YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 6:13-20

ဟေဗြဲ 6:13-20 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊- ငါ​သည်​သင့်​အား အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်​ဟု ကျိန်​ဆို​တော်​မူ၏။- ထို​သို့​နှင့်​အ​ညီ အာ​ဗြ​ဟံ​သည် သည်း​ခံ​လျက် စောင့်​နေ​ပြီး​မှ၊ က​တိ​တော်​ကို​ဝင်​စား​လေ၏။- လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။- ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။- ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။- မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ယေ​ရှု​သည်၊ ငါ​တို့​အ​တွက်၊ ထို​အ​တွင်း​အ​ရပ်​ထဲ​သို့ ရှေ့​ဆောင်၍​ဝင်​သော​သူ ဖြစ်​တော်​မူ၏။

ဟေဗြဲ 6:13-20 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​က​တိ ထား​တော်​မူ​သော​အ​ခါ​တိုင်​တည်​ကျိန်​ဆို​ရန် မိ​မိ​ထက်​ကြီး​မြတ်​သူ​မ​ရှိ​သ​ဖြင့် မိ​မိ​ကိုယ် ကို​ပင်​လျှင်​တိုင်​တည်​ကျိန်​ဆို​တော်​မူ​ပေ​သည်။- ကိုယ်​တော်​က``ငါ​သည်​သင့်​ကို​အ​မှန်​ပင်​ကောင်း ချီး​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို တိုး​ပွား​များ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။- အာ​ဗြ​ဟံ​သည်​စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေ​ခဲ့ သ​ဖြင့် က​တိ​တော်​အ​တိုင်း​ခံ​စား​ရ​လေ​သည်။- လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ​အ​စည်​တော် ကို​ပြောင်း​လဲ​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​များ​ခံ​ယူ​ရ မည့်​သူ​တို့​အား​ပွင့်​လင်း​ထင်​ရှား​စွာ​ဖော်​ပြ တော်​မူ​လို​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​တိုင် တည်​ကျိန်​ဆို​ခြင်း​အား​ဖြင့်​က​တိ​ပြု​တော် မူ​ခြင်း​ဖြစ်​ပေ​သည်။- ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။- ထို​မျှော်​လင့်​ချက်​သည်​ငါ​တို့​ဘ​ဝ​အ​တွက် ချ​ထား​သည့်​လုံ​ခြုံ​ခိုင်​ခန့်​သော​ကျောက်​ဆူး အ​ဖြစ် ကောင်း​ကင်​ဗိ​မာန်​တော်​ကန့်​လန့်​ကာ ကို​ထိုး​ဖောက်​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ​သည်။- ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ် ဆက်​ခံ​သူ​သ​ခင်​ယေ​ရှု​သည်​ထို ဌာ​န​တော်​သို့​ငါ​တို့​အ​တွက်​ဝင်​တော်​မူ​ပြီ။

ဟေဗြဲ 6:13-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် အာဗြဟံ​အား ကတိ​ပေး​တော်မူ​သောအခါ တိုင်တည်​ပြောဆို​ရန် မိမိ​ထက် ကြီးမြတ်​သော​သူ​မ​ရှိ​သောကြောင့် မိမိကိုယ်ကို​တိုင်တည်​ပြောဆို​၍ “ငါ​သည် အမှန်ပင် သင့်​ကို အစဉ်အမြဲ​ကောင်းချီး​ပေး​၍ သင်​၏​အမျိုးအနွယ်​ကို တိုးပွား​များပြား​စေ​မည်”​ဟု မိန့်​တော်မူ​၏။ ဤသို့ဖြင့် အာဗြဟံ​သည် စိတ်ရှည်​စွာ​စောင့်ဆိုင်း​သဖြင့် ကတိ​တော်​ကို​ခံစား​ရရှိ​ခဲ့​၏။ လူ​တို့​သည် မိမိ​တို့​ထက် ကြီးမြတ်​သော​သူ​ကို တိုင်တည်​ပြောဆို​ကြ​ပြီး ထိုသို့​အတည်ပြု​ပြောဆို​သော​ကတိ​သစ္စာ​သည် အငြင်းပွား​မှု​အားလုံး​ကို ရပ်စဲ​စေ​တတ်​၏။ ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။ ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။ ထို​မျှော်လင့်​ခြင်း​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​အတွက် ခိုင်ခံ့​မြဲမြံ​သော​ကျောက်ဆူး​ကဲ့သို့ ငါ​တို့​၌​ရှိ​၍ ဗိမာန်​တော်​ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ဝင်​ရောက်​၏။ ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။