ဟောရှေ 2:14-23
ဟောရှေ 2:14-23 Judson Bible (JBMLE)
သို့ရာတွင်၊ သူ့ကို တစ်ဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။ တောတစ်ဖက်၌ စပျစ်ဥယျာဉ်တို့ကိုလည်းကောင်း၊ အာခေါ်ချိုင့်၌ မျှော်လင့်ရာတံခါးကိုလည်းကောင်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတစ်ဖက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ်ရမည်။ အခြားတစ်ပါးသော သခင်တို့၏ဘွဲ့နာမများကို သူ၏နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက်တစ်ဖန် မမှတ်မိမမြွက်ဆိုရ။ ထိုကာလ၌ ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့၍၊ လေး၊ ဓား၊ စစ်တိုက်လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။ ငါသည် ကိုယ်အဖို့ သင့်ကို အစဉ်အမြဲသိမ်းယူမည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ်သနားစုံမက်ခြင်းနှင့် အညီ ကိုယ်အဖို့ သင့်ကိုသိမ်းယူမည်။ သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုးကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။ မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့၏စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလစကားကို နားထောင်ကြလိမ့်မည်။ ထိုသတို့သမီးကို မျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဖို့ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။
ဟောရှေ 2:14-23 Common Language Bible (BCL)
သို့ဖြစ်၍ငါသည်သူ့ကိုတောကန္တာရသို့တစ် ဖန်ခေါ်ဆောင်၍ ထိုနေရာ၌ငါ့ထံသို့ပြန် လာရန်မေတ္တာစကားဖြင့်ဆွဲဆောင်မည်။- သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။- ထိုအခါသူသည်ငါ့အားဗာလဟုမခေါ် တော့ဘဲခင်ပွန်းဟုတစ်ဖန်ခေါ်လိမ့်မည်။- သူသည်ဗာလဟူသောအမည်ကိုသူ၏နှုတ် မှဖယ်ရှားမည်၊ နောက်တစ်ဖန်မခေါ်စေရ။- ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။ ဣသရေလ၊ငါသည်သင့်အားဇနီးအဖြစ် သိမ်းပိုက်မည်။ သင့်အပေါ်၌ငါ၏သစ္စာခိုင်မြဲမည်။ သင့်အားမေတ္တာကရုဏာထား၍တရားဝင် ဇနီးအဖြစ်ရာသက်ပန်သိမ်းပိုက်မည်။ ငါ၏ကတိသစ္စာနှင့်အညီသင့်ကိုငါသိမ်း ပိုက်မည်။ သင်သည်ငါ့ကိုထာဝရဘုရားအဖြစ် အသိအမှတ်ပြုလိမ့်မည်။ ထိုအခါ၌ငါ၏လူမျိုးတော် ဣသရေလအမျိုးသားတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ငါသည်မြေကြီးပေါ်တွင်မိုးကိုရွာစေသဖြင့် မြေကြီးမှစပါး၊ စပျစ်သီးနှင့်သံလွင်သီး များ သီးလိမ့်မည်။ ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။ ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။ ``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍ သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။
ဟောရှေ 2:14-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ထာဝရဘုရားက “ယခုမူ သူ့ကိုငါဖျောင်းဖျမည်၊ တောကန္တာရသို့ ခေါ်သွားမည်၊ သူ့အား မေတ္တာဖြင့် ပြောဆိုမည်။ ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက “ထိုနေ့တွင် သင်သည် ငါ့ကို ‘သခင်’ဟု မခေါ်တော့ဘဲ ‘ခင်ပွန်း’ဟု ခေါ်လိမ့်မည်။ ဗာလဘုရား၏အမည်နာမတို့ကို သူ့နှုတ်မှ ငါဖယ်ရှားပစ်မည်။ ထိုနာမည်တို့ကို သတိရတော့မည်မဟုတ်။ ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။ သင့်ကို ထာဝရဇနီးဖြစ်စေမည်။ သင့်ကို ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သနားစုံမက်ခြင်းဖြင့် လက်ထပ်ယူမည်။ သင့်ကိုသစ္စာရှိရှိ လက်ထပ်ယူမည်။ သင်သည်လည်း ထာဝရဘုရားကို သိကျွမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါထူးတော်မူမည်။ ငါသည် မိုးကောင်းကင်ကို ထူးတော်မူမည်။ မိုးကောင်းကင်လည်း မြေကြီးကို ထူးလိမ့်မည်။ မြေကြီးသည် ဆန်စပါး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို ထူးလိမ့်မည်။ ထိုအရာတို့သည်လည်း ယေဇရေလကို ထူးလိမ့်မည်။ သူ့ကို မြေပေါ်တွင် ကြဲမည်။ ကရုဏာမခံစားရသူကို ကရုဏာပြမည်။ ငါ့လူမဟုတ်သောသူကို ‘သင်သည် ငါ့လူဖြစ်သည်’ဟု ပြောမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်သည်’ဟူ၍ ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။