YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 61:1-11

ဟေရှာယ 61:1-11 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ သုတ်​သင်​ပယ်​ရှင်း​ရာ​တို့​ကို တည်​ဆောက်​ကြ​လိမ့်​မည်။ ဆိတ်​ညံ​သော​မြို့​ရာ၊ အ​စဉ်​အ​ဆက် စွန့်​ပစ်​ရာ​အ​ရပ်​တို့​ကို ပြု​စု​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ရပ်​လျက်၊ သင်​တို့​သိုး​စု​များ​ကို ထိန်း​ကျောင်း​ကြ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​အ​ဖို့ လယ်​လုပ်၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း ပြု​စု​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။ သင်​တို့ အ​ရှက်​ကွဲ​ခြင်း​အ​ရာ၌ နှစ်​ဆ​သော​အ​ကျိုး​ကို​ခံ​ရ၍၊ အ​သ​ရေ​ပျက်​ခြင်း​အ​ရာ၌​လည်း၊ သူ​တို့​အ​ဖို့​ကို ခံ​စား​လျက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​မြေ၌ နှစ်​ဆ​သော​အ​ဖို့​ကို​အ​မွေ​ခံ​ရ၍၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်၏။ လု​ယူ​ခြင်း​အ​မှု​နှင့် အ​ဓ​မ္မ​အ​မှု​ကို​မုန်း၏။ သ​စ္စာ​အ​တိုင်း သူ​တို့​အား အ​ကျိုး​ကို​ပေး​မည်။ သူ​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ဖွဲ့​မည်။ သူ​တို့​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်၌ ကျော်​စော​ကြ​လိမ့်​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏​ဟု သူ​တို့​ကို မြင်​သော​သူ​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။ မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

ဟေရှာယ 61:1-11 Common Language Bible (BCL)

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​၍ ရန်​သူ​တို့​အား​ဖြို​ခွင်း​တော်​မူ​သည့်​အ​ချိန် ကျ​ရောက်​ပြီ​ဖြစ်​ကြောင်း​ကြေ​ညာ​ရန်​ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ဝမ်း​နည်း​ပူ​ဆွေး​သူ​အ​ပေါင်း​တို့​အား နှစ်​သိမ့်​မှု​ပေး​ရန်၊ ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ ပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။ အို ငါ​၏​လူ​များ​တို့၊ လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ကို အ​စေ​ခံ​ကြ​လိမ့်​မည်။ သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက်​ကာ​သင်​တို့ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပြု​စု​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​များ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကြီး​များ​ဟု နာ​မည်​တွင်​လျက်၊ လူ​မျိုး​တ​ကာ​တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို ခံ​စား​ကာ၊ ယင်း​သို့​ခံ​စား​ရ​သည့်​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​ကြ​လိမ့်​မည်။ သင်​တို့​၏​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​သည် ဆုံး​ခန်း​တိုင်​ရောက်​လေ​ပြီ။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင်​ရ​လျက်၊ သင်​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​လည်း​နှစ်​ဆ တိုး​၍​လာ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ပျော်​ရွှင် ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​တ​ရား​မျှ​တ​မှု​ကို​နှစ်​သက်​မြတ်​နိုး​၍ လု​ယက်​မှု​နှင့်​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကို​မုန်း​၏။ ငါ​၏​လူ​မျိုး​တော်​အား​သစ္စာ​ရှိ​စွာ ဆု​လာဘ်​များ​ကို​ပေး​အပ်​မည်။ သူ​တို့​နှင့်​လည်း​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ငါ​ပြု​မည်။ သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​ထင်​ပေါ် ကျော်​ကြား​ကြ​လိမ့်​မည်။ သူ​တို့​ကား​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​စား​ရ​ကြ​သူ​များ​ဖြစ်​ကြောင်း သူ​တို့​ကို​မြင်​သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။ မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

