“သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲမှ ထွက်လာလော့။ သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ နောဧသည် သား၊ မယား၊ ချွေးမတို့နှင့်အတူ ထွက်လာ၏။ တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်ရှိသမျှ၊ ငှက်ရှိသမျှနှင့် မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သတ္တဝါရှိသမျှတို့သည်လည်း အမျိုးအလိုက် သင်္ဘောထဲမှထွက်လာကြ၏။ နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။ မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ကမ္ဘာဦးကျမ်း 8 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 8:16-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