YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 52:1-10

ဟေရှာယ 52:1-10 Judson Bible (JBMLE)

အို ဇိ​အုန်​မြို့၊ နိုး​လော့။ နိုး၍ ခွန်​အား​ကို ယူ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော၊ သန့်​ရှင်း​သော​မြို့၊ သင်၏​တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အ​ကြောင်း​မူ​ကား၊ နောက်​တစ်​ဖန် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် သင်၏​အ​ထဲ​သို့ မ​ဝင်​ရ​ကြ။ အို​ယေ​ရု​ရှ​လင်​မြို့၊ ကိုယ်၌​ကပ်​သော မြေ​မှုန့်​ကို​ခါ​လိုက်၍၊ မြင့်​သော​အ​ရပ်၌ ထိုင်​လော့။ အို ချုပ်​ထား​လျက်​ရှိ​သော ဇိ​အုန်​သ​တို့​သ​မီး၊ သင်၏​လည်​ကြိုး​ကို​ချွတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​ဖိုး​ငွေ​ကို​မ​ရ​ဘဲ ကျွန်​ခံ​ရ​သည်​ဖြစ်၍၊ ငွေ​မ​ပေး​ဘဲ ရွေး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​သည် အ​ထက်​က အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​အံ့​သော​ငှာ သွား​ကြ၏။ နောက်​မှ အာ​ရှု​ရိ​လူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ ညှဉ်း​ဆဲ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို အ​ကြောင်း​မ​ရှိ​ဘဲ ယူ​သွား၍၊ အ​စိုး​ရ​သော​သူ​တို့​သည် ဝါ​ကြွား​လျက် ငါ့​နာ​မ​ကို နေ့​တိုင်း​ကဲ့​ရဲ့​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သို့​ဖြစ်၍၊ ငါ၏​လူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ က​တိ​ထား​သော​သူ​ကား၊ ငါ​ဖြစ်​သည်​ကို အ​ချိန်​ရောက်​မှ သိ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ်​ငါ​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။ သင်၏​ကင်း​စောင့်​တို့၏​အ​သံ​ကို နား​ထောင်​ကြ​လော့။ သူ​တို့​သည် အ​သံ​ကို​လွှင့်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့် တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​သို့ ပြန်​လာ​တော်​မူ​ကြောင်း​ကို ကိုယ်​တိုင်​မြင်​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ပြို​ပျက်​ရာ​အ​ရပ်​တို့၊ တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​နုတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သန့်​ရှင်း​သော လက်​ရုံး​တော်​ကို ဖွင့်​ပြ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​ကြ​လ​တ္တံ့။

ဟေရှာယ 52:1-10 Common Language Bible (BCL)

ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။ အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။ တိုင်း​တစ်​ပါး​သား​တို့​သည် နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။ အို ယေ​ရု​ရှ​လင်​မြို့၊သင်​၏​ကိုယ်​ကို​ရုန်း​ခါ​၍ လွတ်​မြောက်​အောင်​ပြု​လော့။ မြေ​မှုန့်​ထဲ​မှ​ထ​၍​သင်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​လော့။ အို သုံ့​ပန်း​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​အား ချည်​နှောင်​ထား​သည့်​သံ​ကြိုး​များ​ကို​ဖြေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``သင် တို့​သည်​ငွေ​ဖြင့်​ရောင်း​ချ​မှု​ကို​မ​ခံ​ရ​သော်​လည်း ကျွန်​ဘဝ​သို့​ရောက်​ရှိ​သွား​ကြ​၏။ ထို့​ကြောင့်​သင် တို့​အား​ရွေး​နုတ်​ရာ​တွင်​လည်း​အ​ဖိုး​ငွေ​ပေး​ရ လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​အ​ခ​မဲ့​လွတ်​လပ် ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က အ​ခါ​တစ်​ပါး က​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင် လူ​မျိုး​ခြား များ​အ​ဖြစ်​ဖြင့်​နေ​ထိုင်​ခဲ့​ရကြ​၏။ ထို​နောက် အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​သင်​တို့​အား အ​ကြောင်း​မဲ့​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။- သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သခင်​ဖြစ်​တော်​မူ ကြောင်း၊ ငါ​၏​လူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို သိ​၍ သင်​တို့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သူ မှာ ငါ​ဖြစ်​ကြောင်း​နောင်​အ​ခါ​၌​သင်​တို့​သိ မှတ်​လာ​ကြ​လိမ့်​မည်။ ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦး တောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။ မြို့​စောင့်​တပ်​သား​များ​သည်​အ​သံ​ကျယ်​စွာ​နှင့် အား​ရ​ရွှင်​လန်း​စွာ​တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​လျက်​နေ​ကြ​၏။ ဇိ​အုန်​မြို့​သို့​ထာ​ဝ​ရ​ဘု​ရား​ပြန်​လည် ကြွ​လာ​တော်​မူ​မည်​ကို၊သူ​တို့​ကိုယ်​တိုင်​ပင် တွေ့​မြင်​နိုင်​ကြ​လေ​သည်။ အ​ချင်း​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့် ယေ​ရု​ရှ​လင်​အ​ဆောက်​အ​ဦ​တို့၊အား​ရ​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တော်​ကို ကယ်​တင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် လက်​တော်​အား​ဖြင့်၊နိုင်​ငံ​အ​သီး​သီး​၏​ရှေ့​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကို​ကယ်​တင်​တော်​မူ​ပြီ​ဖြစ်​၍၊ ထို​အ​ချင်း​အ​ရာ​ကို​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင် တွေ့​မြင်​ရ​ကြ​လေ​ပြီ။

