YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 38:1-6

ဟေရှာယ 38:1-6 Judson Bible (JBMLE)

ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။ ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော စိတ်​နှ​လုံး​နှင့်​ကျင့်၍၊ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဟေ​ရှာ​ယ​သို့​ရောက်၍၊ သင်​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏ ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏ မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍ ပေး​မည်။ သင်​နှင့် ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ဤ​မြို့​ကို ငါ​ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။

ဟေရှာယ 38:1-6 Common Language Bible (BCL)

ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင် ဟေ​ဇ​ကိ​မင်း သည်​သေ​လု​မ​တတ်​ဖျား​နာ​၍​လာ​၏။ အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​မင်း​ကြီး အား​လာ​ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည် ပြန်​လည်​ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ ဖြင့် အ​ရှင်​နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့ ကို​မှာ​ကြား​ခဲ့​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​နတ်​ရွာ​စံ​ရန်​အ​သင့်​ပြင် ပါ​လော့'' ဟု​ဆို​၏။ ဟေ​ဇ​ကိ​သည်​နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့် လျက်၊- ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့် ကိုး​ကွယ်​ဝတ်​ပြု​လျက် ကိုယ်​တော်​ပြု​စေ​လို သည့်​အ​တိုင်း​ကြိုး​စား​ပြု​ကျင့်​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​တော်​မူ​၏။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ အား၊- ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။- ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု​ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက်​မှ​ကယ်​ဆယ်​မည်။ ဤ​မြို့​ကို​ဆက်​လက်​၍​ကာ​ကွယ်​စောင့်​ရှောက် မည်​ဟု​ဟေ​ဇ​ကိ​မင်း​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

ဟေရှာယ 38:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ကာလ​၌ ဟေဇကိ​မင်းကြီး​သည် သေလုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​သည် သူ့​ထံသို့​လာ​၍ “​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည်​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ဟေဇကိ​မင်းကြီး​သည် နံရံ​ဘက်​သို့ မျက်နှာ​လှည့်​၍ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး အော်ဟစ်ငိုကြွေး​လေ​၏​။ တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟေရှာယ​ထံသို့​ရောက်လာ​သည်​မှာ “​သင်​သည် ဟေဇကိ​မင်းကြီး​ထံသို့​သွား​၍ သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင်​၏​ဆုတောင်း​သံ​ကို ငါ​ကြား​ပြီ​။ သင်​၏​မျက်ရည်​ကို​လည်း ငါ​မြင်​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။ သင်​နှင့်​ဤ​မြို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ငါ​ကယ်တင်​မည်​။ ဤ​မြို့​ကို ငါ​ကာကွယ်​မည်​။