YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:1-21

ဂလာတိ 2:1-21 Judson Bible (JBMLE)

ထို​နောက် တစ်​ဆယ်​လေး​နှစ်​လွန်​ပြီး​မှ၊ ငါ​သည် တိ​တု​ကို​ခေါ်၍ ဗာ​န​ဗ​နှင့်​အ​တူ ယေ​ရု​ရှင်​မြို့​သို့ တစ်​ဖန် သွား​လေ၏။- ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။- သို့​သော်​လည်း ငါ​နှင့်​အ​တူ​ပါ​သော ဟေ​လ​သ​အ​မျိုး​တိ​တု​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​ကြ။- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။- မှန်​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် သင်​တို့၌ တည်​နေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ထို​သူ​တို့​စီ​ရင်​ခြင်း​ကို ခ​ဏ​မျှ ဝန်​မ​ခံ​ကြ။- အ​သ​ရေ​ထင်​ရှား​သော​သူ​တို့​သည် အ​ထက်​က အ​ဘယ်​သို့​သော​သူ ဖြစ်​ကြ​သည်​ကို​ငါ​မ​ဆိုင်။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။ ထို​သူ​တို့နှင့် ငါ​သည် ပေါင်း​ဖော်၍ ထူး​ခြား​သော​အ​ရာ​ကို မ​ခံ​ရ​သည်​သာ​မ​က၊- အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။- အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။- ငါ​တို့​သည် ဆင်း​ရဲ​သော​သူ​များ​ကို အောက်​မေ့​စေ​ခြင်း​ငှာ သူ​တို့​အ​လို​တစ်​ခု​တည်း ရှိ၏။ ထို​အ​မှု​ကို ငါ​သည် အ​လို​အ​လျောက် ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။ ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။- အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​သည် ယာ​ကုပ်​ထံ​မှ မ​ရောက်​မ​လာ​မီ၊ ပေ​တ​ရု​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် အ​တူ​စား၏။ သူ​တို့​ရောက်​လာ​သော​နောက်၊ ပေ​တ​ရု​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့၏​မျက်​နှာ​ကို ထောက်၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဝံ့။ တစ်​ယောက်​တ​ခြား​စီ နေ၏။- ကြွင်း​သော​ယု​ဒ​လူ​တို့​သည် ပေ​တ​ရု​နှင့်​အ​တူ လျှို့​ဝှက်၍၊ သူ​တို့ လျှို့​ဝှက်​ခြင်း​အား​ဖြင့် ဗာ​န​ဗ​သည်​လည်း သူ​တို့​ဘက်​သို့​ပါ​သွား၏။- သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။ လူ​တို့​သည် ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ မ​ရောက်၊- ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​သည်​ကို၊ အ​ပြစ်​ထင်​ရှား​သော တစ်​ပါး အ​မျိုး​သား​မ​ဟုတ်​ဘဲ၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​ငါ​တို့​သည် အ​မှန်​သိ​သည်​နှင့်​အ​ညီ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​မ​ရောက်၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ၊ ငါ​တို့​ပင် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ရာ။- ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ ငါ​တို့​သည် ကြိုး​စား​လျက်​ပင်၊ အ​ပြစ် ထင်​ရှား​သော​သူ ဖြစ်​သေး​သည်​မှန်​လျှင်၊ ခ​ရစ်​တော်​သည် အ​ပြစ်​တ​ရား​ကို ပြု​စု​သော​သူ​ဖြစ်​သ​လော။- ထို​သို့​မ​ဖြစ်​နိုင်​ရာ။ အ​ထက်​က ငါ​ဖြို​ဖျက်​သော အ​ရာ​ကို နောက်​တစ်​ဖန် ငါ​တည်​ဆောက်​ပြန်​လျှင်၊ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို ကိုယ်ထင်​ရှား​စွာ​ပြ၏။- ထို​မှ​တစ်​ပါး၊ ငါ​သည် ဘု​ရား​သ​ခင်​နှင့် ဆိုင်​သော​အ​ရာ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌ ပ​ညတ်​တ​ရား​အား​ဖြင့် သေ​လျက်​နေ၏။- ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။

ဂလာတိ 2:1-21 Common Language Bible (BCL)

