ကမ္ဘာဦး 42:1-38
ကမ္ဘာဦး 42:1-38 Judson Bible (JBMLE)
အဲဂုတ္တုပြည်၌စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍နေကြသနည်း။ အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဖို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊ ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြ၏။ ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။ ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှာ လာကြ၏။ ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှာ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။ ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုလျှင်၊ သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှာသာလာကြပါ၏။ ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။ ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တစ်ယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တစ်ယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊ ယောသပ်က၊ သင်တို့သည်သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊ သင်တို့ကို အဘယ်သို့စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖာရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှမထွက်မသွားရ။ သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှာ သင်တို့တွင် တစ်ယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊ အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။ သုံးရက်မြောက်သောနေ့၌ ယောသပ်သည်သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊ သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။ အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။ ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။ ရုဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲနေကြသောကြောင့် သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်ဟု ပြန်၍ဆို၏။ ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။ ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွာ၍ငိုလေ၏။ တစ်ဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။ ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှာလည်းကောင်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။ သူတို့သည်လည်း မြည်းများအပေါ်၌စပါးကိုတင်၍ ထွက်သွားကြ၏။ စခန်းသို့ရောက်သောအခါ၊ တစ်ယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှာမိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။ ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကိုပြန်ထားပြီ။ ကြည့်ပါ၊ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည်စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ဘုရားသခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ်ပါလိမ့်မည်နည်းဟု တစ်ယောက်ကိုတစ်ယောက်ဆိုကြ၏။ ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊ ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။ ကျွန်ုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့်မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ တစ်ဘတည်းသား၊ ညီအစ်ကိုချင်း တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ၏။ တစ်ယောက်ကားမရှိပါ။ အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ်ပါသည်ဟု လျှောက်သောအခါ၊ ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍ သွားကြလော့၊ အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ်၊ ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကို ကိုလည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရကြမည်ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊ မိမိတို့အိတ်များအထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ်၌ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့်အဘသည် မြင်သောအခါ ကြောက်လန့်ကြ၏။ အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သားတို့ကိုလုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန်ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အားဆို၏။ ရုဗင်ကလည်း၊ ကျွန်ုပ်သည်ဗင်္ယာမိန်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။ သူ့ကိုကျွန်ုပ်လက်၌အပ်ပါ။ ကျွန်ုပ်တစ်ဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအားဆို၏။ အဘကလည်း၊ သင်တို့နှင့်အတူငါ့သားမသွားရ။ သူ၏အစ်ကိုသေပြီ။ သူသည် တစ်ယောက်တည်းကျန်ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ၏။
