YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 4:10-26

ကမ္ဘာဦး 4:10-26 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ သင်​ညီ​အ​သွေး၏​အ​သံ​သည် မြေ​ထဲ​က ငါ့​ကို​အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။ သို့​ဖြစ်၍ သင့်​ညီ၏​အ​သွေး​ကို​ခံ​ယူ​ခြင်း​ငှာ၊ မိ​မိ​ပါး​စပ်​ကို​ဖွင့်​သော မြေ​ကြီး၏​ကျိန်​ခြင်း​ကို သင်​သည်​ခံ​ရ​သော​ကြောင့်၊ ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ ကာ​ဣ​န​က​လည်း၊ အ​ကျွန်ုပ်​အ​ပြစ်​သည် မ​ဖြေ​နိုင်​အောင်​ကြီး​ပါ​သ​လော။ အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။ ထို​အ​ခါ​ကာ​ဣ​န​သည် မိ​မိ​မ​ယား​နှင့် ဆက်​ဆံ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ဧ​နောက်​ကို​ဖွား​မြင်​လေ​၏။ ကာ​ဣ​န​သည်​လည်း မြို့​ကို​တည်၍ မိ​မိ​သား၏​အ​မည်​အ​လိုက်၊ ထို​မြို့​ကို​ဧ​နောက်​မြို့​ဟု သ​မုတ်​လေ၏။ ဧ​နောက်​သား​ကား၊ ဣ​ရဒ်၊ ဣ​ရဒ်​သား​ကား၊ မ​ဟု​ယေ​လ၊ မ​ဟု​ယေ​လ​သား​ကား၊ မ​သု​ရှ​လ၊ မ​သု​ရှ​လ​သား​ကား၊ လာ​မက်​တည်း။ လာ​မက်​သည်၊ အာ​ဒ​နှင့် ဇိ​လ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​နှင့် အိမ်​ထောင်​ဖက်​ပြု​၍၊ အာ​ဒ​သည် သား​ယာ​ဗ​လ​ကို​ဖွား​မြင်​လေ၏။ ထို​သား​ကား၊ တဲ၌​နေ​သော​သူ၊ သိုး​နွား​စ​သည်​တို့​ကို မွေး​သော​သူ​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။ ယု​ဗ​လ​အ​မည်​ရှိ​သော​ညီ​မူ​ကား၊ စောင်း​မျိုး၊ နှဲ​ခ​ရာ​မျိုး​တို့​ကို တီး​မှုတ်​တတ်​သော​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။ ဇိ​လ​သည်​လည်း၊ သား​တု​ဗ​လ​ကာ​ဣ​န​ကို ဖွား​မြင်​လေ၏။ သူ​သည် ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ​သ​မား​အ​ပေါင်း​တို့၏​ဆ​ရာ​ဖြစ်​လေ၏။ တု​ဗ​လ​ကာ​ဣ​န၏​နှ​မ​ကား၊ နေ​မ​အ​မည်​ရှိ၏။ လာ​မက်​က​လည်း၊ အာ​ဒ​နှင့် ဇိ​လ၊ ငါ​ပြော​သံ​ကို​မှတ်​ကြ​လော့။ လာ​မက်​မ​ယား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ငါ့​ကို​ထိ​ခိုက်​သော လူ​တစ်​ယောက်​တည်း​ဟူ​သော၊ ငါ့​ကို​ညှဉ်း​ဆဲ​သော​လူ​ပျို​တစ်​ယောက်​ကို ငါ​သတ်​ခဲ့​ပြီ။ ကာ​ဣ​န​သည် ခု​နစ်​ဆ​သော​တ​ရား​ကို​ရ​လျှင်၊ အ​ကယ်၍​လာ​မက်​သည်၊ အ​ဆ​ခု​နစ်​ဆယ် ခု​နစ်​ဆ​သော​တ​ရား​ကို ရ​လိမ့်​မည်​ဟု မိ​မိ​မ​ယား​တို့​ကို​ပြော​ဆို၏။ အာ​ဒံ​သည်​လည်း မိ​မိ​မ​ယား​နှင့် တစ်​ဖန်​ဆက်​ဆံ​ပြန်​လျှင်၊ မ​ယား​သည် သား​ကို​ဖွား​မြင်၍၊ ရှေ​သ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​သတ်​သော အာ​ဗေ​လ​ကိုယ်​စား၊ တစ်​ပါး​သော​အ​နွယ်​ကို အ​ကျွန်ုပ်​အ​ဖို့ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ ရှေ​သ​သည်​လည်း သား​ကို​ရ​၍ ဧ​နုတ်​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​အ​မှီ​ပြု၍ ကိုး​ကွယ်​စ​ပြု​ကြ​လေ​၏၊

