YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:1-17

ကမ္ဘာဦး 42:1-17 Judson Bible (JBMLE)

အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊ ယော​သပ်၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။ ယော​သပ်၏​ညီ ဗင်္ယာ​မိန်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ ယာ​ကုပ်​သည်​မ​စေ​မ​လွှတ်။ အ​ကြောင်း​မူ​ကား၊ သူ၌​ဘေး​ရောက်​ကောင်း​ရောက်​လိမ့်​မည်​ဟု စိုး​ရိမ်​သ​တည်း။ ထို​အ​ခါ ခါ​နာန်​ပြည်၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော​သူ​တို့​တွင်၊ ဣ​သ​ရေ​လ​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ လာ​ကြ၏။ ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​သိ​သော်​လည်း၊ သူ​တို့​သည် ယော​သပ်​ကို​မ​သိ​ကြ။ ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊ သူ​တို့​က၊ မ​ဟုတ်​ပါ​သ​ခင်။ ကိုယ်​တော်၏​ကျွန်​တို့​သည် အ​စာ​ကို ဝယ်​ခြင်း​ငှာ​သာ​လာ​ကြ​ပါ၏။ ကျွန်​တော်​တို့​သည် တစ်​ယောက်​တည်း​သော​သူ၏​သား ဖြစ်​ကြ​ပါ၏။ ဖြောင့်​မတ်​သော​သူ​လည်း ဖြစ်​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​တို့​သည် သူ​လျှို​မ​ဟုတ်​ပါ​ဟု လျှောက်​ကြ၏။ ယော​သပ်​က​လည်း၊ မ​ဟုတ်​ဘူး။ ပြည်​တော်၌​အား​နည်း​သော အ​ရပ်​ကို​ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​ပြန်၏။ သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့​သည် ခါ​နာန်​ပြည်၌ တစ်​ယောက်​တည်း​သော​သူ၏​သား၊ ညီ​အစ်​ကို​တစ်​ကျိပ်​နှစ်​ယောက် ဖြစ်​ကြ​ပါ၏။ အ​ငယ်​ဆုံး​သော​သူ​ကား အ​ဘ​နှင့်​အ​တူ​ယ​ခု​ရှိ​ရစ်​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ယော​သပ်​က၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏​ဟု ငါ​ဆို​သည်​အ​ရာ​မှာ၊ သင်​တို့​ကို အ​ဘယ်​သို့​စုံ​စမ်း​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ငယ်​ဆုံး​သော​ညီ မ​လာ​လျှင်၊ ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့​သည် ဤ​အ​ရပ်​မှ​မ​ထွက်​မ​သွား​ရ။ သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊ အစ်​ကို​အ​ပေါင်း​တို့​ကို သုံး​ရက်​ချုပ်​ထား​လေ၏။

ကမ္ဘာဦး 42:1-17 Common Language Bible (BCL)

ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​ရှိ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ သူ​၏​သား​တို့ အား``သင်​တို့​အ​ဘယ်​ကြောင့်​မှိုင်​တွေ​နေ​ကြ သ​နည်း။- အီ​ဂျစ်​ပြည်​၌​စပါး​ရှိ​ကြောင်း​ငါ​ကြား​ရ​သည်။ ငါ​တို့​အ​စာ​ငတ်​၍​မ​သေ​ကြ​စေ​ရန်​သင်​တို့ ထို​ပြည်​သို့​သွား​၍​စ​ပါး​ဝယ်​ကြ​လော့'' ဟု စေ​ခိုင်း​လေ​၏။- ထို​ကြောင့်​ယော​သပ်​၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စပါး​ဝယ်​ရန်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​သွား​ကြ​၏။- ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။- အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။- ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။- သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။ သူ​တို့​က``မ​ဟုတ်​ပါ​အရှင်၊ ကိုယ်​တော်​၏​ကျွန် တို့​သည်​ရိက္ခာ​ဝယ်​ယူ​ရန်​လာ​ကြ​ပါ​သည်။- ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ ယော​သပ်​က​လည်း``သင်​တို့​သည်​ရိုး​သား​သူ​များ မ​ဟုတ်။ တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​သူ​များ​ဖြစ်​ကြ​သည်'' ဟု​တစ်​ဖန် စွပ်​စွဲ​ပြန်​၏။ ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ တစ်​ဖန်​ယော​သပ်​က``ငါ​ဆို​ခဲ့​သည့်​အ​တိုင်း သင် တို့​သည်​သူ​လျှို​ဖြစ်​ကြ​၏။- သင်​တို့​ပြော​သ​မျှ​မှန်​သည်​မ​မှန်​သည်​ကို​ဤ​သို့ စစ်​ဆေး​မည်။ ဖာ​ရော​ဘု​ရင်​၏​အ​မိန့်​အာ​ဏာ အ​ရ​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ၏​ညီ​အ​ငယ်​ဆုံး​ကို​ဤ​အ​ရပ်​သို့​မ​ခေါ်​ဆောင်​ခဲ့ လျှင်​သင်​တို့​သည်​ဤ​တိုင်းပြည်​မှ​မ​ထွက်​ခွာ​ရ။- သင်​တို့​အ​နက်​တစ်​ယောက်​ယောက်​ကို​စေ​လွှတ်​၍ သင်​တို့​၏​ညီ​ကို​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သင်​တို့​၏ စ​ကား​မှန်​သည်​မ​မှန်​သည်​ကို​သိ​နိုင်​သည့်​တိုင် အောင် ကျန်​ရစ်​သော​သင်​တို့​ကို​အ​ကျဉ်း​ချ​ထား မည်။ သင်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သင်​တို့​သည်​ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော် မူ​သည်​အ​တိုင်း​သူ​လျှို​များ​မု​ချ​ဖြစ်​ရ​မည်'' ဟု​ဆို​ပြီး​လျှင်၊- သူ​တို့​အား​လုံး​ကို​သုံး​ရက်​ချုပ်​ထား​လေ​၏။

