YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 13:1-6

ဟေဗြဲ 13:1-6 Judson Bible (JBMLE)

ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​မေ​တ္တာ၌ တည်​ကြ​လော့။ ဧည့်​သည်​ဝတ်​ပြု​ခြင်း​အ​မှု​ကို မ​မေ့​မ​လျော့​ကြ​နှင့်။- အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။- အ​ကျဉ်း​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ ကိုယ်​ခံ​ရ​သ​ကဲ့​သို့ မှတ်၍၊ သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သင်​တို့​သည် ကိုယ်​ခ​န္ဓာ​နှင့် မ​ကင်း​လွတ်​သော​သူ​ဖြစ်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။- ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။- သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။- ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။

ဟေဗြဲ 13:1-6 Common Language Bible (BCL)

သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ချစ်​မြဲ​ချစ်​ကြ​လော့။- ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။- သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။ ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။- ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

ဟေဗြဲ 13:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ဆက်၍​တည်​ကြ​လော့။ ဧည့်ဝတ်​ပြု​ခြင်း​ကို မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား အချို့​တို့​သည် ထို​ဝတ်​ကို​ပြု​ခြင်း​အားဖြင့် ကောင်းကင်​တမန်​များ​ကို အမှတ်မထင်​ဧည့်ခံ​ခဲ့​ကြ​၏။ အကျဉ်းသား​များ​ကို သူ​တို့​နှင့်အတူ​အချုပ်အနှောင်​ခံ​နေ​ရ​သကဲ့သို့ သတိရ​ကြ​လော့။ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​ခံရ​သော​သူ​တို့​ကို သင်တို့​လည်း မိမိ​ကိုယ်ခန္ဓာ​၌ ထိုနည်းတူ​ခံရ​သကဲ့သို့ သတိရ​ကြ​လော့။ မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။ အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။ ထို့ကြောင့် “ထာဝရ​ဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သော​အရှင်​ဖြစ်၍ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ငါ​တို့​သည် ယုံကြည်​စိတ်ချ​စွာ​ပြောဆို​ရ​ကြ​၏။