YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 46:1-7

ကမ္ဘာဦး 46:1-7 Judson Bible (JBMLE)

ထို​အ​ခါ ဣ​သ​ရေ​လ​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ခ​ရီး​သွား၍ ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ရောက်​လျှင်၊ မိ​မိ​အ​ဘ​ဣ​ဇာက်​၏ ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ခြင်း​ကို ပြု​လေ​၏။ ည​အ​ခါ​ဗျာ​ဒိတ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​က၊ ယာ​ကုပ်၊ ယာ​ကုပ် ဟု​ခေါ်​တော်​မူ​လျှင်၊ ယာ​ကုပ်​က​အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင့်​အ​ဘ၏ ဘု​ရား​သ​ခင်​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ငါ​သည် ထို​ပြည်၌ သင့်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ အဲ​ဂု​တ္တု​ပြည်​သို့ သင်​နှင့်​အ​တူ​ငါ​သွား​မည်။ တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်။ ယော​သပ်​သည် မိ​မိ​လက်​ကို သင်၏​မျက်​စိ​ပေါ်​မှာ​တင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန်​ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ထွက်၍၊ သူ​စီး​စ​ရာ​ဖို့ ဖာ​ရော​မင်း​ပေး​လိုက်​သော​လှည်း​တို့​ဖြင့် ဣ​သ​ရေ​လ၏​သား​တို့​သည် အ​ဘ​မှ​စ၍ မိန်း​မ​များ​နှင့် သူ​ငယ်​များ​တို့​ကို​ဆောင်​လျက်၊ ခါ​နာန်​ပြည်၌​ရ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ယူ၍ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ​၏။ ယာ​ကုပ်​သည်​ကိုယ်​တိုင်​မှ​စ၍ သား​သ​မီး​မြေး​တည်း​ဟူ​သော အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​လေ​၏။

ကမ္ဘာဦး 46:1-7 Common Language Bible (BCL)

ယာ​ကုပ်​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ထုပ်​ပိုး​၍ ခ​ရီး​ထွက်​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​အရပ် သို့​ရောက်​လျှင် သူ​၏​အ​ဖ​ဣ​ဇာက်​၏​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​လေ​၏။- ည​အ​ချိန်​၌​သူ​မြင်​ရ​သော​ရူ​ပါ​ရုံ​တွင် ဘု​ရား​သ​ခင်​က``ယာ​ကုပ်၊ ယာ​ကုပ်'' ဟု​ခေါ် တော်​မူ​၏။ ``အ​ကျွန်ုပ်​ရှိ​ပါ​သည်​အ​ရှင်​ဘု​ရား'' ဟု ယာ​ကုပ်​ထူး​လေ​၏။ ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။- ငါ​သည်​သင်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ကြွ​သွား မည်။ ငါ​ကိုယ်​တိုင်​သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို ဤ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ သင်​သည် ယော​သပ်​၏​ပြု​စု​ခြင်း​ကို​ခံ​လျက်​စု​တေ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ ထွက်​လာ​ခဲ့​လေ​သည်။ သူ​၏​သား​တို့​သည်​မိ​မိ တို့​၏​အ​ဖ​ယာ​ကုပ်၊ သူ​တို့​၏​မ​ယား​များ၊ သား သ​မီး​ငယ်​များ​အား​ဖာ​ရော​ဘု​ရင်​ပို့​လိုက် သော​လှည်း​များ​ကို​စီး​စေ​ကြ​၏။- သူ​တို့​သည်​ခါ​နာန်​ပြည်​တွင်​စု​ဆောင်း​ရ​ရှိ​ခဲ့ သော​ပစ္စည်း​များ​နှင့် သိုး​ဆိတ်​စ​သော​တိ​ရစ္ဆာန် များ​ကို​ယူ​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​လာ ခဲ့​ကြ​၏။ ယာ​ကုပ်​သည်​သား​သ​မီး၊ မြေး၊ မြစ် များ​မှ​စ​သော​သူ​၏​မိ​သား​စု​အား​လုံး​တို့ ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​လေ​၏။

ကမ္ဘာဦး 46:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် အစ္စရေး​သည် မိမိ​ပိုင်ဆိုင်​သမျှ​ကို​ယူဆောင်​လျက် ခရီးပြု​လေ​၏​။ ဗေရရှေဘ​အရပ်​သို့​ရောက်​သော် မိမိ​ဖခင်​ဣဇက်​၏​ဘုရားသခင်​အား ယဇ်​ပူဇော်​၏​။ ဘုရားသခင်​သည် ညအချိန်​၌ စိတ်အာရုံ​ဖြင့် အစ္စရေး​အား “​ယာကုပ်​၊ ယာကုပ်​”​ဟု ခေါ်​လျှင် ယာကုပ်​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။ ဘုရားသခင်​က “​ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ သင့်​ဖခင်​၏​ဘုရား​ဖြစ်​၏​။ အီဂျစ်​ပြည်​သို့ သင်​ဆင်းသွား​ရ​မည်​ကို မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် ထို​အရပ်​၌ သင့်​ကို လူမျိုး​ကြီး​ဖြစ်​စေ​မည်​။ ငါ​သည် သင်​နှင့်အတူ အီဂျစ်​ပြည်​သို့​ဆင်းသွား​မည်​။ ငါ​သည် သင့်​ကို ဧကန်​ပြန်ခေါ်ဆောင်​ခဲ့​ဦး​မည်​။ ယောသပ်​သည် မိမိ​လက်​ဖြင့် သင်​၏​မျက်စိ​ကို​ပိတ်ပေး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထသွား​လေ​၏​။ ယာကုပ်​ကို​ခေါ်ဆောင်​ရန်​အတွက် ဖာရော​မင်းကြီး​ပေးလိုက်​သော​လှည်း​များ​ဖြင့် အစ္စရေး​၏​သား​တို့​သည် မိမိ​တို့​ဖခင်​ယာကုပ်​နှင့်တကွ ကလေး​များ​၊ မိန်းမ​များ​ကို​ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​သည် မိမိ​တို့​၏​တိရစ္ဆာန်​များ​နှင့် ခါနာန်​ပြည်​၌​မိမိ​တို့​စုဆောင်း​ရရှိ​သည့်​ဥစ္စာ​များ​ကို​လည်း ယူသွား​ကြ​၏​။ ဤသို့ဖြင့် ယာကုပ်​နှင့်တကွ သူ​နှင့်အတူ​နေ​သော​သူ​၏​သားမြေး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​သို့​သွား​ကြ​၏​။ ယာကုပ်​သည် သူ​၏​သားသမီး​များ​၊ သား​သမီး​တို့​၏​သား​သမီး​များ​စသော မိမိ​သားမြေး​အပေါင်း​တို့​ကို အီဂျစ်​ပြည်​သို့ မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လေ​၏​။