ကမ္ဘာဦး 42:1-38 Common Language Bible (BCL)
ယာကုပ်သည်အီဂျစ်ပြည်တွင်စပါးရှိ ကြောင်းကြားသိရသောအခါ သူ၏သားတို့ အား``သင်တို့အဘယ်ကြောင့်မှိုင်တွေနေကြ သနည်း။- အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။- ထိုကြောင့်ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးဝယ်ရန်အီဂျစ်ပြည်သို့ထွက်ခွာသွားကြ၏။- ယာကုပ်သည်ယောသပ်၏ညီရင်းဗင်္ယာမိန်ကို ကား ဘေးရောက်မည်စိုးရိမ်သောကြောင့်အစ်ကို များနှင့်အတူမစေလွှတ်ချေ။ ခါနာန်ပြည်တစ်ပြည်လုံးတွင်အစာခေါင်းပါးခြင်း ကပ်ဆိုက်လျက်ရှိသဖြင့် ယာကုပ်၏သားတို့သည် အခြားသောစပါးဝယ်ရန်သွားသူတို့နှင့်အတူ အီဂျစ်ပြည်သို့သွားကြ၏။- အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။- ယောသပ်သည်သူ၏အစ်ကိုတို့ကိုမြင်၍မှတ် မိသော်လည်း အစ်ကိုတို့ကိုမသိဟန်ဆောင် လျက်``သင်တို့အဘယ်အရပ်မှလာကြသနည်း'' ဟုခက်ထန်စွာမေးလေ၏။ သူတို့က``ကျွန်တော်တို့သည်ရိက္ခာဝယ်ရန် ခါနာန်ပြည်မှလာပါသည်'' ဟုဖြေကြ၏။ ယောသပ်ကသူ၏အစ်ကိုတို့ဖြစ်မှန်းသိ သော်လည်း သူတို့ကယောသပ်ကိုမသိကြ။- သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။ သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။- ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။ ယောသပ်ကလည်း``သင်တို့သည်ရိုးသားသူများ မဟုတ်။ တိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာသူများဖြစ်ကြသည်'' ဟုတစ်ဖန် စွပ်စွဲပြန်၏။ ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။ တစ်ဖန်ယောသပ်က``ငါဆိုခဲ့သည့်အတိုင်း သင် တို့သည်သူလျှိုဖြစ်ကြ၏။- သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။- သင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊- သူတို့အားလုံးကိုသုံးရက်ချုပ်ထားလေ၏။ တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။- သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။- ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။ သူတို့သည်ယောသပ်ပြောသမျှသဘောတူ ကြ၏။- ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။ ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။- သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။ ထိုနောက်ယောသပ်သည်သူတို့ထံမှထွက်သွား၍ ငိုကြွေးလေ၏။ သူသည်ဣန္ဒြေဆည်နိုင်သောအခါ သူတို့ထံပြန်၍ သူတို့အနက်ရှိမောင်ကိုရွေး ထုတ်လျက်သူတို့၏ရှေ့တွင်ချည်နှောင်စေ၏။ ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။- ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။- ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။- သူကညီအစ်ကိုတို့အား``ကျွန်ုပ်၏ငွေကိုပြန် ထည့်ပေးလိုက်ပါသည်တကား'' ဟုဆို၍စပါး အိတ်ထဲကငွေကိုပြလေ၏။ ထိုအခါသူတို့ သည်စိတ်တုန်လှုပ်ချောက်ချားလျက်``ဘုရားသခင်သည်ငါတို့အားမည်သို့ပြုတော်မူဘိ သနည်း'' ဟု အချင်းချင်းပြောဆိုကြ၏။ ခါနာန်ပြည်ရှိသူတို့၏အဖယာကုပ်ထံ သို့ရောက်ကြသောအခါ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကိုဖခင်အားပြောပြကြလေ သည်။- သူတို့က``အီဂျစ်ပြည်ကိုအစိုးရသူသည် ကျွန် တော်တို့အားခက်ထန်စွာပြောဆိုဆက်ဆံပါ သည်။ ကျွန်တော်တို့သည်သူ၏တိုင်းပြည်ကို ထောက်လှမ်းသောသူလျှိုများဖြစ်သည်ဟု စွပ်စွဲပါသည်။- ကျွန်တော်တို့က`ကျွန်တော်တို့သည်ရိုးသား သောသူများဖြစ်ပါသည်။ သူလျှိုမဟုတ်ပါ။- ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောညီအစ်ကို တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါသည်။ တစ်ယောက် သည်သေဆုံး၍ ညီအငယ်ဆုံးသည်အဖနှင့် ခါနာန်ပြည်၌ရှိနေပါသည်' ဟုလျှောက်ကြ ပါသည်။- ထိုပြည်ကိုအုပ်စိုးသူက`သင်တို့သည်ရိုးသား သူများဖြစ်ကြောင်းကို ငါသိနိုင်ရန်ဤသို့ပြု လုပ်ရမည်။ သင်တို့အနက်တစ်ယောက်ကိုငါထံ ၌ထားခဲ့ရမည်။ ကျန်သောသူတို့ကရိက္ခာပြတ် နေသောသင်တို့၏မိသားစုထံသို့စပါးယူ ၍ပြန်ကြလော့။- သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။ သူတို့သည်စပါးအိတ်များကိုသွန်ချကြ သောအခါ လူတိုင်းကမိမိ၏ငွေထုပ်ကိုမိမိ အိတ်ထဲတွင်တွေ့ရလေသော် အဖနှင့်တကွ သားတို့သည်ကြောက်လန့်ကြ၏။- သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။ ထိုအခါရုဗင်ကအဖအား``ဗင်္ယာမိန်ကို အဖထံသို့ကျွန်တော်ပြန်၍မခေါ်နိုင်ခဲ့ လျှင် ကျွန်တော်၏သားနှစ်ယောက်သေဒဏ်ခံ ရပါစေ။ သူ့အတွက်ကျွန်တော်တာဝန်ယူ ပါမည်။ အဖထံသို့သူ့ကိုကျွန်တော်အရောက် ပြန်လည်ခေါ်ဆောင်ခဲ့ပါမည်'' ဟုပြောလေ၏။ သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
