YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 9:12-17

ကမ္ဘာဦး 9:12-17 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။ ငါ​သည် မိုး​ကို​အုံ့​စေ​သော​အ​ခါ၊ မိုး​တိမ်၌ သက်​တံ​သည်​ထင်​ရှား​လိမ့်​မည်။ ထို​အ​ခါ​ငါ​တစ်​ဖက်၊ သင်​တို့​မှ​စ၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ၊ တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့ တစ်​ဖက်၌​ရှိ​သော၊ ငါ၏​ပ​ဋိ​ညာဉ်​ကို​ငါ​အောက်​မေ့​သ​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ မိုး​တိမ်၌ သက်​တံ​ရှိ​သည်​ကို ငါ​ကြည့်​ရှု​သ​ဖြင့်၊ ဘု​ရား​သ​ခင်​နှင့် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ စပ်​ကြား​မှာ​ရှိ​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​အောက်​မေ့​မည်။ ဤ​သည်​ကား၊ ငါ​နှင့်​မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​စပ်​ကြား​မှာ၊ ငါ​အ​မြဲ​ဖွဲ့​သော ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​သ​တည်း​ဟု၊ နော​ဧ​ကို ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

ကမ္ဘာဦး 9:12-17 Common Language Bible (BCL)

သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊- မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။- ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊- သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။- တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။- ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ကမ္ဘာဦး 9:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ဘုရားသခင်​က “​ငါ​နှင့် သင်​တို့​ကြား​၌​လည်းကောင်း​၊ သင်​တို့​နှင့်အတူ​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း ခေတ်ကာလ​အစဉ်အဆက် ငါ​ပြု​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​မှာ ဤသို့​ဖြစ်​၏​။ ငါ​၏​သက်တံ​ကို မိုးတိမ်​၌ ငါ​ထား​၏​။ ထို​သက်တံ​သည် ငါ​နှင့်​မြေကြီး​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် မြေကြီး​အထက်​မိုးကောင်းကင်​၌ မိုးတိမ်​တက်လာ​စေ​၍ ထို​မိုးတိမ်​၌ သက်တံ​ထင်ရှား​သောအခါ ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း​၊ ငါ​ပြု​သော​ပဋိညာဉ်​ကို​အောက်မေ့​သဖြင့် သတ္တဝါ​အပေါင်း​တို့​ကို​ဖျက်ဆီး​မည့် ရေလွှမ်းမိုး​ခြင်း ဖြစ်​တော့​မည်​မ​ဟုတ်​။ မိုးတိမ်​၌ သက်တံ​ပေါ်လာ​သောအခါ ထို​သက်တံ​ကို​ငါ​ကြည့်​၍ ဘုရားသခင်​နှင့် မြေကြီး​ပေါ်​ရှိ သတ္တဝါ​အမျိုးမျိုး​တည်းဟူသော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌ ငါ​ပြု​သော ထာဝရ​ပဋိညာဉ်​ကို ငါ​အောက်မေ့​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် ဘုရားသခင်​က “​ဤသည်ကား ငါ​နှင့် မြေကြီး​ပေါ်​ရှိ​သတ္တဝါ​အပေါင်း​တို့​ကြား​၌ ငါ​တည်​စေ​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​၏​”​ဟု နောဧ​အား မိန့်​တော်မူ​၏​။