YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 12:8-20

ကမ္ဘာဦး 12:8-20 Judson Bible (JBMLE)

ထို​အ​ရပ်​မှ​သွား​ပြန်၍၊ ဗေ​သ​လ​မြို့​အ​ရှေ့၌​ရှိ​သော​တောင်​သို့ ပြောင်း​သ​ဖြင့်၊ ဗေ​သ​လ​မြို့​အ​ရှေ့၊ အာ​ဣ​မြို့​အ​နောက်​စပ်​ကြား​မှာ တဲ​ကို​ဆောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။ အာ​ဗြံ​သည် ခ​ရီး​သွား​လျက်၊ ပြောင်း​လျက်၊ တောင်​မျက်​နှာ​သို့​ရောက်​လေ၏။ ထို​နောက်၊ ခါ​နာန်​ပြည်၌ အ​စား​ခေါင်း​ပါး​ခြင်း​ဖြစ်၏။ အ​လွန်​အ​စား​ခေါင်း​ပါး​သော​ကြောင့်၊ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်၌​တည်း​ခို​ခြင်း​ငှာ သွား​လေ၏။ အဲ​ဂု​တ္တု​ပြည်​နှင့်​နီး​သော​အ​ခါ၊ မိ​မိ​မ​ယား​စာ​ရဲ​ကို၊ သင်​သည် အ​ဆင်း​လှ​သော​မိန်း​မ​ဖြစ်​သည်​ကို​ငါ​သိ၏။ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​ကို​မြင်​သော​အ​ခါ၊ ဤ​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်၏​ဟု​ဆို​လျက်၊ ငါ့​ကို​သတ်၍ သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ငါ့​နှ​မ​ဖြစ်​ကြောင်း​ကို​ပြော​ပါ​လော့။ သို့​ပြော​လျှင် သင့်​အ​တွက် ငါ​ကောင်း​စား​လိမ့်​မည်။ သင်၏​ကျေး​ဇူး​အား​ဖြင့် ငါ​အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု ဆို၏။ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ သူ၏​မ​ယား​သည် အ​လွန်​အ​ဆင်း​လှ​သည်​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​မြင်​ကြ၏။ ဖာ​ရော​ဘု​ရင်၏​မှူး​တော်​မတ်​တော်​တို့​လည်း​မြင်၍၊ ရှေ့​တော်၌​ချီး​မွမ်း​ပြီး​လျှင်၊ နန်း​တော်​သို့​သွင်း​ရ​ကြ၏။ ဖာ​ရော​ဘု​ရင်​သည် ထို​မိန်း​မ​အ​တွက် အာ​ဗြံ၌​ကျေး​ဇူး​ပြု​သ​ဖြင့်၊ သူ​သည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်း​မ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​များ​နှင့်​ကြွယ်​ဝ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​အ​တွက်​ကြောင့်၊ ဖာ​ရော​ဘု​ရင်​မှ​စ၍ နန်း​တော်​သား​တို့​ကို ကြီး​သော​ဘေး​ဒဏ်​ဖြင့် ဆုံး​မ​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။ ငါ​သည် သူ့​ကို​သိမ်း​ပိုက်​စေ​ခြင်း​ငှာ၊ သူ​သည် ငါ့​နှ​မ​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။ သင်၏​မ​ယား​ကို ယ​ခု​ယူ၍​သွား​လော့​ဟု အ​မိန့်​ရှိ၏။ ထို​သို့​အာ​ဗြံ​အ​မှု​ကို​စီ​ရင်၍၊ မိ​မိ​လူ​တို့​အား​မှာ​ထား​သ​ဖြင့်၊ သူ​တို့​သည် အာ​ဗြံ၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့်​တ​ကွ၊ သ​မီး​မောင်​နှံ​တို့​ကို လွှတ်​လိုက်​ကြ၏။

ကမ္ဘာဦး 12:8-20 Common Language Bible (BCL)

