YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 6

6
1-2ထို​ကြောင့်၊ သေ​ခြင်း​နှင့်​စပ်​ဆိုင်​သော အ​ကျင့်​ကို နောင်​တ​ရ​ခြင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း၊ ဗ​တ္တိ​ဇံ တ​ရား​ကို​သွန်​သင်​ခြင်း၊ လက်​ကို​တင်​ခြင်း၊ သေ​လွန်​သော သူ​တို့၏​ထ​မြောက်​ခြင်း၊ ထာ​ဝ​ရ​စီ​ရင် ဆုံး​ဖြတ်​ခြင်း​တည်း​ဟူ​သော မူ​လ​အ​မြစ်​ကို ငါ​တို့​သည် ပြန်၍​မ​တည်​ဘဲ၊ ခ​ရစ်​တော်၏​ဘာ​သာ၌ အ​စ​အ​ဦး​ဖြစ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ထား၍၊ စုံ​လင်​သော​အ​ဖြစ်​သို့ တက်​ကြ​ကုန်​အံ့။- 3ဘု​ရား​သ​ခင်​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ငါ​တို့​သည် ထို​သို့​ပြု​ကြ​မည်။- 4အ​လင်း​သို့ တစ်​ခါ​ရောက်၍ ကောင်း​ကင်​ဆု​ကျေး​ဇူး​ကို မြည်း​စမ်း​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခြင်း၊- 5ဘု​ရား​သ​ခင်၏ ကောင်း​မြတ်​သော တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ နောင်​ကပ်​ကာ​လ၏ တန်​ခိုး​များ​ကို​လည်း​ကောင်း၊ မြည်း​စမ်း​ခြင်း​ရှိ​ပြီး​မှ၊- 6ရွေ့​လျော့​ဖောက်​ပြန်​သော​သူ​တို့​သည်၊ မိ​မိ​တို့​တွင် ဘု​ရား​သ​ခင်၏​သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်၍ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​သူ​ဖြစ်​သော​ကြောင့်၊ နောက်​တစ်​ဖန် နောင်​တ​ရ​အံ့​သော​ငှာ အ​သစ်​ပြု​ပြင်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။- 7ဥ​ပ​မာ​ကား၊ အ​ကြင်​မြေ​သည် မိ​မိ​အ​ပေါ်​သို့ အ​ဖန်​ဖန်​ကျ​သော မိုး​ရေ​ကို​သောက်၍၊ လုပ်​သော​သူ​သုံး​ဖို့ ဟင်း​သီး​ဟင်း​ရွက်​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ဘု​ရား​သ​ခင်၏ ကောင်း​ကြီး​မင်္ဂ​လာ​ကို ခံ​တတ်၏။- 8အ​ကြင်​မြေ​သည် ဆူး​ပင်​အ​မျိုး​မျိုး​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ပြု​စု​ခြင်း​ကို​မ​ခံ​ထိုက်။ ကျိန်​ခြင်း​ကို ခံ​ရ​သော အ​ချိန်​နီး​သည် ဖြစ်၍၊ နောက်​ဆုံး၌ မီး​ရှို့​ခြင်း​သို့ ရောက်​တတ်၏။
9ထို​သို့​ပြော​သော်​လည်း၊ ချစ်​သူ​တို့၊ သင်​တို့​သည် ကယ်​တင်​ခြင်း​နှင့် ယှဉ်​သော​အ​ရာ၊ သာ၍ ကောင်း​သော​အ​ရာ​တို့​နှင့် ဆိုင်​သည်​ကို၊ ငါ​တို့​သည် သ​ဘော​ကျ​လျက်​ရှိ​ကြ၏။- 10အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သန့်​ရှင်း​သူ​တို့​ကို အ​ထက်​က လုပ်​ကျွေး​သည်​သာ​မ​က၊ ယ​ခု​ပင် လုပ်​ကျွေး​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ ထို​သို့​ပြု​သော​အား​ဖြင့် နာ​မ​တော်​ကို​ထောက်၍ ပြ​သော​မေ​တ္တာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​သည်​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို ပြု​တော်​မူ​သည်​မ​ဟုတ်။- 11-12သင်​တို့​ရှိ​သ​မျှ​သည် ပျင်း​ရိ​ခြင်း​နှင့် ကင်း​လွတ်၍၊ ယုံ​ကြည်​ခြင်း​နှင့် သည်း​ခံ​ခြင်း​အား​ဖြင့် က​တိ​တော်​တို့​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​နည်း​တူ ကျင့်​နိုင်​မည်​အ​ကြောင်း၊ ထို​သို့​သော လုံ့​လ​ဝိ​ရိ​ယ​ကို ထုတ်၍၊ အ​ဆုံး​တိုင်​အောင် ယုံ​မှား​ခြင်း​နှင့် ကင်း​သော မျှော်​လ​င့်​ခြင်း​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​တို့​သည် အ​လို​ရှိ​ကြ၏။
မြဲ​မြံ​သော​က​တိ​တော်
13ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊- 14ငါ​သည်​သင့်​အား အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်​ဟု ကျိန်​ဆို​တော်​မူ၏။-#က၊ ၂၂း၁၇။ 15ထို​သို့​နှင့်​အ​ညီ အာ​ဗြ​ဟံ​သည် သည်း​ခံ​လျက် စောင့်​နေ​ပြီး​မှ၊ က​တိ​တော်​ကို​ဝင်​စား​လေ၏။- 16လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။- 17ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။- 18အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။- 19ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။- 20မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ယေ​ရှု​သည်၊ ငါ​တို့​အ​တွက်၊ ထို​အ​တွင်း​အ​ရပ်​ထဲ​သို့ ရှေ့​ဆောင်၍​ဝင်​သော​သူ ဖြစ်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။