YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 50:7-10

ဟေရှာယ 50:7-10 Judson Bible (JBMLE)

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်၊ ငါ​မ​ရှုံး​ရ​သည်​ဖြစ်၍၊ ကိုယ်​မျက်​နှာ​ကို မီး​ကျောက်​ကဲ့​သို့​ထား​လျက်၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ဟု ငါ​သိ၏။ ငါ့​ကို အ​ပြစ်​လွှတ်​သော​သူ​သည် အ​နီး​မှာ​ရှိ၏။ အ​ဘယ်​သူ​သည် ငါ​နှင့် တ​ရား​တွေ့​မည်​နည်း။ ပြိုင်၍ နေ​ကြ​ကုန်​အံ့။ အ​ဘယ်​သူ​သည် ငါ​နှင့် ရန်​ဘက်​ပြု​မည်​နည်း။ ထို​သူ​သည် ချဉ်း​ကပ်​စေ။ ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​မည်။ အ​ဘယ်​သူ​သည် ငါ့​ကို တ​ရား​ရှုံး​စေ​မည်​နည်း။ ထို​သို့​သော သူ​အ​ပေါင်း​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပိုး​ကိုက်​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သ​နည်း။ ထို​သူ​သည် ကိုယ်​တော်​ကျွန်၏​စ​ကား​သံ​ကို နား​ထောင်​ပါ​စေ။ အ​ဘယ်​သူ​သည် အ​လင်း​မ​ရှိ​ဘဲ မှောင်​မိုက်၌ သွား​လာ​သ​နည်း။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ခို​လှုံ၍၊ မိ​မိ​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​ပါ​စေ။

ဟေရှာယ 50:7-10 Common Language Bible (BCL)

သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ကူ​မ​တော်​မူ​သည်​ဖြစ်​၍၊ ထို​သူ​တို့​၏​စော်​ကား​မှု​များ​သည်​ငါ့​ကို ဘေး​အန္တ​ရာယ်​မ​ဖြစ်​စေ​နိုင်။ ထို​အ​ရာ​တို့​ကို​ခံ​နိုင်​ရန်​ငါ​သည်​အား​တင်း​၍ ထား​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​နီး​တွင်​ရှိ​တော်​မူ​၍၊ ငါ​၌​အ​ပြစ်​မဲ့​ပုံ​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား ပြ​တော်​မူ​မည်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​အ​သ​ရေ​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ကို သိ​ပါ​၏။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​ရဲ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ရုံး​တော်​သို့​သွား​ကြ​ကုန်​အံ့။ ထို​သူ​သည်​မိ​မိ​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ပါ​စေ။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပင် ငါ​၏​ဘက်​မှ​ခု​ခံ​လျှောက်​လဲ​တော်​မူ​မည်​ဖြစ်​၍ ငါ​၌​အပြစ်​ရှိ​ကြောင်း၊အ​ဘယ်​သူ​သည်​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ပါ​မည်​နည်း။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​သူ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ်​ကဲ့​သို့ ပျောက်​ပျက်​သွား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​၍၊ ကိုယ်​တော်​အ​စေ​ခံ​၏​စ​ကား​ကို​နား​ထောင်​သူ အ​ပေါင်း​တို့၊ သင်​တို့​လျှောက်​ရ​သည့်​လမ်း​သည်​မှောင်​လျက် နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​မှီ​ခို​အား​ကိုး​ကြ​လော့။

ဟေရှာယ 50:7-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သောကြောင့် ငါ​သည် အသရေ​မ​ပျက်​ရ​။ ကိုယ့်​မျက်နှာ​ကို မီးခတ်ကျောက်​ကဲ့သို့​ထား​၏​။ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။ ငါ့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​သော​သူ​သည် အနီး​တွင်​ရှိ​၏​။ မည်သူ​သည် ငါ့​ကို ဆန့်ကျင်ဘက်​ပြု​မည်နည်း​။ ငါ​တို့ အတူတကွ မတ်တတ်ရပ်​ကြ​မည်​။ မည်သူ​သည် ငါ​နှင့်​တရားဆိုင်​မည်နည်း​။ သူ​သည် ငါ့​ထံသို့​လာ​ပါစေ​။ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​၏​။ ငါ​အပြစ်ရှိ​သည်​ဟု မည်သူ​စီရင်​မည်နည်း​။ စီရင်​သော​သူ​အပေါင်း​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်​။ သူ​တို့​ကို ပိုး​ကိုက်စား​လိမ့်မည်​။ သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။