ကမ္ဘာဦး 42:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အီဂျစ်​ပြည်​တွင် စားနပ်ရိက္ခာ​ရှိ​ကြောင်း ယာကုပ်​ကြားသိ​ရ​၏​။ ထိုအခါ ယာကုပ်​က သူ​၏​သား​တို့​အား “​သင်​တို့​သည် တစ်ဦး​ကို​တစ်ဦး အဘယ်ကြောင့်​ကြည့်​၍​သာ​နေ​ကြ​သနည်း​”​ဟု ဆို​၏​။ တစ်ဖန် ယာကုပ်​က “​အီဂျစ်​ပြည်​၌​စားနပ်ရိက္ခာ​ရှိ​ကြောင်း ငါ​ကြား​ရ​ပြီ​။ ငါ​တို့​သည်​မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း ထို​ပြည်​သို့​ဆင်းသွား​၍ အစားအစာ​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။ ထိုအခါ ယောသပ်​၏​အစ်ကို​ဆယ်​ယောက်​တို့​သည် ဂျုံစပါး​ဝယ်ယူ​ရန် အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။ ယောသပ်​၏​ညီ​ဗင်္ယာမိန်​ကို​ကား “​ဗင်္ယာမိန်​အပေါ် အန္တရာယ်​ကျရောက်​ကောင်း​ကျရောက်​လိမ့်မည်​”​ဟု စိုးရိမ်​သဖြင့် ယာကုပ်​သည် သူ့​ကို အစ်ကို​တို့​နှင့်အတူ​မ​လွှတ်​ပေ​။ ခါနာန်​ပြည်​၌​လည်း ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် အစ္စရေး​၏​သား​တို့​သည် အခြားသူ​များ​နှင့်အတူ အစားအစာ​ဝယ်ယူ​ရန် သွား​ကြ​၏​။ ထို​အချိန်​၌ ယောသပ်​သည် တိုင်းပြည်​ကို​အုပ်စိုး​သော​ဘုရင်ခံ​ဖြစ်​ပြီး ပြည်သူပြည်သား​အပေါင်း​တို့​အား အစားအစာ​ရောင်းချ​ပေး​သော​သူ​ဖြစ်​၏​။ ယောသပ်​၏​အစ်ကို​တို့​သည်​ရောက်လာ​၍ သူ့​ရှေ့​၌ မြေ​မှာ​ပျပ်ဝပ်​ကြ​၏​။ ယောသပ်​သည် မိမိ​၏​အစ်ကို​တို့​ကို​မြင်​သောအခါ သူ​တို့​ကို မှတ်မိ​သော်လည်း မသိဟန်ဆောင်​လျက် ကြမ်းတမ်း​စွာ​ပြောဆို​၏​။ ယောသပ်​က သူ​တို့​အား “​သင်​တို့ အဘယ်​က​လာ​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အစားအစာ​ဝယ်ယူ​ရန် ခါနာန်​ပြည်​မှ​လာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။ ယောသပ်​သည် အစ်ကို​တို့​ကို​မှတ်မိ​သော်လည်း သူ​တို့​က ယောသပ်​ကို​မ​မှတ်မိ​ကြ​။ ယောသပ်​သည် သူ​တို့​နှင့်​ပတ်သက်၍ မြင်မက်​ခဲ့​သော​အိပ်မက်​ကို သတိရ​သဖြင့် သူ​တို့​အား “​သင်​တို့​သည် ဤ​ပြည်​၏​အားနည်းချက်​ကို စူးစမ်း​ရန်​လာ​သော​သူလျှို​များ ဖြစ်​ကြ​၏​”​ဟု ဆို​၏​။ သူ​တို့​က​လည်း “​ထိုသို့​မ​ဟုတ်​ပါ​၊ သခင်​၊ သခင့်​အစေအပါး​တို့​သည် အစားအစာ​ဝယ်ယူ​ရန်​သာ ရောက်လာ​ကြ​ခြင်း​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် ဖခင်​တစ်ဦးတည်း​၏​သား​များ​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။ သခင့်​အစေအပါး​အကျွန်ုပ်​တို့​သည် သူလျှို​မ​ဟုတ်​ပါ​”​ဟု ယောသပ်​အား​လျှောက်​ကြ​၏​။ သို့သော် ယောသပ်​က သူ​တို့​အား “​မ​ဟုတ်​ပါ​။ သင်​တို့​သည် ဤ​ပြည်​၏​အားနည်းချက်​ကို​စူးစမ်း​ရန် ရောက်လာ​ကြ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ သူ​တို့​က “​သခင့်​အစေအပါး​ဖြစ်​သော​အကျွန်ုပ်​တို့​သည် ခါနာန်​ပြည်​က ဖခင်​တစ်ဦးတည်း​၏​သား​များ​ဖြစ်​ကြ​၍ ညီအစ်ကို​တစ်ဆယ့်​နှစ်​ယောက်​ရှိ​ပါ​၏​။ အငယ်ဆုံး​သည် ယခု အကျွန်ုပ်​တို့​ဖခင်​နှင့်အတူ​နေ​ခဲ့​ပါ​၏​။ ကျန်​တစ်​ယောက်​ကား မ​ရှိ​တော့​ပါ​”​ဟု လျှောက်​ကြ​၏​။ သို့သော် ယောသပ်​က “​သင်​တို့​ကို​ငါ​ပြော​ခဲ့​သည့်​အတိုင်း သင်​တို့​သည် သူလျှို​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ဤသို့​စစ်ဆေး​ခြင်း​ခံရ​မည်​။ ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​၏​အငယ်ဆုံး​ညီ​သည် ဤ​အရပ်​သို့​မ​ရောက်လာ​လျှင် သင်​တို့​သည် ဤ​အရပ်​မှ​မ​ထွက်သွား​ရ​။ သင်​တို့​၏​စကား​မှန်​သည်​၊ မမှန်​သည်​ကို​စစ်ဆေး​ရန် သင်​တို့​သည် အကျဉ်းချ​ခံရ​မည်​။ သို့သော် သင်​တို့​ထဲမှ တစ်​ယောက်​ကို​စေလွှတ်​၍ သူ​သည် သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​လာ​ပါစေ​။ သို့မဟုတ်လျှင် သင်​တို့​သည် သူလျှို​များ​ဖြစ်​ကြ​သည်​ဟု ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ ငါ​ပြော​သည်​”​ဟု သူ​တို့​အား ဆို​ပြီးလျှင် ယောသပ်​သည် သူ​တို့​ကို​သုံး​ရက် အကျဉ်း​ချ​ထား​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။