YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 1:12-18

ဟေရှာယအနာဂတ္တိကျမ်း 1:12-18 MSBU

သင်​တို့​သည် ငါ့​ထံ၌ မျက်နှာလာပြ​ကြ​သောအခါ ငါ့​အိမ်​တော်​ဝင်း​ကို နင်းချေ​၍ ထိုသို့သော​ယဇ်​ကို​ပူဇော်​ရန် မည်သူ​တောင်းဆို​သနည်း​။ အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။ ငါ့​ဝိညာဉ်​သည် သင်​တို့​ကျင်းပ​သော လဆန်းနေ့ပွဲ​များ​၊ သတ်မှတ်​ထား​သော​ပွဲ​များ​ကို မုန်း​၏​။ ငါ့​အတွက် ဝန်ထုပ်ဝန်ပိုး​ကဲ့သို့​ဖြစ်​၏​။ ငါ​ထမ်း​ထား​ရ​သည်​မှာ ပင်ပန်း​လှ​၏​။ သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်​အောင်​ဆေးကြော​ကြ​လော့​။ သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​တို့​ကို ငါ့​မျက်မှောက်​မှ ဖယ်ရှား​ကြ​လော့​။ ဆိုးညစ်​သော​အမှု​ပြု​ခြင်း​ကို ရပ်တန့်​ကြ​လော့​။ ကောင်း​သော​အမှု​ကို​ပြု​ရန် သင်ယူ​ကြ​လော့​။ တရားမျှတမှု​ကို ရှာ​ကြ​လော့​။ အဖိနှိပ်​ခံရ​သူ​ကို ကူမ​ကြ​လော့​။ ဖတဆိုး​ဘက်​မှ တရားသဖြင့်စီရင်​ကြ​လော့​။ မုဆိုးမ​ဘက်​မှ ရင်ဆိုင်ဖြေရှင်း​ပေး​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။