YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 52

52
ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တင်​မည်
1အို ဇိ​အုန်​မြို့၊ နိုး​လော့။ နိုး၍ ခွန်​အား​ကို ယူ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော၊ သန့်​ရှင်း​သော​မြို့၊ သင်၏​တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အ​ကြောင်း​မူ​ကား၊ နောက်​တစ်​ဖန် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် သင်၏​အ​ထဲ​သို့ မ​ဝင်​ရ​ကြ။#ဗျာ၊ ၂၁:၂၊ ၂၇။ 2အို​ယေ​ရု​ရှ​လင်​မြို့၊ ကိုယ်၌​ကပ်​သော မြေ​မှုန့်​ကို​ခါ​လိုက်၍၊ မြင့်​သော​အ​ရပ်၌ ထိုင်​လော့။ အို ချုပ်​ထား​လျက်​ရှိ​သော ဇိ​အုန်​သ​တို့​သ​မီး၊ သင်၏​လည်​ကြိုး​ကို​ချွတ်​လော့။ 3ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​ဖိုး​ငွေ​ကို​မ​ရ​ဘဲ ကျွန်​ခံ​ရ​သည်​ဖြစ်၍၊ ငွေ​မ​ပေး​ဘဲ ရွေး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 4အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​သည် အ​ထက်​က အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​အံ့​သော​ငှာ သွား​ကြ၏။ နောက်​မှ အာ​ရှု​ရိ​လူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ ညှဉ်း​ဆဲ​ကြ၏။ 5ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို အ​ကြောင်း​မ​ရှိ​ဘဲ ယူ​သွား၍၊ အ​စိုး​ရ​သော​သူ​တို့​သည် ဝါ​ကြွား​လျက် ငါ့​နာ​မ​ကို နေ့​တိုင်း​ကဲ့​ရဲ့​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။#ရော၊ ၂:၂၄။ 6သို့​ဖြစ်၍၊ ငါ၏​လူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ က​တိ​ထား​သော​သူ​ကား၊ ငါ​ဖြစ်​သည်​ကို အ​ချိန်​ရောက်​မှ သိ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ်​ငါ​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
7ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။#နာ၊ ၁:၁၅။ ရော၊ ၁၀:၁၅။ ဧ၊ ၆:၁၅။ 8သင်၏​ကင်း​စောင့်​တို့၏​အ​သံ​ကို နား​ထောင်​ကြ​လော့။ သူ​တို့​သည် အ​သံ​ကို​လွှင့်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့် တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​သို့ ပြန်​လာ​တော်​မူ​ကြောင်း​ကို ကိုယ်​တိုင်​မြင်​ရ​ကြ၏။ 9ယေ​ရု​ရှ​လင်​မြို့၌ ပြို​ပျက်​ရာ​အ​ရပ်​တို့၊ တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​နုတ်​တော်​မူ​ပြီ။ 10ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သန့်​ရှင်း​သော လက်​ရုံး​တော်​ကို ဖွင့်​ပြ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​ကြ​လ​တ္တံ့။
11ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။#၂​ကော၊ ၆:၁၇။ 12သင်​တို့​သည် အ​လျင်​အ​မြန် မ​ထွက်​ရ​ကြ။ ပြေး၍ မ​သွား​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့၌ ကြွ​တော်​မူ​မည်။ နောက်၌​လည်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​မည်။
ဆင်း​ရဲ​ဒု​က္ခ​ရောက်​သောအ​စေ​ခံ
13ကြည့်​ရှု​လော့။ ငါ့​ကျွန်​သည် အ​မှု​ဆောင်၍ အောင်​လိမ့်​မည်။ ချီး​မြှောက်​ချီး​မြှင့်​ခြင်း​သို့ ရောက်၍၊ အထွတ်​အ​မြတ် ဖြစ်​လိမ့်​မည်။ 14သူ​သည် လူ​မ​ဟုတ်​သ​ကဲ့​သို့ မျက်​နှာ​ပျက်​ခြင်း၊ လူ​သား​မ​ဟုတ်​သ​ကဲ့​သို့ အ​ဆင်း​အ​သ​ရေ​ပျက်​ခြင်း ရှိ​သည်​ကို၊ အ​များ​သော​သူ​တို့​သည် အံ့​ဩ​မိန်း​မော​ကြ​သည်​ဖြစ်၍၊ 15ထို​အ​တူ သူ​သည် အ​များ​သော​လူ​မျိုး​တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှေ့​တော်၌ ရှင်​ဘု​ရင်​တို့​သည် မိ​မိ​တို့​နှုတ်​ကို​ပိတ်၍ နေ​ရ​ကြ​လိမ့်​မည်။ သူ​တစ်​ပါး မ​ပြ​ဖူး​သော​အ​ရာ​ကို သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​အ​ရာ​ကို​လည်း နား​လည်​ကြ​လိမ့်​မည်။#ရော၊ ၁၅:၂၁။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 52: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။