YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 57:15-16

ဟေရှာယ 57:15-16 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။ ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။

ဟေရှာယ 57:15-16 Common Language Bible (BCL)

``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။- ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။

ဟေရှာယ 57:15-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။ ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဝိညာဉ်​၊ ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဇီဝအသက်​တို့​သည် ငါ့​ရှေ့​မှာ မ​ညှိုးငယ်​စေရန် ငါ​သည် အစဉ်​အပြစ်တင်​မည်​မ​ဟုတ်​။ အစဉ်​အမျက်ထွက်​မည်​မ​ဟုတ်​။