YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာ​ဦး 4:10-26

ကမ္ဘာ​ဦး 4:10-26 BCL

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။- သင်​သည်​ကျိန်​စာ​သင့်​၍​မြေ​ကို​ထွန်​ယက်​စိုက် ပျိုး​မှု​မ​ပြု​နိုင်​တော့​ပြီ။ သင့်​လက်​ချက်​ကြောင့် ထွက်​သော​သင့်​ညီ​၏​သွေး​ကို မြေ​သည်​ခံ​တွင်း ဖြင့်​ခံ​ယူ​သ​ကဲ့​သို့​စုတ်​ယူ​ခဲ့​လေ​ပြီ။- သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။- ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။ ကာ​ဣ​န​သည်​သူ​၏​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် မ​ယား​၌​ပ​ဋိ​သန္ဓေ​စွဲ​၍​ဧ​နောက်​နာ​မည်​ရှိ​သား ကို​ဖွား​မြင်​လေ​၏။ သူ​သည်​မြို့​ကို​တည်​၍​သား ၏​နာ​မည်​ကို​အ​စွဲ​ပြု​လျက် ထို​မြို့​ကို​ဧ​နောက် မြို့​ဟု​မှည့်​ခေါ်​၏။- ဧ​နောက်​သည်​ဣ​ရဒ်​ဟုအ​မည်​တွင်​သော​သား​ကို ရ​၏။ ဣ​ရဒ်​၏​သား​ကား​မ​ဟု​ယေ​လ၊ မ​ဟု ယေ​လ​၏​သား​ကား​မ​သု​ရှ​လ၊ မ​သု​ရှ​လ ၏​သား​ကား​လာ​မက်​ဖြစ်​၏။- လာ​မက်​သည်​အာ​ဒ​နှင့်​ဇိ​လ​နာ​မည်​ရှိ မ​ယား​နှစ်​ယောက်​နှင့်​စုံ​ဖက်​၏။- အာ​ဒ​သည်​ယာ​ဗ​လ​ဟု​အ​မည်​တွင်​သော​သား​ကို ဖွား​မြင်​၏။ ယာ​ဗ​လ​သည်​ကား​သိုး​နွား​တို့​ကို ထိန်း​ကျောင်း​၍ တဲ​ရှင်​၌​နေ​ထိုင်​သူ​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။- သူ့​ညီ​နာ​မည်​မှာ​ယု​ဗ​လ​ဖြစ်​၍ စောင်း​နှဲ​တို့​ကို တီး​မှုတ်​သော​ဂီ​တ​သ​မား​အ​ပေါင်း​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။- ဇိ​လ​သည်​တု​ဗ​လ​ကာ​ဣ​န​နာ​မည်​ရှိ​သား​ကို ဖွား​မြင်​၏။ ထို​သူ​သည်​ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ သ​မား​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။ တု​ဗ​လ ကာ​ဣန​၏​နှ​မ​ကား​နေ​မ​ဖြစ်​၏။ လာ​မက်​က​မိ​မိ​မ​ယား​တို့​အား``ငါ့​မ​ယား အာ​ဒ​နှင့် ဇိ​လ​တို့​ငါ့​စ​ကား​ကို​နားထောင်​ကြ​လော့။ ငါ့​ကို​ရိုက်​နှက်​သူ​လူငယ်​တစ်​ဦး​သည်​ငါ့​ကို ရိုက်​နှက်​သော​ကြောင့်​ငါ​သတ်​ခဲ့​ပြီ။ ကာ​ဣ​န​ကို​သတ်​သူ​သည်​ခု​နစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​မည်​ဆို​လျှင်​ငါ့​ကို​သတ်​သူ​ကား၊ ခု​နစ်​ဆယ်​ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟု​ဆို​လေ​၏။ အာ​ဒံ​နှင့်​ဧ​ဝ​တို့​တွင်​သား​တစ်​ယောက်​ထပ်​၍ ဖွား မြင်​လေ​၏။ ဧ​ဝ​က``ကာ​ဣ​န​သတ်​ခဲ့​သော​အာ​ဗေ​လ အ​စား သား​တစ်​ယောက်​ကို​ဘု​ရား​သ​ခင်​က​ပေး တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ရှေ​သ​ဟု နာ​မည်​မှည့်​လေ​၏။- ရှေ​သ​သည်​လည်း​သား​ရ​၍​ထို​သား​ကို​ဧ​နုတ် ဟု​မှည့်​ခေါ်​၏။ ထို​ခေတ်​ကာ​လ​မှ​စ​၍ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​လျက်​ကိုး​ကွယ်​ကြ​လေ​၏။