ဟေရှာယ 61:1-2
ဟေရှာယ 61:1-2 Judson Bible (JBMLE)
ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊

ဟေရှာယ 61:1-2 Common Language Bible (BCL)
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊
ဟေရှာယ 61:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။