YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 1:12-18

ဟေရှာယ 1:12-18 Judson Bible (JBMLE)

သင်​တို့​သည် ငါ​ရှေ့​မှာ မျက်​နှာ​ပြ​ခြင်း​ငှာ​လာ​ကြ​သော​အ​ခါ၊ ငါ့​တံ​တိုင်း​တော်​ကို ကျော်​နင်း​သော​သင်​တို့​၌ ထို​သို့​သော​ဝတ်​ကို အ​ဘယ်​သူ​တောင်း​သ​နည်း။ အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။ ငါ့​ဝိ​ညာဉ်​သည် သင်​တို့​လ​ဆန်း​နေ့​များ​နှင့်၊ သင်​တို့​ပွဲ​များ​ကို​မုန်း​၏။ ငါ့​ကို​နှောင့်​ယှက်​စ​ရာ​ဖြစ်​၏။ သည်း​ခံ​ခြင်း​အား​ဖြင့် ငါ​ပင်​ပန်း​၏။ သင်​တို့​သည်​လက်​ဝါး​တို့​ကို ဖြန့်​ကြ​သော​အ​ခါ၊ ငါ​သည်​မျက်​စိ​ကို​လွှဲ​မည်။ များ​စွာ​သော​ပ​တ္ထ​နာ​ကို​ပြု​ကြ​သော​အ​ခါ၊ ငါ​သည်​နား​မ​ထောင်။ သင်​တို့​လက်​တို့​သည် အ​သွေး​နှင့် ပြည့်​ကြ​၏။ ကိုယ်​ကိုကိုယ် ဆေး​ကြော​ကြ​လော့။ ကိုယ်​ကိုကိုယ် စင်​ကြယ်​စေ​ကြ​လော့။ သင်​တို့​ဒု​စ​ရိုက်​များ​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​ကြ​လော့။ မ​ကောင်း​သော​အ​ကျင့်​ကို ဖြတ်​ကြ​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

ဟေရှာယ 1:12-18 Common Language Bible (BCL)

သင်​တို့​ငါ့​ထံ​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​အ​ခါ ထို​အ​ရာ​များ​ကို​ယူ​ဆောင်​လာ​ရ​ကြ​မည်​ဟု​သင်​တို့​အား​အ​ဘယ်​သူ​စေ​ခိုင်း​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သင်​တို့​အား​ငါ​၏​ဗိ​မာန်​တော်​တွင် ဤ​သို့​ရှုပ်​ယှက်​ခတ်​သွား​လာ​စေ​ပါ​သ​နည်း။- သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။- သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ​နှင့်​မြင့်​မြတ်​သန့်​ရှင်း​သော​နေ့​များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​သ​ဘင်​များ​သည်​ငါ​မ​ထမ်း​လို​တော့​သည့်​ဝန်​ထုပ်​ဖြစ်​ပေ​သည်။ ``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။- သင်​တို့​၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​အောင်​ပြု​ကြ​လော့။ ငါ့​ရှေ့​တော်​တွင်​သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​တို့​ကို​ရပ်​စဲ​ကြ​လော့။ ဒု​စ​ရိုက်​ပြု​မှု​ကို​ရပ်​စဲ​ကာ၊- သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။

ဟေရှာယ 1:12-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ငါ့​ထံ၌ မျက်နှာလာပြ​ကြ​သောအခါ ငါ့​အိမ်​တော်​ဝင်း​ကို နင်းချေ​၍ ထိုသို့သော​ယဇ်​ကို​ပူဇော်​ရန် မည်သူ​တောင်းဆို​သနည်း​။ အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။ ငါ့​ဝိညာဉ်​သည် သင်​တို့​ကျင်းပ​သော လဆန်းနေ့ပွဲ​များ​၊ သတ်မှတ်​ထား​သော​ပွဲ​များ​ကို မုန်း​၏​။ ငါ့​အတွက် ဝန်ထုပ်ဝန်ပိုး​ကဲ့သို့​ဖြစ်​၏​။ ငါ​ထမ်း​ထား​ရ​သည်​မှာ ပင်ပန်း​လှ​၏​။ သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်​အောင်​ဆေးကြော​ကြ​လော့​။ သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​တို့​ကို ငါ့​မျက်မှောက်​မှ ဖယ်ရှား​ကြ​လော့​။ ဆိုးညစ်​သော​အမှု​ပြု​ခြင်း​ကို ရပ်တန့်​ကြ​လော့​။ ကောင်း​သော​အမှု​ကို​ပြု​ရန် သင်ယူ​ကြ​လော့​။ တရားမျှတမှု​ကို ရှာ​ကြ​လော့​။ အဖိနှိပ်​ခံရ​သူ​ကို ကူမ​ကြ​လော့​။ ဖတဆိုး​ဘက်​မှ တရားသဖြင့်စီရင်​ကြ​လော့​။ မုဆိုးမ​ဘက်​မှ ရင်ဆိုင်ဖြေရှင်း​ပေး​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။