YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 25:7-9

ဟေရှာယ 25:7-9 Judson Bible (JBMLE)

လူ​ခပ်​သိမ်း​တို့​ကို ဖုံး​သော မျက်​နှာ​ဖုံး​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​ကို​ဖုံး​လွှမ်း​သော တင်း​တိမ်​ကို​လည်း​ကောင်း၊ ဤ​တောင်​ပေါ်​မှာ ပယ်​တော်​မူ​လိမ့်​မည်။ သေ​ခြင်း​ကို​လည်း နစ်​မွန်း​ဆုံး​ရှုံး​စေ​တော်​မူ​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ခပ်​သိမ်း​သော မျက်​နှာ​တို့​မှ မျက်​ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​လူ​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို​လည်း၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ပယ်​ရှင်း​တော်​မူ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ထို​ကာ​လ၌ ကြည့်​ရှု​လော့။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော၊ ငါ​တို့၏​ဘု​ရား​သ​ခင်​တည်း။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော ထာ​ဝ​ရ​ဘု​ရား​တည်း။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကြောင့်၊ ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။

ဟေရှာယ 25:7-9 Common Language Bible (BCL)

ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​သေ​ခြင်း​တ​ရား​ကို​ထာ​ဝ စဉ်​ချေ​မှုန်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း တို့​၏​မျက်​နှာ​မှ​မျက်​ရည်​များ​ကို​သုတ်​တော်​မူ ၍​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကြုံ တွေ့​ရ​သည့်​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​ကို လည်း​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​သော​စ​ကား ပင်​ဖြစ်​၏။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

ဟေရှာယ 25:7-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် လူ​အားလုံး​တို့​ကို ဖုံးအုပ်​သော​အဝတ်စ​၊ တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် လွှမ်း​ထား​သော​ခြုံထည်​တို့​ကို ဤ​တောင်​ပေါ်တွင် ဖျက်ဆီး​တော်မူ​မည်​။ သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ ထို​နေ့ရက်​၌ လူ​တို့​က “​ကြည့်ရှု​လော့​။ ဤ​အရှင်​ကား ငါ​တို့​၏​ဘုရားသခင်​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​၍ ကိုယ်တော်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၏​။ ဤ​အရှင်​ကား ငါ​တို့​စောင့်မျှော်​သော ထာဝရဘုရား​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် ရွှင်လန်း​ဝမ်းမြောက်​ကြ​ကုန်​စို့​”​ဟု ဆို​ကြ​လိမ့်မည်​။