ကမ္ဘာဦး 4:10-26 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။- သင်​သည်​ကျိန်​စာ​သင့်​၍​မြေ​ကို​ထွန်​ယက်​စိုက် ပျိုး​မှု​မ​ပြု​နိုင်​တော့​ပြီ။ သင့်​လက်​ချက်​ကြောင့် ထွက်​သော​သင့်​ညီ​၏​သွေး​ကို မြေ​သည်​ခံ​တွင်း ဖြင့်​ခံ​ယူ​သ​ကဲ့​သို့​စုတ်​ယူ​ခဲ့​လေ​ပြီ။- သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။- ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။ ကာ​ဣ​န​သည်​သူ​၏​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် မ​ယား​၌​ပ​ဋိ​သန္ဓေ​စွဲ​၍​ဧ​နောက်​နာ​မည်​ရှိ​သား ကို​ဖွား​မြင်​လေ​၏။ သူ​သည်​မြို့​ကို​တည်​၍​သား ၏​နာ​မည်​ကို​အ​စွဲ​ပြု​လျက် ထို​မြို့​ကို​ဧ​နောက် မြို့​ဟု​မှည့်​ခေါ်​၏။- ဧ​နောက်​သည်​ဣ​ရဒ်​ဟုအ​မည်​တွင်​သော​သား​ကို ရ​၏။ ဣ​ရဒ်​၏​သား​ကား​မ​ဟု​ယေ​လ၊ မ​ဟု ယေ​လ​၏​သား​ကား​မ​သု​ရှ​လ၊ မ​သု​ရှ​လ ၏​သား​ကား​လာ​မက်​ဖြစ်​၏။- လာ​မက်​သည်​အာ​ဒ​နှင့်​ဇိ​လ​နာ​မည်​ရှိ မ​ယား​နှစ်​ယောက်​နှင့်​စုံ​ဖက်​၏။- အာ​ဒ​သည်​ယာ​ဗ​လ​ဟု​အ​မည်​တွင်​သော​သား​ကို ဖွား​မြင်​၏။ ယာ​ဗ​လ​သည်​ကား​သိုး​နွား​တို့​ကို ထိန်း​ကျောင်း​၍ တဲ​ရှင်​၌​နေ​ထိုင်​သူ​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။- သူ့​ညီ​နာ​မည်​မှာ​ယု​ဗ​လ​ဖြစ်​၍ စောင်း​နှဲ​တို့​ကို တီး​မှုတ်​သော​ဂီ​တ​သ​မား​အ​ပေါင်း​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။- ဇိ​လ​သည်​တု​ဗ​လ​ကာ​ဣ​န​နာ​မည်​ရှိ​သား​ကို ဖွား​မြင်​၏။ ထို​သူ​သည်​ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ သ​မား​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။ တု​ဗ​လ ကာ​ဣန​၏​နှ​မ​ကား​နေ​မ​ဖြစ်​၏။ လာ​မက်​က​မိ​မိ​မ​ယား​တို့​အား``ငါ့​မ​ယား အာ​ဒ​နှင့် ဇိ​လ​တို့​ငါ့​စ​ကား​ကို​နားထောင်​ကြ​လော့။ ငါ့​ကို​ရိုက်​နှက်​သူ​လူငယ်​တစ်​ဦး​သည်​ငါ့​ကို ရိုက်​နှက်​သော​ကြောင့်​ငါ​သတ်​ခဲ့​ပြီ။ ကာ​ဣ​န​ကို​သတ်​သူ​သည်​ခု​နစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​မည်​ဆို​လျှင်​ငါ့​ကို​သတ်​သူ​ကား၊ ခု​နစ်​ဆယ်​ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟု​ဆို​လေ​၏။ အာ​ဒံ​နှင့်​ဧ​ဝ​တို့​တွင်​သား​တစ်​ယောက်​ထပ်​၍ ဖွား မြင်​လေ​၏။ ဧ​ဝ​က``ကာ​ဣ​န​သတ်​ခဲ့​သော​အာ​ဗေ​လ အ​စား သား​တစ်​ယောက်​ကို​ဘု​ရား​သ​ခင်​က​ပေး တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ရှေ​သ​ဟု နာ​မည်​မှည့်​လေ​၏။- ရှေ​သ​သည်​လည်း​သား​ရ​၍​ထို​သား​ကို​ဧ​နုတ် ဟု​မှည့်​ခေါ်​၏။ ထို​ခေတ်​ကာ​လ​မှ​စ​၍ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​လျက်​ကိုး​ကွယ်​ကြ​လေ​၏။

