YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 13

13
ဘု​ရား​သ​ခင်​နှစ်​သက်​စေ​ရန်
1ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​မေ​တ္တာ၌ တည်​ကြ​လော့။ ဧည့်​သည်​ဝတ်​ပြု​ခြင်း​အ​မှု​ကို မ​မေ့​မ​လျော့​ကြ​နှင့်။- 2အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။- 3အ​ကျဉ်း​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ ကိုယ်​ခံ​ရ​သ​ကဲ့​သို့ မှတ်၍၊ သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သင်​တို့​သည် ကိုယ်​ခ​န္ဓာ​နှင့် မ​ကင်း​လွတ်​သော​သူ​ဖြစ်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။- 4ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။- 5သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။- 6ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။#ဆာ၊ ၁၁၈း၆၊၇
7ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဟော​ပြော၍၊ သင်​တို့​ကို​အုပ်​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ကျင့်​ကြံ​ပြု​မူ၍ စု​တေသည်​ကို စေ့​စေ့​ဆင်​ခြင်​လျက်၊ သူ​တို့၏​ယုံ​ကြည်​ခြင်း​ကို မီ​အောင်​လိုက်​ကြ​လော့။- 8ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။- 9အ​ထူး​ထူး​အ​ပြား​ပြား​သော အ​ယူ​ဝါ​ဒ​သစ်​ကို​လိုက်၍ မ​ဖောက်​ပြန်​ကြ​နှင့်။ အ​စာ​များ​အား​ဖြင့် စိတ်​ခိုင်​ခံ့ မြဲ​မြံ​ခြင်း​မ​ရှိ​ဘဲ၊ ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​မြဲ​မြံ​လျှင် အ​ကျိုး​ရှိ၏။ အ​စာ​များ​ကို အ​မှု​ထား​သော သူ​တို့​သည် အ​ကျိုး​ကို​ရ​ကြ​ပြီ မ​ဟုတ်။- 10တဲ​တော်၌ ဝတ်​ပြု​သော​သူ​တို့ စား​ရ​သော အ​ခွင့်​မ​ရှိ​သော​ယဇ်​ပ​လ္လင်​သည် ငါ​တို့၌​ရှိ၏။- 11အ​ကြောင်း​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​ပြစ်​ဖြေ​သော ယဇ်​ကောင်၏​အ​သွေး​ကို သန့်​ရှင်း​ရာ ဌာ​န​ထဲ​သို့ သွင်း​ပြီး​မှ၊ ယဇ်​အ​သေ​ကောင်​တို့​ကို တပ်​ပြင်၌ မီး​ရှို့​ရ၏။- 12ထို​သို့​နှင့်​အ​ညီ၊ ယေ​ရှု​သည် မိ​မိ​အ​သွေး​အား​ဖြင့် လူ​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ မြို့​တံ​ခါး​အ​ပြင်၌ အ​သေ​ခံ​တော်​မူ၏။- 13သို့​ဖြစ်၍၊ ငါ​တို့​သည် ထို​သ​ခင်​နှင့်​အ​တူ ကဲ့​ရဲ့​ခြင်း​ကို​ခံ၍၊ တပ်​ပြင်၊ အ​ထံ​တော်​သို့ ထွက်​သွား​ကြ​ကုန်​အံ့။- 14အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​ဘ​ဝ၌ အ​မြဲ​တည်​သော​မြို့ မ​ရှိ၊ နောက်​ဖြစ်​လ​တ္တံ့​သော​မြို့​ကို ရှာ​ကြ၏။- 15ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။- 16ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။
17သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။- 18ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ ငါ​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက်၊ အ​ရာ​ရာ​တို့၌ ကောင်း​မွန်​စွာ​ကျင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​ဖြစ်​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။- 19ငါ​သည် သင်​တို့​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြန်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​မည်​အ​ကြောင်း ငါ​သည်​သာ၍ နှိုး​ဆော်​တောင်း​ပန်၏။
နိ​ဂုံး​ချုပ်​ဆု​တောင်း​ပ​တ္ထ​နာ
20ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊- 21မိ​မိ​နှစ်​သက်​တော်​မူ​သော အ​မှု​အ​ရာ​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၌​ပြု​တော်​မူ၍၊ သင်​တို့​သည် အ​လို​တော်​သို့ လိုက်​မည်​အ​ကြောင်း၊ ကောင်း​သော​အ​ကျင့် အ​မျိုး​မျိုး၌ သင်​တို့​ကို ပြု​ပြင်​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင် ယေ​ရှု​ခ​ရစ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။
နိ​ဂုံး​ချုပ်​အ​မှာ​စ​ကား
22ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ကျဉ်း​အား​ဖြင့် ရေး​ထား၍ ကြား​လိုက်​သော ဤ​ဆုံး​မ​ခြင်း​ဩ​ဝါ​ဒ​စ​ကား​ကို သည်း​ခံ​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့​ကို နှိုး​ဆော်​တောင်း​ပန်၏။- 23ငါ​တို့​ညီ​တိ​မော​သေ​ကို အ​ခြား​သို့ လွှတ်​လိုက်​သည်​အ​ရာ​ကို သိ​မှတ်​ကြ​လော့။ သူ​သည် မ​ကြာ​မ​မြင့်​မီ ရောက်​လျှင်၊ ငါ​သည် သူ​နှင့်​အ​တူ​လာ၍ သင်​တို့​ကို တွေ့​မြင်​လိမ့်​မည်။- 24သင်​တို့​ကို အုပ်​သော​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ နှုတ်​ဆက်​ကြ​လော့။ ဣ​တ​လိ​ပြည်​သူ​ပြည်​သား​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- 25သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။
ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။