို ချီး​မွမ်း​ခြင်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ရ​လိမ့်​မည်။ 19နောက်​တစ်​ဖန် နေ့​အ​ချိန်၌ သင်၏​အ​လင်း​သည် နေ​ပေး​သော​အ​လင်း မ​ဟုတ်၊ ည​အ​ချိန်၌​လည်း၊ လ​အ​ရောင်​သည် သင့်​ကို မ​လင်း​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၏​ဘုန်း​အ​သ​ရေ ဖြစ်​တော်​မူ​လိမ့်​မည်။#ဗျာ၊ ၂၁:၂၃၊ ၂၂:၅။ 20နောက်​တစ်​ဖန် သင်၏​နေ​သည် မ​ဝင်​ရ။ သင်၏ လ​သည်​လည်း မ​ဆုတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း​ဖြစ်​တော်​မူ၍၊ စိတ်​မ​သာ​ညည်း​တွား​ရာ ကာ​လ​ကုန်​လေ​ပြီ။ 21သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။ 22သူ​ငယ်​တစ်​ယောက်​သည် လူ​တစ်​ထောင်​ဖြစ်​ရ​လိမ့်​မည်။ အား​နည်း​သော​သူ​တစ်​ယောက်​သည် အား​ကြီး​သော​လူ​မျိုး ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​ရောက်​လျှင် ထို​အ​မှု​ကို​နှိုး​ဆော်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 60: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။