YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 38:13-24

ကမ္ဘာဦး 38:13-24 Judson Bible (JBMLE)

မိ​မိ​ယော​က္ခ​မ​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ တိ​မ​နတ်​မြို့​သို့​သွား​ကြောင်း​ကို၊ တာ​မာ​ကြား​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။ ယု​ဒ​သည်​ထို​မိန်း​မ​ကို​မြင်​သော​အ​ခါ၊ သူ​သည်​မိ​မိ​မျက်​နှာ​ကို​ဖုံး၍ နေ​သော​ကြောင့်၊ ပြည့်​တန်​ဆာ​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်၊ လမ်း​ကို​လွှဲ၍​အ​နား​သို့​ချဉ်း​ပြီး​လျှင်၊ သင့်​ထံ​သို့ ငါ​ဝင်​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​လေ​သော်၊ မိန်း​မ​က၊ သင်​သည် ကျွန်​မ​ထံ​သို့​ဝင်​လို​သော​ငှာ အ​ဘယ်​ဆု​ကို​ပေး​မည်​နည်း​ဟု​မေး​လျှင်၊ ယု​ဒ​က၊ ဆိတ်​သ​ငယ်​ကို​ပေး​လိုက်​မည်​ဟု ဆို​လေ၏။ မိန်း​မ​က​လည်း၊ မ​ပေး​လိုက်​မီ တစ်​စုံ​တစ်​ခု​သော​အ​ရာ​ကို ပေါင်​ထား​မည်​လော​ဟု​မေး​လျှင်၊ ယု​ဒ​က အ​ဘယ်​အ​ရာ​ကို​ပေါင်​စေ​ချင်​သ​နည်း​ဟု ပြန်၍​မေး​လေ​သော်၊ မိန်း​မ​က၊ သင်၏​တံ​ဆိပ်၊ စ​လွယ်၊ လက်​စွဲ​တောင်​ဝှေး​တို့​ကို​ပေါင်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ထို​ဥ​စ္စာ​ကို​အပ်၍ မိန်း​မ​ထံ​သို့​ဝင်​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​လေ၏။ ထို​နောက်​မှ၊ မိန်း​မ​သည်​ထ​သွား၍ မျက်​နှာ​ဖုံး​ကို​ချွတ်​ပြီး​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို ဝတ်​မြဲ​ဝတ်​ပြန်​လေ၏။ ယု​ဒ​သည် မိန်း​မ၌​ပေါင်​သော​ဥ​စ္စာ​ကို​ရွေး​ယူ​ခြင်း​ငှာ၊ မိ​မိ​အ​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​တွင် ဆိတ်​သ​ငယ်​ကို​ပေး​လိုက်၏။ အ​ဒု​လံ​အ​မျိုး​သား​သည် ထို​မိန်း​မ​ကို​မ​တွေ့​လျှင်၊ ဧ​နိမ်​မြို့​လမ်း​နား​မှာ ထိုင်​နေ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ထို​အ​ရပ်​သား​တို့​ကို​မေး​လေ​သော်၊ အ​ရပ်​သား​တို့​က ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြ​လျှင်၊ ယု​ဒ​ထံ​သို့​ပြန်၍၊ ကျွန်ုပ်​သည် ထို​မိန်း​မ​ကို​ရှာ၍​မ​တွေ့။ အ​ရပ်​သား​တို့​က​လည်း၊ ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြောင်း​ကို ပြော​လေ၏။ ယု​ဒ​က​လည်း၊ ကျွန်ုပ်​တို့​သည် အ​ရှက်​မ​ကွဲ​မည်​အ​ကြောင်း၊ ယူ​ပါ​လေ​စေ။ ကြည့်​ပါ။ ဤ​ဆိတ်​သ​ငယ်​ကို​ကျွန်ုပ်​ပေး​လိုက်၍ သင်​သည်​မိန်း​မ​ကို​ရှာ၍ မ​တွေ့​ပါ​တ​ကား​ဟု​ဆို၏။ ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။

ကမ္ဘာဦး 38:13-24 Common Language Bible (BCL)