ဟေရှာယ 61:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့်​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ထာဝရဘုရား​၏​မင်္ဂလာ​နှစ်ကာလ​နှင့် ငါ​တို့​ဘုရားသခင်​၏​လက်စားချေ​ရာ​နေ့​ကို ဟောပြော​ရန်​၊ ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​ကို နှစ်သိမ့်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​၏​။ ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။ သူ​တို့​သည် ရှေး​ပြိုပျက်​ရာ​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​လိမ့်မည်​။ ယခင်က လူသူကင်းမဲ့​သော​အရပ်​တို့​ကို ပြန်လည်ထူထောင်​ကြ​လိမ့်မည်​။ မျိုးဆက်အဆက်ဆက်​လူသူကင်းမဲ့​၍ ပြိုပျက်​နေ​သော​မြို့​တို့​ကို ပြုပြင်​ကြ​လိမ့်မည်​။ သူစိမ်း​တို့​သည် သင်​တို့​ကို ခစား​၍ သင်​တို့​သိုးစု​များ​ကို ထိန်းကျောင်း​ကြ​လိမ့်မည်​။ တိုင်းတစ်ပါးသား​တို့​သည် သင်​တို့​၏​လယ်လုပ်သား​များ​၊ စပျစ်ခြံလုပ်သား​များ​ဖြစ်​ကြ​လိမ့်မည်​။ သင်​တို့​ကို ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ဘုရားသခင်​၏​အမှု​တော်​ဆောင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ သင်​တို့​သည် လူမျိုးခြား​တို့​၏​ဥစ္စာပစ္စည်း​ကို စံစား​ရ​လိမ့်မည်​။ သူ​တို့​၏​ဂုဏ်သရေ​၌ ဝါကြွား​ကြ​လိမ့်မည်​။ အရှက်ကွဲ​ခြင်း​အစား ဝေစု​နှစ်ဆ​ပြန်​ရ​မည်​။ သူ​တို့​သည် အသရေပျက်​ခြင်း​အစား သူ​တို့​၏​ဝေစု​ကြောင့် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ သူ​တို့​၏​မြေ​၌ ဝေစု​နှစ်ဆ​ပိုင်ဆိုင်​၍ ထာဝရ​ဝမ်းမြောက်​ခြင်း​ရှိ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​၏​။ မတရား​လုယက်မှု​ကို မုန်းတီး​၏​။ ငါ​သည် သစ္စာတရား​နှင့်အညီ သူ​တို့​အား အကျိုးအပြစ်​ကို​ပေး​မည်​။ သူ​တို့​နှင့်​ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် လူမျိုးခြား​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​၏​သားမြေး​တို့​သည် လူမျိုးတကာ​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကောင်းချီး​ကို​ခံစား​ရ​သော​အမျိုးအနွယ်​ဟု အသိအမှတ်​ပြု​ကြ​လိမ့်မည်​။ ငါ​သည် ထာဝရဘုရား​၌ အလွန်​ဝမ်းမြောက်​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌ ရွှင်လန်း​မည်​။ အကြောင်းမူကား သတို့သား​သည် ခေါင်းပေါင်း​ပေါင်း​ထား​သကဲ့သို့​၊ သတို့သမီး​သည် ရတနာ​များ​ဖြင့် ကိုယ်​ကို​တန်ဆာဆင်​ထား​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ကယ်တင်​ခြင်း​အဝတ်တန်ဆာ​ဆင်ယင်​ပေး​၍ ဖြောင့်မတ်​ခြင်း​ဝတ်ရုံ​လွှမ်းခြုံ​စေ​တော်မူ​ပြီ​။ မြေကြီး​သည် အစို့အညှောက်​ကို​ထွက်​စေ​သကဲ့သို့​၊ ဥယျာဉ်​သည် ကြဲ​ထား​သော​မျိုးစေ့​ကို​ပေါက်​စေ​သကဲ့သို့ ဘုရားရှင်​ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဖြောင့်မတ်​ခြင်း​၊ ချီးမွမ်း​ခြင်း​ကို ပေါက်​စေ​တော်မူ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။