YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 44:1-13

ကမ္ဘာဦး 44:1-13 Judson Bible (JBMLE)

ယော​သပ်​သည်​လည်း ဝန်​စာ​ရေး​ကို​ခေါ်၍ ထို​သူ​တို့​အိတ်​များ၌ ရိ​က္ခာ​ပါ​နိုင်​သ​မျှ အ​ပြည့်​ထည့်​လော့။ လူ​တိုင်း​ဆိုင်​သော​ငွေ​ကို မိ​မိ​တို့​အိတ်​ဝ​တွင်​လည်း​ကောင်း၊ စ​ပါး​အ​ဖိုး​ငွေ​နှင့် ငါ့​ငွေ​ဖ​လား​ကို၊ အ​ငယ်​ဆုံး​သော​သူ၏​အိတ်​ဝ​တွင်​လည်း​ကောင်း ထည့်​ထား​လော့​ဟု မှာ​သည်​အ​တိုင်း ဝန်​စာ​ရေး​ပြု​လေ၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ၊ ထို​သူ​တို့​ကို​မြည်း​များ​နှင့်​တ​ကွ လွှတ်​လိုက်​လေ၏။ မြို့​ပြင်​သို့​ရောက်၍ မ​ဝေး​သေး​သော​အ​ခါ၊ ယော​သပ်​သည်​ဝန်​စာ​ရေး​ကို​ခေါ်၍၊ ထို​သူ​တို့​ကို မြန်​မြန်​လိုက်​လော့။ မီ​သော​အ​ခါ သင်​တို့​သည်​ကျေး​ဇူး​ကို မ​ကောင်း​သော​အ​မှု​နှင့် အ​ဘယ်​ကြောင့်​ဆပ်​ကြ​သ​နည်း။ ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊ ဝန်​စာ​ရေး​လိုက်၍​မီ​သော​အ​ခါ ပြော​ဆို​လေ၏။ သူ​တို့​က​လည်း ဤ​စ​ကား​ကို သ​ခင်​သည် အ​ဘယ်​ကြောင့်​ပြော​ပါ​သ​နည်း။ ကိုယ်​တော်​ကျွန်​တို့​နှင့် ထို​သို့​သော​အ​မှု​ဝေး​ပါ​စေ​သ​တည်း။ ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​တွင် မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ။ ကျွန်​တော်​တို့​သည်​လည်း သ​ခင်၏​ကျွန်​ခံ​ကြ​ပါ​မည်​ဟု ဆို​ကြ၏။ ဝန်​စာ​ရေး​က​လည်း၊ သင်​တို့​စ​ကား​အ​တိုင်း​ဖြစ်​စေ။ သို့​သော်​လည်း မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​သည်​ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ပြစ်​လွှတ်​ကြ​စေ​ဟု ဆို​သော်၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိတ်​များ​ကို မြေ၌​ချ၍​ဖွင့်​ကြ၏။ ဝန်​စာ​ရေး​သည်​လည်၊ အ​ကြီး​မှ​စ၍ အ​ငယ်​တိုင်​အောင်​ရှာ​သ​ဖြင့် ဗင်္ယာ​မိန်​အိတ်၌​ဖ​လား​ကို​တွေ့၏။ ထို​အ​ခါ​သူ​တို့​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လူ​တိုင်း​မိ​မိ​မြည်း​ပေါ်​မှာ ဝန်​ကို​တင်​ပြန်​သ​ဖြင့် မြို့​သို့​ပြန်​သွား​ကြ၏။

ကမ္ဘာဦး 44:1-13 Common Language Bible (BCL)

ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။- အငယ်​ဆုံး​သော​သူ​၏​အိတ်​ဝ​တွင်​ငါ​၏​ဖ​လား​နှင့် သူ​၏​စ​ပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့'' ဟု​အ​မိန့် ပေး​၏။ အိမ်​တော်​ဝန်​သည်​ယော​သပ်​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။- နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။- သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။- ငါ့​သ​ခင်​၏​ငွေ​ဖ​လား​ကို​အ​ဘယ်​ကြောင့်​ခိုး​ရ သ​နည်း။ ထို​ဖ​လား​သည်​ငါ့​သ​ခင်​သောက်​သော ဖ​လား၊ နိ​မိတ်​ဖတ်​သော​ဖ​လား​ဖြစ်​၏။ သင်​တို့ သည်​ကြီး​လေး​သော​ပြစ်​မှု​ကို​ကူး​လွန်​လေ ပြီ' ဟု​ပြော​လော့'' ဟူ​၍​စေ​ခိုင်း​လေ​၏။ အိမ်​တော်​ဝန်​သည်​ထို​သူ​တို့​နောက်​သို့​လိုက်​၍ မီ​သော​အ​ခါ ယော​သပ်​မှာ​ကြား​လိုက်​သည့် အ​တိုင်း​သူ​တို့​အား​ပြော​လေ​၏။- ထို​အ​ခါ​သူ​တို့​က``အ​ရှင်၊ ကျွန်​တော်​တို့​ကို ဤ​သို့​မစွပ်​စွဲ​ပါ​နှင့်။ ကျွန်​တော်​တို့​သည်​ထို သို့​သော​ပြစ်​မှု​ကို​မ​ကူး​လွန်​ကြောင်း​ကျိန် ဆို​ပါ​သည်။- ကျွန်​တော်​တို့​၏​အိတ်​ဝ​များ​၌​တွေ့​ရှိ​သော ငွေ​ကို​ပင် ခါ​နာန်​ပြည်​မှ​ပြန်​၍​ယူ​ခဲ့​ကြောင်း အ​ရှင်​သိ​ပါ​သည်။ သို့​ဖြစ်​၍​ကျွန်​တော်​တို့ သည်​ဘု​ရင်​ခံ​၏​အိမ်​မှ​ရွှေ​ငွေ​ကို​အ​ဘယ် ကြောင့်​ခိုး​ယူ​ရ​ပါ​မည်​နည်း။- ကျွန်​တော်​တို့​အ​နက်​တစ်​ယောက်​ယောက်​ထံ ၌​ထို​ဖ​လား​ကို​တွေ့​လျှင် ထို​သူ​သည်​သေ ဒဏ်​သင့်​ပါ​စေ။ ကျန်​သော​ကျွန်​တော်​တို့​သည် လည်း​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​ဆို လေ​၏။ အိမ်​တော်​ဝန်​က``သင်​တို့​ပြော​သည့်​အ​တိုင်း ဖြစ်​ပါ​စေ။ သို့​ရာ​တွင်​ဖ​လား​ကို​ခိုး​သော​သူ သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ​မည်။ ကျန်​သော သူ​တို့​သည်​ချမ်း​သာ​ခွင့်​ရ​စေ​မည်'' ဟု​ဆို​၏။- ထို​ကြောင့်​သူ​တို့​သည်​အ​သီး​သီး​မိ​မိ​တို့ ၏​အိတ်​များ​ကို​မြေ​ပေါ်​သို့​အ​လျင်​အ​မြန် ချ​၍​ဖွင့်​ပြ​ကြ​၏။- အိမ်​တော်​ဝန်​သည်​ညီ​အစ်​ကို​တို့​တွင်​အ​သက် အ​ကြီး​ဆုံး​မှ​အ​ငယ်​ဆုံး​အ​ထိ အ​စဉ်​လိုက် တစ်​ဦး​စီ​၏​အိတ်​ကို​ရှာ​ဖွေ​ရာ​ဗင်္ယာ​မိန် အိတ်​တွင်​ဖ​လား​ကို​တွေ့​ရ​လေ​၏။- ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။