ထို​အ​ရပ်​မှ​သူ​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​အ​ရပ်​သို့​ပြောင်း​ရွှေ့​၍ စ​ခန်း ချ​လေ​သည်။ ထို​စ​ခန်း​၏​အ​နောက်​ဘက်​တွင် ဗေ​သ​လ​မြို့၊ အ​ရှေ့​ဘက်​တွင်​အာ​ဣ​မြို့​တည်​ရှိ လေ​သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လေ သည်။- ထို​မှ​တစ်​ဖန်​သူ​သည်​အ​ဆင့်​ဆင့်​ပြောင်း​ရွှေ့ လာ​ခဲ့​ရာ ခါ​နာန်​ပြည်​၏​တောင်​ပိုင်း​သို့​ရောက် ရှိ​လေ​သည်။ ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ဆိုက်​ရောက်​၍ အ​ခြေ​အ​နေ​ဆိုး​ရွား​လာ​သ ဖြင့်​အာ​ဗြံ​သည် အီ​ဂျစ်​ပြည်​၌​ခေတ္တ​နေ​ထိုင် ရန်​တောင်​ဘက်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။- သူ​သည်​အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရန်​နယ်​စပ် ကို​ဖြတ်​ကျော်​ခါ​နီး​တွင် သူ​၏​မ​ယား​စာ​ရဲ အား``သင်​သည်​ရုပ်​ရည်​လှ​သော​အ​မျိုး​သ​မီး ဖြစ်​၏။- အီ​ဂျစ်​ပြည်​သား​တို့​မြင်​လျှင်`သူ​သည်​အာ​ဗြံ ၏​မ​ယား​ဖြစ်​၏' ဟု​ဆို​၍​ငါ့​ကို​သတ်​ပြီး နောက် သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်။- ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။- သူ​သည်​နယ်​စပ်​ကို​ဖြတ်​၍ အီ​ဂျစ်​ပြည်​ထဲ သို့​ဝင်​လာ​သော​အ​ခါ ထို​ပြည်​သား​တို့​က သူ​၏​မ​ယား​သည် ရုပ်​ရည်​လှ​သော​အ​မျိုး သ​မီး​ဖြစ်​ကြောင်း​တွေ့​မြင်​ကြ​၏။- နန်း​တော်​မှ​မှူး​မတ်​အ​ချို့​တို့​က​လည်း​စာ​ရဲ ၏​ရုပ်​ရည်​အ​လှ​ကို​မြင်​ရ​၍ ဖာ​ရော​ဘု​ရင် ထံ​သို့​သံ​တော်​ဦး​တင်​ကြ​သ​ဖြင့် သူ​မ​သည် နန်း​တော်​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​လေ​၏။- သူ့​အ​တွက်​ကြောင့်​ဘု​ရင်​သည်​အာ​ဗြံ​အား ကောင်း​စွာ​ပြု​စု​၍​သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်​နှင့်​ကု​လား​အုတ်​များ​ကို​ဆု​ချ​ပေး သ​နား​တော်​မူ​၏။ သို့​သော်​လည်း​ဘု​ရင်​က စာ​ရဲ​ကို​သိမ်း​ပိုက် မိ​ခြင်း​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​နှင့် တ​ကွ နန်း​တွင်း​သား​တို့​အား​ကြောက်​မက်​ဖွယ် သော​ရော​ဂါ​ဆိုး​ဒဏ်​ကို​ခံ​စေ​တော်​မူ​၏။- ထို​အ​ခါ​၌​ဘု​ရင်​သည်​အာ​ဗြံ​ကို​ဆင့်​ခေါ် ၍``သင်​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​သ​နည်း။ စာ​ရဲ​သည်​သင်​၏​မ​ယား​ဖြစ်​ကြောင်း​ကို ငါ့ အား​အ​ဘယ်​ကြောင့်​မ​ပြော​ပြ​သ​နည်း။- သူ့​ကို​ငါ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​စေ​ရန် သူ သည်​သင်​၏​နှ​မ​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် သင်​ဆို​သ​နည်း။ ယ​ခု​ပင်​သင်​၏​မ​ယား​ကို ခေါ်​၍​ထွက်​သွား​လော့'' ဟု​အ​မိန့်​ပေး​၏။- ထို​သို့​အ​မိန့်​ချ​မှတ်​သည့်​အ​တိုင်း​မင်း​၏​အ​မှု ထမ်း​တို့​သည် အာ​ဗြံ​အား​သူ​၏​မ​ယား​နှင့် တ​ကွ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို​ယူ​ဆောင်​စေ​ပြီး တိုင်း​ပြည်​မှ​ထွက်​ခွာ​သွား​စေ​ကြ​၏။