ကမ္ဘာဦး 4:10-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က​လည်း “​သင်​သည် မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ညီ​အသွေး​၏​အသံ​သည် မြေကြီး​ထဲမှ ငါ့​ထံသို့ အော်ဟစ်​နေ​ပါ​သည်​တကား​။ မြေကြီး​သည် မိမိ​နှုတ်​ကို​ဟ​၍ သင်​၏​လက်​မှ သင့်​ညီ​၏​အသွေး​ကို​ခံယူ​ပြီ​ဖြစ်​သောကြောင့် သင်​သည် မြေကြီး​၏​ကျိန်​ခြင်း​ကို ယခု​ခံရ​ပြီ​။ သင်​သည် မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော်လည်း မြေ​သည် မိမိ​၏​အသီးအနှံ​ကို သင့်​အား ပေး​တော့​မည်​မ​ဟုတ်​။ သင်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​က​လည်း “​အကျွန်ုပ်​၏​အပြစ်ဒဏ်​သည် အကျွန်ုပ်​ခံနိုင်​သည်​ထက်​ကြီးလေး​ပါ​၏​။ ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။ ကာဣန​သည် ထာဝရဘုရား​၏​ရှေ့​တော်​မှ​ထွက်သွား​၍ ဧဒင်​အရပ်​၏​အရှေ့ဘက်​၊ နောဒ​ပြည်​တွင်​နေထိုင်​လေ​၏​။ ထို့နောက် ကာဣန​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် ကိုယ်ဝန်ဆောင်​၍ ဧနောက်​ကို​မွေးဖွား​လေ​၏​။ ကာဣန​သည် မြို့​ကို တည်​သောအခါ မိမိ​သား​၏​အမည်​ကို​အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ဧနောက်​မြို့ ဟု​ခေါ်​၏​။ ဧနောက်​သည် သား​ဣရဒ်​ကို​ရ​၏​။ ဣရဒ်​သည် သား​မဟုယေလ​ကို​ရ​၏​။ မဟုယေလ​သည် သား​မသုရှလ​ကို​ရ​၏​။ မသုရှလ​သည် သား​လာမက်​ကို​ရ​၏​။ လာမက်​သည် မိန်းမ​နှစ်​ယောက်​ကို မိမိ​မယား​အဖြစ်​ယူ​လေ​၏​။ တစ်​ယောက်​၏​အမည်​မှာ အာဒ ဖြစ်​ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ဇိလ ဖြစ်​၏​။ အာဒ​သည် ယာဗလ​ကို​မွေးဖွား​၏​။ ယာဗလ​သည် တဲ​၌​နေ​သော​သူ​၊ တိရစ္ဆာန်​တို့​ကို​လှည့်လည်​ထိန်းကျောင်း​သော​သူ​တို့​၏​ဖခင်​ဖြစ်​၏​။ သူ့​ညီ​၏​အမည်​မှာ ယုဗလ ဖြစ်​၏​။ ယုဗလ​သည် စောင်း​နှင့်​ပလွေ​တို့​ကို တီးမှုတ်​တတ်​သော​သူ​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။ ဇိလ​သည်​လည်း တုဗလကာဣန​ကို​မွေးဖွား​၏​။ တုဗလကာဣန​သည် ကြေးထည်​၊ သံထည် ပစ္စည်း​အမျိုးမျိုး​ကို​ထုတ်လုပ်​သူ​ဖြစ်​၏​။ တုဗလကာဣန​၏​ညီမ​ကား နေမ ဖြစ်​၏​။ လာမက်​သည် မိမိ​မယား​တို့​အား “​အာဒ​နှင့်​ဇိလ​တို့​၊ ငါ့​အသံ​ကို​နားထောင်​ကြ​လော့​။ လာမက်​၏​မယား​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ငါ့​ကို​အနာတရ​ဖြစ်စေ​သော​လူ​၊ ငါ့​ကို​ဒဏ်ရာ​ရ​စေ​သော​လူငယ်​ကို ငါ​သတ်​ခဲ့​ပြီ​။ ကာဣန​အတွက် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ရှိ​လျှင် လာမက်​အတွက် ခုနစ်ဆယ့်​ခုနစ်​ဆ​ရှိ​လိမ့်မည်​”​ဟု ဆို​၏​။ တစ်ဖန် အာဒံ​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် သား​ကို​မွေးဖွား​၍ “​ကာဣန​သည် အာဗေလ​ကို​သတ်​သောကြောင့် ဘုရားသခင်​သည် အာဗေလ​ကိုယ်စား အခြား​သော​မျိုးဆက်​ကို အကျွန်ုပ်​အတွက်​ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​ပြီး သား​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။ ရှေသ​သည်​လည်း သား​ကို​ရ​၍ သူ​၏​အမည်​ကို ဧနုတ် ဟု​မှည့်ခေါ်​လေ​၏​။ ထို​ကာလ​၌ လူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို စတင်​၍​ခေါ်ဆို​ပတ္ထနာပြု​ကြ​၏​။