YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 8:16-22

ကမ္ဘာဦး 8:15-22 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည်၊ သား၊ မ​ယား၊ ချွေး​မ​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​က ထွက်​ဆင်း​လော့။ သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။ ထို​အ​ခါ​နော​ဧ​မှ​စ၍ သား၊ မ​ယား၊ ချွေး​မ​တို့​သည် ထွက်​ဆင်း​ကြ၏။ သား​များ၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ၊ ငှက်​များ၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​သော အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ သင်္ဘော​ထဲ​က​ထွက်​ဆင်း​ကြ၏။ နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။ မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

ကမ္ဘာဦး 8:16-22 Common Language Bible (BCL)

``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။- ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။- ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။- တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။ နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။- ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။

ကမ္ဘာဦး 8:16-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲမှ ထွက်လာ​လော့​။ သင့်​ထံ၌​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​၊ သားယဉ်​သားရဲ​အပေါင်း​တည်းဟူသော ငှက်​၊ တိရစ္ဆာန်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည် မြေကြီး​ပေါ်မှာ များပြား​ကြ​စေရန်​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ​မွေးဖွား​တိုးပွား​ကြ​စေရန်​လည်းကောင်း သူ​တို့​ကို သင်​နှင့်အတူ​ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ နောဧ​သည် သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ ထွက်လာ​၏​။ တောရိုင်းတိရစ္ဆာန်​ရှိသမျှ​၊ တွားသွားသောတိရစ္ဆာန်​ရှိသမျှ​၊ ငှက်​ရှိသမျှ​နှင့် မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သတ္တဝါ​ရှိသမျှ​တို့​သည်​လည်း အမျိုး​အလိုက် သင်္ဘော​ထဲမှ​ထွက်လာ​ကြ​၏​။ နောဧ​သည် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​ပြီးလျှင် စင်ကြယ်​သော​တိရစ္ဆာန်​အပေါင်း​တို့​နှင့် စင်ကြယ်​သော​ငှက်​အပေါင်း​တို့​ထဲက​ယူ​၍ ထို​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​ကို​ပူဇော်​ရာ ထာဝရဘုရား​သည် မွှေးကြိုင်​သော​ရနံ့​ကို​ခံယူ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က “​လူ​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​သည် ငယ်ရွယ်စဉ်​ကတည်းက ဆိုးညစ်​သော်လည်း ငါ​သည် လူ​တို့​ကြောင့် မြေကြီး​ကို နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ကျိန်​တော့​မည်​မ​ဟုတ်​။ ငါ​သည် သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို ယခု​ပြု​သကဲ့သို့ နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။ မြေကြီး​တည်နေသရွေ့ မျိုးကြဲ​ချိန်​နှင့်​ရိတ်သိမ်း​ချိန်​၊ ပူ​သော​အချိန်​နှင့်​အေး​သော​အချိန်​၊ နွေရာသီ​နှင့်​ဆောင်းရာသီ​၊ နေ့အချိန်​နှင့်​ညအချိန်​တို့​သည် မပြတ်မစဲ​ရှိ​နေ​မည်​”​ဟု စိတ်​တော်​ထဲ၌ မြွက်ဆို​တော်မူ​၏​။