ကမ္ဘာဦး 44:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​သူ​တို့​အိတ်​များ​ထဲ၌ သူ​တို့​သယ်​နိုင်​သမျှ​အစားအစာ​ကို အပြည့်​ဖြည့်​လော့​။ သူ​တို့​အသီးသီး​၏​ငွေ​ကို​လည်း သူ​တို့​အိတ်​ဝ​၌​ပြန်ထည့်​ပေး​လော့​။ အငယ်ဆုံး​၏​အိတ်​ဝ​၌ စားနပ်ရိက္ခာ​ဝယ်ယူ​သည့်​ငွေ​နှင့်တကွ ငါ့​ငွေ​ခွက်​ကို ထည့်​လိုက်​လော့​”​ဟု မိန့်မှာ​၏​။ အိမ်ထိန်း​သည် ယောသပ်​မိန့်ဆို​သည့်​စကား​အတိုင်း​ပြု​လေ​၏​။ နံနက်​မိုးလင်း​သောအခါ သူ​တို့​ကို သူ​တို့​၏​မြည်း​များ​နှင့်တကွ ပြန်လွှတ်​လိုက်​လေ​၏​။ သူ​တို့​သည် မြို့​မှ​ထွက်​၍ အဝေး​သို့​မ​ရောက်​သေး​မီ ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​ထ​လော့​။ သူ​တို့​နောက်သို့​လိုက်​လော့​။ သူ​တို့​ကို​မီ​သောအခါ ‘​သင်​တို့​သည် အဘယ်ကြောင့် အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​ရ​သနည်း​။ ဤ​ခွက်​သည် ငါ့​သခင်​သောက်​သော​ခွက်​ဖြစ်​သည်​သာမက နိမိတ်ဖတ်​သော​ခွက်​လည်း ဖြစ်​သည်​မ​ဟုတ်​လော​။ သင်​တို့​ပြု​သော​အမှု​သည် ဆိုးညစ်​လှ​ပါ​တကား​’​ဟူ၍ သူ​တို့​အား ပြော​ရ​မည်​”​ဟု မိန့်မှာ​လေ​၏​။ အိမ်ထိန်း​သည် သူ​တို့​ကို​မီ​သောအခါ သူ​တို့​အား ထို​စကား​ကို​ပြော​လေ​၏​။ သူ​တို့​က​လည်း “​အကျွန်ုပ်​သခင် အဘယ်ကြောင့် ဤ​စကား​ကို​ပြော​ရ​ပါ​သနည်း​။ ထိုသို့​ပြု​ခြင်း​အမှု​သည် သခင့်​အစေအပါး​တို့​နှင့်​ဝေး​ပါစေ​။ အကျွန်ုပ်​တို့​၏​အိတ်​ဝ​၌​တွေ့ရှိ​ခဲ့​သော​ငွေ​ကို ခါနာန်​ပြည်​မှ သခင့်​ထံသို့​ပြန်ယူလာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​သည် အဘယ်ကြောင့် သခင်​၏​အရှင်သခင်​အိမ်​မှ ရွှေ​၊ ငွေ​ကို​ခိုးယူ​ရ​မည်နည်း​။ သခင့်​အစေအပါး​တို့​ထဲမှ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို​တွေ့​လျှင် သူ​သည် သေဒဏ်​သင့်​ပါစေ​။ အကျွန်ုပ်​တို့​သည်​လည်း သခင့်​ထံ၌ ကျွန်ခံ​ပါ​မည်​”​ဟု ဆို​ကြ​၏​။ အိမ်ထိန်း​က “​ကောင်း​ပြီ​။ သင်​တို့​၏​စကား​အတိုင်း​ဖြစ်​စေ​။ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို တွေ့​လျှင် ထို​သူ​သည် ငါ့​ထံ၌​ကျွန်ခံ​ရ​မည်​။ ကျန်သောသူ​တို့​မူကား ကင်းလွတ်​စေ​”​ဟု ဆို​လေ​၏​။ ထိုအခါ သူ​တို့​အသီးသီး​သည် မိမိ​တို့​အိတ်​ကို မြေ​ပေါ်သို့​အလျင်အမြန်​ချ​ပြီး မိမိ​တို့​အိတ်​ကို​ဖွင့်​ကြ​၏​။ အိမ်ထိန်း​သည်​လည်း အကြီးဆုံး​မှ​စ​၍ အငယ်ဆုံး​တိုင်အောင်​ရှာဖွေ​ရာ ဗင်္ယာမိန်​၏​အိတ်​ထဲ၌ ခွက်​ကို​တွေ့​လေ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို​ဆုတ်ဖြဲ​၍ အသီးသီး မိမိ​တို့​၏​မြည်း​များ​ပေါ်သို့ ဝန်​ကို​ပြန်တင်​ပြီးလျှင် မြို့​သို့​ပြန်လာ​ကြ​၏​။