YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 38:1-6

ဟေရှာယအနာဂတ္တိကျမ်း 38:1-6 MSBU

ထို​ကာလ​၌ ဟေဇကိ​မင်းကြီး​သည် သေလုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​သည် သူ့​ထံသို့​လာ​၍ “​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည်​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ဟေဇကိ​မင်းကြီး​သည် နံရံ​ဘက်​သို့ မျက်နှာ​လှည့်​၍ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး အော်ဟစ်ငိုကြွေး​လေ​၏​။ တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟေရှာယ​ထံသို့​ရောက်လာ​သည်​မှာ “​သင်​သည် ဟေဇကိ​မင်းကြီး​ထံသို့​သွား​၍ သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင်​၏​ဆုတောင်း​သံ​ကို ငါ​ကြား​ပြီ​။ သင်​၏​မျက်ရည်​ကို​လည်း ငါ​မြင်​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။ သင်​နှင့်​ဤ​မြို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ငါ​ကယ်တင်​မည်​။ ဤ​မြို့​ကို ငါ​ကာကွယ်​မည်​။