ဟေရှာယ 52:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဇိအုန်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ သင့်​ခွန်အား​ကို ဝတ်ဆင်​လော့​။ အို သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​၊ သင်​၏​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​လော့​။ အကြောင်းမူကား အရေဖျားမလှီး​သော​သူ​၊ ညစ်ညူး​သော​သူ​တို့​သည် သင့်​အထဲ​သို့ နောက်တစ်ဖန်​ဝင်​ရ​ကြ​မည်​မ​ဟုတ်​။ အို ဂျေရုဆလင်​မြို့​၊ မြေမှုန့်​ကို​ခါချ​၍ ထ​လော့​။ အို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဇိအုန်​သမီးပျို​၊ သင့်​လည်ပင်း​မှ​ကြိုး​ကို​ဖြေ​လော့​။ ထာဝရဘုရား​က “​သင်​တို့​သည် အဖိုးမဲ့​ရောင်းစား​ခံရ​သည်​ဖြစ်၍ ငွေ​မ​ပေး​ရ​ဘဲ ရွေးနုတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​က “​ငါ​၏​လူမျိုး​တော်​သည် ယခင်က အီဂျစ်​ပြည်​တွင်​နေထိုင်​ရန် ဆင်းသွား​ကြ​၏​။ အဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ကို အကြောင်းမဲ့ နှိပ်စက်​ကြ​၏​။ ယခု ငါ​ဘာ​ပြု​ရ​မည်နည်း​။ ငါ့​လူမျိုး​တော်​ကို အကြောင်းမဲ့ ခေါ်ဆောင်​သွား​ကြ​ပြီ​။ သူ​တို့​ကို​အုပ်စိုး​သော​သူ​တို့​သည် ဟစ်ကြွေး​ကြ​၏​။ ငါ့​နာမ​ကို တစ်နေ့လုံး မထီလေးစား​ပြု​ကြ​၏​။ ငါ​၏​လူမျိုး​တော်​သည် ငါ့​နာမ​ကို​သိ​ကြ​ရ​မည်​။ ‘​ကြည့်ရှု​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သော​သူ​သည် ငါ​ပင်​ဖြစ်ကြောင်း​ကို ထို​နေ့ရက်​၌ သိ​ကြ​ရ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ငြိမ်းချမ်း​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ကယ်တင်​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ “​သင်​၏​ဘုရားသခင်​သည် စိုးစံ​တော်မူ​၏​”​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ​၏​ခြေ​သည် တောင်​ပေါ်တွင် အလွန်​တင့်တယ်​စွ​ပါ​တကား​။ သင်​၏​ကင်းစောင့်​တို့​အသံ​ပါတကား​။ သူ​တို့​သည် အသံ​လွှင့်​၍ အတူတကွ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဇိအုန်​မြို့​သို့​ထာဝရဘုရား​ပြန်လာ​တော်မူ​သည်​ကို မျက်ဝါးထင်ထင် မြင်​ကြ​ရ​သောကြောင့်​တည်း​။ ဂျေရုဆလင်​မြို့​၏​ပြိုပျက်​ရာ​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ဟစ်ကြော်​ကြ​လော့​။ အတူတကွ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို​နှစ်သိမ့်​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​ကို ရွေးနုတ်​တော်မူ​ပြီ​။ ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။