တစ်​စုံ​တစ်​ယောက်​က​တာ​မာ​အား``သင်​၏​ယောက္ခမ သည်​တိ​မ​နတ်​မြို့​သို့​သိုး​မွေး​ညှပ်​ရန်​သွား​လေ ပြီ'' ဟု​သ​တင်း​ပေး​လေ​၏။- ထို​အ​ခါ​သူ​သည်​မု​ဆိုး​မ​အ​ဝတ်​တို့​ကို​ချွတ်​၍ မျက်​နှာ​ကို​ပု​ဝါ​ဖြင့်​ဖုံး​လျက် တိ​မ​နတ်​သို့​သွား ရာ​လမ်း​တွင်​တည်​ရှိ​သော​ဧ​နိမ်​မြို့​အ​ဝင်​ဝ​၌ ထိုင်​နေ​လေ​၏။ သူ​သည်​ယု​ဒ​၏​အ​ငယ်​ဆုံး​သား ရှေ​လ​အ​ရွယ်​ရောက်​ပြီ​ဖြစ်​သော်​လည်း​သူ​နှင့် ထိမ်း​မြား​ပေး​ခြင်း​မ​ပြု​ဘဲ​ထား​သော​ကြောင့် ဤ​သို့​ပြု​မူ​ရ​ခြင်း​ဖြစ်​သည်။ ယု​ဒ​သည်​တာ​မာ​ကို​မြင်​လျှင်​မျက်​နှာ​ကို​ပုဝါ နှင့်​ဖုံး​ထား​သော​ကြောင့် ပြည့်​တန်​ဆာ​မ​တစ်​ယောက် ဟု​ထင်​မှတ်​လေ​၏။- သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။ သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။ မိန်း​မ​က``ဆိတ်​ငယ်​ကို​မ​ပို့​သေး​မီ​အာ​မ​ခံ​ပေး လျှင် သ​ဘော​တူ​ပါ​မည်''ဟု​ဆို​၏။ သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။ မိန်း​မ​က``သင်​၏​တံ​ဆိပ်​ပါ​သော​စ​လွယ်​ကြိုး​နှင့် လက်​စွဲ​တောင်​ဝှေး​တို့​ကို​အာ​မ​ခံ​အ​ဖြစ်​ပေး​ပါ'' ဟု​တောင်း​လေ​၏။ သူ​သည်​ထို​ပစ္စည်း​များ​ကို​ထို မိန်းမ​အား​ပေး​၍​အ​တူ​တူ​အိပ်​သ​ဖြင့်​ပ​ဋိ သန္ဓေ​စွဲ​လေ​၏။- တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။ ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊- ဧ​နိမ်​မြို့​သား​တို့​အား``လမ်း​ဘေး​၌​ထိုင်​လေ့ ရှိ​သော​ပြည့်​တန်​ဆာ​မ​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ဤ​အ​ရပ်​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ပါ'' ဟု​ပြန်​ဖြေ​ကြ​၏။ ထို​အ​ခါ​သူ​သည်​ယုဒ​ထံ​သို့​ပြန်​လာ​၍``ကျွန်ုပ် သည်​ထို​မိန်းမ​ကို​ရှာ​၍​မ​တွေ့​ပါ။ အ​ရပ်​သား​တို့ က​လည်း​ထို​နေ​ရာ​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ကြောင်း​ပြော​ပါ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​က``ထို​ပစ္စည်း​များ​ကို​သူ​ယူ​ထား​ပါ​စေ။ ကျွန်ုပ်​တို့​ကဲ့​ရဲ့​ခြင်း​ကို​မ​ခံ​လို​ပါ။ ကျွန်ုပ်​သည် သူ့​အား​အ​ခ​ပေး​ရန်​ကြိုး​စား​သော်​လည်း သင် သည်​သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ပါ'' ဟု​ဆို​လေ​၏။ သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။ ယု​ဒ​က``သူ့​ကို​အ​ပြင်​သို့​ထုတ်​၍​မီး​ရှို့ သတ်​စေ'' ဟု​စီ​ရင်​လေ​၏။

