YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 1:3-4

ဟေဗြဲ 1:3-4 Judson Bible (JBMLE)

ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​ရ​သော ဘွဲ့​နာ​မ​ထက် ထူး​မြတ်​သော ဘွဲ့​နာ​မ​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​တ​မန်​တို့​ထက် ကြီး​မြတ်​သော​သူ ဖြစ်​တော်​မူ၏။

ဟေဗြဲ 1:3-4 Common Language Bible (BCL)

သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။ သား​တော်​အား​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ သော​ဘွဲ့​နာ​မ​တော်​သည် ကောင်း​ကင်​တ​မန်​တို့​၏ အ​မည်​နာ​မ​ထက်​ကြီး​မြတ်​တော်​မူ​သည်​နည်း​တူ သား​တော်​သည်​ကောင်း​ကင်​တ​မန်​များ​ထက်​သာ လွန်​ကြီး​မြတ်​တော်​မူ​ပေ​သည်။

ဟေဗြဲ 1:3-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။ သား​တော်​သည် ကောင်းကင်​တမန်​တို့​၏​ဘွဲ့နာမ​ထက် ထူးမြတ်​သော​ဘွဲ့​နာမ​ကို ဆက်ခံ​ရရှိ​သည်​နှင့်အမျှ သူ​တို့​ထက် ကြီးမြတ်​သော​အရှင်​ဖြစ်​တော်မူ​၏။