ကမ္ဘာဦး 42:1-38 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အီဂျစ်ပြည်တွင် စားနပ်ရိက္ခာရှိကြောင်း ယာကုပ်ကြားသိရ၏။ ထိုအခါ ယာကုပ်က သူ၏သားတို့အား “သင်တို့သည် တစ်ဦးကိုတစ်ဦး အဘယ်ကြောင့်ကြည့်၍သာနေကြသနည်း”ဟု ဆို၏။ တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။ ထိုအခါ ယောသပ်၏အစ်ကိုဆယ်ယောက်တို့သည် ဂျုံစပါးဝယ်ယူရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။ ယောသပ်၏ညီဗင်္ယာမိန်ကိုကား “ဗင်္ယာမိန်အပေါ် အန္တရာယ်ကျရောက်ကောင်းကျရောက်လိမ့်မည်”ဟု စိုးရိမ်သဖြင့် ယာကုပ်သည် သူ့ကို အစ်ကိုတို့နှင့်အတူမလွှတ်ပေ။ ခါနာန်ပြည်၌လည်း ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် အစ္စရေး၏သားတို့သည် အခြားသူများနှင့်အတူ အစားအစာဝယ်ယူရန် သွားကြ၏။ ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။ ယောသပ်သည် မိမိ၏အစ်ကိုတို့ကိုမြင်သောအခါ သူတို့ကို မှတ်မိသော်လည်း မသိဟန်ဆောင်လျက် ကြမ်းတမ်းစွာပြောဆို၏။ ယောသပ်က သူတို့အား “သင်တို့ အဘယ်ကလာကြသနည်း”ဟု မေးလျှင် သူတို့က “အစားအစာဝယ်ယူရန် ခါနာန်ပြည်မှလာကြပါ၏”ဟု ပြန်လျှောက်ကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုမှတ်မိသော်လည်း သူတို့က ယောသပ်ကိုမမှတ်မိကြ။ ယောသပ်သည် သူတို့နှင့်ပတ်သက်၍ မြင်မက်ခဲ့သောအိပ်မက်ကို သတိရသဖြင့် သူတို့အား “သင်တို့သည် ဤပြည်၏အားနည်းချက်ကို စူးစမ်းရန်လာသောသူလျှိုများ ဖြစ်ကြ၏”ဟု ဆို၏။ သူတို့ကလည်း “ထိုသို့မဟုတ်ပါ၊ သခင်၊ သခင့်အစေအပါးတို့သည် အစားအစာဝယ်ယူရန်သာ ရောက်လာကြခြင်းဖြစ်ပါ၏။ အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။ သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။ ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။ သို့သော် ယောသပ်က “သင်တို့ကိုငါပြောခဲ့သည့်အတိုင်း သင်တို့သည် သူလျှိုများဖြစ်ကြ၏။ သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။ သင်တို့၏စကားမှန်သည်၊ မမှန်သည်ကိုစစ်ဆေးရန် သင်တို့သည် အကျဉ်းချခံရမည်။ သို့သော် သင်တို့ထဲမှ တစ်ယောက်ကိုစေလွှတ်၍ သူသည် သင်တို့၏ညီကိုခေါ်ဆောင်လာပါစေ။ သို့မဟုတ်လျှင် သင်တို့သည် သူလျှိုများဖြစ်ကြသည်ဟု ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ ငါပြောသည်”ဟု သူတို့အား ဆိုပြီးလျှင် ယောသပ်သည် သူတို့ကိုသုံးရက် အကျဉ်းချထားလေ၏။ သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။ သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။ သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။ ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။ ယောသပ်သည် သူတို့ကို စကားပြန်နှင့်ပြောသောကြောင့် သူတို့စကားကို ယောသပ်နားလည်ကြောင်း သူတို့မသိကြ။ ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။ ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။ သူတို့သည် စားနပ်ရိက္ခာများကို မိမိတို့၏မြည်းများပေါ်တင်ပြီး ထိုအရပ်မှထွက်ခွာသွားကြ၏။ စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။ ထိုအခါ သူက မိမိ၏ညီအစ်ကိုတို့အား “အကျွန်ုပ်၏ငွေကို ပြန်ထည့်ထားပါပြီ။ ကြည့်ပါ။ အကျွန်ုပ်၏အိတ်ထဲ၌ရှိပါ၏”ဟု ဆို၏။ သူတို့သည် စိတ်အားလျော့လျက် ကြောက်ရွံ့တုန်လှုပ်ကာ “ငါတို့၌ ဘုရားသခင်ပြုတော်မူသောဤအမှုကား မည်သို့နည်း”ဟု ညီအစ်ကိုအချင်းချင်းပြောဆိုကြ၏။ သူတို့သည် ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ရောက်သောအခါ မိမိတို့၌ဖြစ်ပျက်ခဲ့သမျှတို့ကို ဖခင်အားပြောပြကြ၏။ သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။ သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ အကျွန်ုပ်တို့သည် ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောသားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ တစ်ယောက်ကား မရှိတော့ပါ။ အငယ်ဆုံးကား ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူ ခါနာန်ပြည်၌ နေခဲ့ပါသည်’ဟု လျှောက်ကြပါ၏။ ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။ သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။ ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။ သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။ ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။ သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။