YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 60:1-3

ဟေရှာယ 60:1-3 Judson Bible (JBMLE)

သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။ ကြည့်​ရှု​လော့။ မှောင်​မိုက်​သည် မြေ​ကြီး​ကို ဖုံး​လွှမ်း​လိမ့်​မည်။ ထူ​ထပ်​သော​မှောင်​မိုက်​သည် လူ​များ​ကို ဖုံး​လွှမ်း​လိမ့်​မည်။ သို့​သော်​လည်း၊ သင်၏​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ပေါ်​ထွန်း​တော်​မူ၍၊ ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ထင်​ရှား​လျက်​ရှိ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။

ဟေရှာယ 60:1-3 Common Language Bible (BCL)

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။ အ​ခြား​အ​မျိုး​သား​တို့​နှင့်​ကမ္ဘာ​ပေါ်​တွင်​အ​မှောင် လွှမ်း​လျက်​နေ​မည်​ဖြစ်​သော်​လည်း၊ သင်​၏​အ​ပေါ်​၌​မူ​ထာ​ဝ​ရ​ဘု​ရား​၏​အ​လင်း​တော် ထွန်း​တောက်​လျက်​နေ​လိမ့်​မည်။ မျက်​နှာ​တော်​မှ​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​သို့​သက်​ရောက်​၍ တည်​နေ​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​သင်​၏ အ​လင်း​ရှိ​ရာ​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည်​သင်​၏​တက်​သစ်​စ နေ​အ​ရုဏ်​ရောင်​ခြည်​သို့​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်။

ဟေရှာယ 60:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထ​လော့​။ လင်း​လော့​။ သင်​၏​အလင်း​သည်​ရောက်လာ​ပြီ​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သင်​၌ ပေါ်ထွန်း​လေ​ပြီ​။ ကြည့်ရှု​လော့​။ မှောင်မိုက်​သည် မြေကြီး​ကို​လည်းကောင်း​၊ အမှောင်ထု​သည် လူ​တို့​ကို​လည်းကောင်း ဖုံးလွှမ်း​မည်​။ သို့သော်လည်း ထာဝရဘုရား​သည် သင့်​ထံ၌ ပေါ်ထွန်း​တော်မူ​မည်​။ ဘုန်းအသရေ​တော်​သည် သင်​၌​ထင်ရှား​မည်​။ လူမျိုးတကာ​တို့​သည် သင်​၏​အလင်း​သို့​လည်းကောင်း​၊ ရှင်ဘုရင်​တို့​သည် သင်​၌ ထွန်းလင်း​သော​ရောင်ခြည်​သို့​လည်းကောင်း လာ​ကြ​လိမ့်မည်​။