ကမ္ဘာဦး 38:13-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ တစ်စုံတစ်ဦး​က တာမာ​အား “​သင်​၏​ယောက္ခမ​သည် သိုး​မွေး​ညှပ်​ရန် တိမနတ်​မြို့​သို့​သွား​နေ​သည်​”​ဟု ကြားပြော​လေ​၏​။ ရှေလ​ကြီးပြင်း​လာ​ပြီ​ဖြစ်​သော်လည်း တာမာ​က မိမိ​ကို ရှေလ​နှင့်​မ​ပေးစား​ကြောင်း သိမြင်​သဖြင့် မိမိ​ကိုယ်​ပေါ်​မှ မုဆိုးမ​အဝတ်​ကို​ချွတ်​၍ မိမိကိုယ်ကို​ခြုံပဝါ​ဖြင့် ဖုံးအုပ်​ခြုံရုံ​ပြီးလျှင် တိမနတ်​မြို့​သို့​သွား​ရာ​လမ်း​ရှိ ဧနိမ်​မြို့​အဝင်ဝ​၌ ထိုင်​နေ​၏​။ ယုဒ​သည် သူ့​ကို​မြင်​သောအခါ သူ​သည် မိမိ​၏​မျက်နှာ​ကို​ဖုံး​ထား​သောကြောင့် ပြည့်တန်ဆာ​ဟု ထင်မှတ်​လေ​၏​။ ယုဒ​သည် သူ့​ကို မိမိ​၏​ချွေးမ​ဖြစ်ကြောင်း​မ​သိ​သောကြောင့် လမ်းဘေး​ရှိ​တာမာ​ထံသို့​လှည့်လာ​ပြီး “​လာ​ပါ​။ သင့်​ထံသို့ ငါ​ဝင်​လို​၏​”​ဟု ဆို​လေ​၏​။ ထိုအခါ တာမာ​က “​သင်​သည် ကျွန်မ​ထံသို့​ဝင်​လျှင် ကျွန်မ​အား မည်သည့်​အရာ​ကို​ပေး​မည်နည်း​”​ဟု မေး​လေ​၏​။ ယုဒ​က​လည်း “​သိုးဆိတ်​တို့​ထဲမှ ဆိတ်သငယ်​တစ်​ကောင်​ကို​ပို့ပေး​မည်​”​ဟု ဆို​သော် သူ​က “​သင်​မ​ပို့ပေး​မီ အာမခံပစ္စည်း​ကို​သာ ပေး​ထား​ပါ​”​ဟု ဆို​၏​။ ယုဒ​က “​သင့်​အား မည်သည့်​အာမခံပစ္စည်း​ကို ငါ​ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​က “​သင်​၏​တံဆိပ်​၊ သင်​၏​ကြိုး​၊ သင်​ကိုင်ဆောင်​သော​တောင်ဝှေး​”​ဟု ဆို​၏​။ ယုဒ​သည်​လည်း ထို​ပစ္စည်း​တို့​ကို သူ့​အား​ပေး​ပြီး သူ့​ထံသို့​ဝင်​သဖြင့် သူ​သည် ယုဒ​နှင့်​ကိုယ်ဝန်ရ​လေ​၏​။ တာမာ​သည် ထ​သွား​၍ မိမိ​ကိုယ်​ပေါ်​မှ ခြုံပဝါ​ကို​ချွတ်​ပြီးလျှင် မုဆိုးမ​အဝတ်​ကို​ပြန်ဝတ်​၏​။ ထို့နောက် ယုဒ​သည် ထို​မိန်းမ​လက်​မှ အာမခံပစ္စည်း​ကို​ပြန်ယူ​ရန် ဆိတ်သငယ်​တစ်​ကောင်​ကို မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​နှင့်​ပို့လိုက်​၏​။ သို့ရာတွင် သူ​သည် ထို​မိန်းမ​ကို​ရှာ​မ​တွေ့​သဖြင့် သူ​က ထို​အရပ်​၌​ရှိ​သော​လူ​တို့​အား “​ဧနိမ်​မြို့​လမ်း​ဘေး​၌​ထိုင်​လေ့​ရှိ​သော ဗိမာန်ပြည့်တန်ဆာ​သည် အဘယ်မှာ​နည်း​”​ဟု မေး​၏​။ သူ​တို့​က​လည်း “​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​”​ဟု ပြန်ပြော​ကြ​၏​။ ထိုအခါ သူ​သည် ယုဒ​ထံသို့​ပြန်လာ​၍ “​ထို​မိန်းမ​ကို ရှာ​မ​တွေ့​ပါ​။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​က​လည်း ‘​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​’​ဟူ၍ ဆို​ကြ​ပါ​သည်​”​ဟု ပြော​လေ​၏​။ ထိုအခါ ယုဒ​က “​ထို​ပစ္စည်း​တို့​ကို သူ​ယူထား​ပါလေစေ​။ ထိုသို့​မ​ဟုတ်​လျှင် ငါ​တို့​သည် မထီမဲ့မြင်ပြုစရာ​ဖြစ်​လိမ့်မည်​။ ကြည့်​ပါ​။ ငါ​သည် ဤ​ဆိတ်သငယ်​ကို​ပို့လိုက်​သော်လည်း သင်​သည် သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ချေ​”​ဟု ဆို​လေ​၏​။ သုံး​လ​ခန့်​ကြာ​ပြီးနောက် တစ်စုံတစ်ဦး​က ယုဒ​အား “​သင်​၏​ချွေးမ​တာမာ​သည် ပြည့်တန်ဆာအလုပ်လုပ်​၏​။ ကြည့်​လော့​။ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့်​လည်း ကိုယ်ဝန်ရ​နေ​ပြီ​”​ဟု ကြားပြော​၏​။ ထို့ကြောင့် ယုဒ​က “​သူ့​ကို​အပြင်ထုတ်​၍ မီးရှို့​သတ်​စေ​”​ဟု ဆို​၏​။