YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 9:11-15

ဟေဗြဲဩဝါဒစာ 9:11-15 MSBU

သို့သော် ခရစ်တော်​သည် ရောက်ရှိ​လာ​ပြီး​ဖြစ်​သည့် ကောင်း​သော​အရာ​များ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​မင်း​အဖြစ်​ကြွလာ​တော်မူ​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သည်​မ​ဟုတ်၊ တစ်နည်းဆိုသော် ဤ​ဖန်ဆင်း​ခံ​လောက​မှ​မ​ဟုတ်​သော ပို၍​ကြီးမြတ်​ပြီး ပို၍​စုံလင်​သည့်​တဲ​တော်​မှ​တစ်ဆင့် ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။ အကြောင်းမူကား ညစ်ညူး​ခြင်း​ရှိ​သော​သူ​တို့​အပေါ်​ပက်ဖျန်း​သော ဆိတ်​သွေး၊ နွားလား​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​သည် ကိုယ်ကာယ​ကို​စင်ကြယ်​စေ​၍ သူ​တို့​ကို​သန့်ရှင်း​စေ​သည်​ဆိုလျှင် ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။ ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။