ကမ္ဘာဦး 12:8-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​သည် ထို​အရပ်​မှ ဗေသလ​မြို့​အရှေ့ဘက်​ရှိ တောင်ပေါ်ဒေသ​သို့​ရွှေ့ပြောင်း​၍ တဲ​ကို​ဆောက်​လေ​၏​။ ထို​အရပ်​၏​အနောက်ဘက်​တွင် ဗေသလ​မြို့​၊ အရှေ့ဘက်​တွင်​အာဣ​မြို့​ရှိ​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​၏​။ တစ်ဖန် အာဗြံ​သည် ထိုမှ​ထွက်ခွာ​လာ​၍ နေဂေ့​အရပ်​သို့ ဆက်၍​ခရီးပြု​လေ​၏​။ ထို့နောက် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​၏​။ ထို​ပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခိုနေထိုင်​ရန် ဆင်းသွား​လေ​၏​။ အီဂျစ်​ပြည်​သို့ ရောက်​လု​နီး​သောအခါ သူ​သည် မိမိ​မယား​စာရဲ​အား “​ကြည့်ရှု​လော့​။ သင်​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို ငါ​သိ​၏​။ အီဂျစ်​ပြည်သား​တို့​သည် သင့်​ကို​တွေ့မြင်​သောအခါ ‘​ဤ​အမျိုးသမီး​သည် သူ​၏​မယား​ဖြစ်​၏​’​ဟု ဆို​လျက် ငါ့​ကို​သတ်​၍ သင့်​ကို​အသက်ချမ်းသာ​ပေး​ကြ​လိမ့်မည်​။ သို့ဖြစ်၍ သင်​သည် ငါ့​နှမ​ဖြစ်​သည်​ဟု ပြော​ပါ​။ ထိုသို့​ပြော​လျှင် သင့်​အတွက်ကြောင့် ငါ​သည်​ကောင်းစား​၍ ငါ့​အသက်​သည်​လည်း သင့်​ကြောင့် ချမ်းသာ​ရာ​ရ​လိမ့်မည်​”​ဟု ဆို​၏​။ အီဂျစ်​ပြည်​သို့ အာဗြံ​ရောက်​သောအခါ စာရဲ​သည် အလွန်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို အီဂျစ်​ပြည်သား​တို့​တွေ့မြင်​ကြ​၏​။ ဖာရော​မင်းကြီး​၏​မှူးမတ်​တို့​သည်​လည်း ထို​အမျိုးသမီး​ကို​တွေ့မြင်​၍ ဖာရော​မင်းကြီး​ရှေ့​၌ သူ့​အကြောင်း​ကို​ချီးကျူးပြောဆို​သဖြင့် သူ​သည် ဖာရော​မင်းကြီး​၏​နန်းတော်​သို့ သိမ်းယူ​ခြင်း​ခံရ​လေ​၏​။ ဖာရော​မင်းကြီး​သည် စာရဲ​ကြောင့် အာဗြံ​ကို​ကောင်းစား​စေ​သဖြင့် အာဗြံ​သည် သိုးအုပ်​၊ နွားအုပ်​၊ မြည်းထီး​၊ မြည်းမ​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။ သို့သော် ထာဝရဘုရား​သည် အာဗြံ​၏​မယား​စာရဲ​အတွက်ကြောင့် ဖာရော​မင်းကြီး​နှင့် သူ​၏​နန်းတော်သူ​နန်းတော်သား​တို့​အပေါ် ကြီးစွာ​သော​ဘေးဒဏ်​ကို​ကျရောက်​စေ​တော်မူ​၏​။ ထိုအခါ ဖာရော​မင်းကြီး​သည် အာဗြံ​ကို​ဆင့်ခေါ်​၍ “​ငါ​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ သူ​သည် သင်​၏​မယား​ဖြစ်ကြောင်း ငါ့​ကို အဘယ်ကြောင့်​မ​ပြော​သနည်း​။ သူ့​ကို​ငါ​၏​မယား​အဖြစ်​ယူ​မိ​စေရန် ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ငါ့​ကို အဘယ်ကြောင့် ပြော​ရ​သနည်း​။ သင်​၏​မယား​ကို ယခု​ခေါ်​၍ ထွက်သွား​လော့​”​ဟု မိန့်ဆို​၏​။ ထို့နောက် ဖာရော​မင်းကြီး​သည် သူ့​လူ​တို့​ကို အာဗြံ​နှင့်​ပတ်သက်၍​မှာကြား​လိုက်​သဖြင့် သူ​တို့​သည် အာဗြံ​ကို သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ ထွက်ခွာ​စေ​ကြ​၏​။