YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 25:7-9

ဟေရှာယအနာဂတ္တိကျမ်း 25:7-9 MSBU

ကိုယ်တော်​သည် လူ​အားလုံး​တို့​ကို ဖုံးအုပ်​သော​အဝတ်စ​၊ တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် လွှမ်း​ထား​သော​ခြုံထည်​တို့​ကို ဤ​တောင်​ပေါ်တွင် ဖျက်ဆီး​တော်မူ​မည်​။ သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ ထို​နေ့ရက်​၌ လူ​တို့​က “​ကြည့်ရှု​လော့​။ ဤ​အရှင်​ကား ငါ​တို့​၏​ဘုရားသခင်​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​၍ ကိုယ်တော်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၏​။ ဤ​အရှင်​ကား ငါ​တို့​စောင့်မျှော်​သော ထာဝရဘုရား​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် ရွှင်လန်း​ဝမ်းမြောက်​ကြ​ကုန်​စို့​”​ဟု ဆို​ကြ​လိမ့်မည်​။