YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 9:11-15

ဟေဗြဲ 9:11-15 Judson Bible (JBMLE)

ယ​ခု​မှာ လူ​လက်​ဖြင့်​မ​လုပ်၊ ဤ​လော​က​ဓာတ်​နှင့် မ​စပ်​ဆိုင်၊ သာ၍​ကြီး​မြတ်​စုံ​လင်​သော တဲ​တော်၌၊ နောက်​မင်္ဂ​လာ​အ​ကျိုး​တို့၏ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ခ​ရစ်​တော်​သည်၊- ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ အ​ညစ်​အ​ကြေး​ရှိ​သော သူ​တို့​အ​ပေါ်၌ ဖျန်း​သော​နွား​အ​သွေး၊ ဆိတ်​အ​သွေး၊ နွား​မက​လေး၏​ပြာ​သည်၊ သူ​တို့​ကိုယ်​ခ​န္ဓာ၌ စင်​ကြယ်​ခြင်း​ကို ပြု​နိုင်​သည်​မှန်​လျှင်၊- ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။- ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။

ဟေဗြဲ 9:11-15 Common Language Bible (BCL)

သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။- ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။- ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊- ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။

ဟေဗြဲ 9:11-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ခရစ်တော်​သည် ရောက်ရှိ​လာ​ပြီး​ဖြစ်​သည့် ကောင်း​သော​အရာ​များ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​မင်း​အဖြစ်​ကြွလာ​တော်မူ​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သည်​မ​ဟုတ်၊ တစ်နည်းဆိုသော် ဤ​ဖန်ဆင်း​ခံ​လောက​မှ​မ​ဟုတ်​သော ပို၍​ကြီးမြတ်​ပြီး ပို၍​စုံလင်​သည့်​တဲ​တော်​မှ​တစ်ဆင့် ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။ အကြောင်းမူကား ညစ်ညူး​ခြင်း​ရှိ​သော​သူ​တို့​အပေါ်​ပက်ဖျန်း​သော ဆိတ်​သွေး၊ နွားလား​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​သည် ကိုယ်ကာယ​ကို​စင်ကြယ်​စေ​၍ သူ​တို့​ကို​သန့်ရှင်း​စေ​သည်​ဆိုလျှင် ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။ ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။