YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 61:1-3

ဟေရှာယ 61:1-3 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ဟေရှာယ 61:1-3 Common Language Bible (BCL)

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​၍ ရန်​သူ​တို့​အား​ဖြို​ခွင်း​တော်​မူ​သည့်​အ​ချိန် ကျ​ရောက်​ပြီ​ဖြစ်​ကြောင်း​ကြေ​ညာ​ရန်​ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ဝမ်း​နည်း​ပူ​ဆွေး​သူ​အ​ပေါင်း​တို့​အား နှစ်​သိမ့်​မှု​ပေး​ရန်၊ ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။

ဟေရှာယ 61:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့်​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ထာဝရဘုရား​၏​မင်္ဂလာ​နှစ်ကာလ​နှင့် ငါ​တို့​ဘုရားသခင်​၏​လက်စားချေ​ရာ​နေ့​ကို ဟောပြော​ရန်​၊ ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​ကို နှစ်သိမ့်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​၏​။ ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။