တစ်​ဆယ့်​လေး​နှစ်​မျှ​ကြာ​သော​အ​ခါ ငါ​နှင့် ဗာ​န​ဗ​တို့​သည် တိ​တု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​၏။- ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။- ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။- သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။ ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။- ထို​သူ​တို့​သည်​ငါ့​အား​အ​ကြံ​ဉာဏ်​သစ် ပေး​မည့်​အ​စား​ဘု​ရား​သ​ခင်​သည် ပေ​တ​ရု အား​သ​တင်း​ကောင်း​ကို​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​သူ​တို့​အား ဟော​ပြော​ကြေ​ညာ ရန်​တာ​ဝန်​ပေး​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လူ​မျိုး​ခြား​တို့​အား​သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ရန် တာ​ဝန်​ပေး​တော်​မူ ကြောင်း​သိ​မြင်​လာ​ကြ​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။- ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။ အန္တိ​အုတ်​မြို့​သို့​ပေ​တ​ရု​ရောက်​ရှိ​လာ​သော အ​ခါ သူ​၏​အ​ပြု​အ​မူ​သည်​မှား​လျက်​နေ သည်​မှာ​သိ​သာ​ထင်​ရှား​သ​ဖြင့် ငါ​သည် သူ့​အား​လူ​တို့​ရှေ့​တွင်​ပြစ်​တင်​ပြော​ဆို​၏။- ယာ​ကုပ်​စေ​လွှတ်​လိုက်​သော​သူ​များ​မ​ရောက်​မီ သူ​သည်​လူ​မျိုး​ခြား​တို့​နှင့်​အ​တူ​စား​သောက် လျက်​နေ​၏။ သို့​သော်​လည်း​ယာ​ကုပ်​စေ​လွှတ် လိုက်​သော​သူ​တို့​ရောက်​ရှိ​လာ​သော​အ​ခါ​၌ မူ​ကား လူ​မျိုး​ခြား​တို့​နှင့်​ပေါင်း​ဖော်​စား သောက်​မှု​ကို​မ​ပြု​တော့​ချေ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​သည်​လူ​မျိုး​ခြား​တို့​အား အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​စေ​လို​သော​သူ​တို့​ကို ကြောက်​သော​ကြောင့်​ဖြစ်​သည်။- အ​ခြား​ယု​ဒ​အ​မျိုး​သား​ယုံ​ကြည်​သူ​များ သည်​လည်း ပေ​တ​ရု​ကဲ့​သို့​ပင်​သူ​ရဲ​ဘော​ကြောင် သည့်​အ​ပြု​အ​မူ​ကို​ပြု​လုပ်​လာ​သ​ဖြင့် ဗာ​န​ဗ ပင်​လျှင်​သူ​တို့​၏​ဘက်​သို့​လိုက်​ပါ​သွား​လေ သည်။- သို့​ရာ​တွင်​သူ​တို့​၏​အ​ပြု​အ​မူ​သည်​သ​တင်း ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​မှု​မ​ရှိ ကြောင်း​ကို ငါ​သိ​မြင်​သော​အ​ခါ ပေ​တ​ရု​အား လူ​အ​ပေါင်း​တို့​ရှေ့​တွင်``သင်​သည်​ယု​ဒ​အ​မျိုး သား​ဖြစ်​ပါ​လျက် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ဟုတ်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​ပြု​မူ​နေ​ထိုင် လျက်​ရှိ​ရာ သင်​သည်​အ​ဘယ်​ကြောင့်​လူ​မျိုး ခြား​တို့​အား​ယု​ဒ​အ​မျိုး​သား​တို့​ကဲ့​သို့ ပြု​မူ​နေ​ထိုင်​စေ​ရန်​အ​နိုင်​အ​ထက်​ပြု​ပါ သ​နည်း'' ဟု​မေး​၏။ ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​ဇာ​တိ​အား​ဖြင့်​ယု​ဒ အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ ``အ​ပြစ်​ကူး​သူ လူ​မျိုး​ခြား​များ'' မ​ဟုတ်​ကြ။- သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန်​ကြိုး စား​ကြ​ရာ​တွင် မိ​မိ​တို့​သည်​လည်း​လူ​မျိုး​ခြား တို့​နည်း​တူ​အ​ပြစ်​ကူး​သူ​များ​ဖြစ်​ကြောင်း တွေ့​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​သည်​ငါ​တို့ အ​ပြစ်​ကူး​မှု​ကို​အား​ပေး​သည်​ဟု​ဆို​နိုင် မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဆို​နိုင်။- အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။- ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။- သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။- ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။

ဂလာတိ 2:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တစ်ဆယ့်လေး​နှစ်​ကြာ​သောအခါ ငါ​သည် တိတု​ကို​ခေါ်​၍ ဗာနဗ​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​သွား​ခဲ့​၏။ ဤသည်ကား ဗျာဒိတ်​တော်​အရ​သွား​ခြင်း​ဖြစ်​၏။ ထိုအခါ ငါ​သည် လူမျိုးခြား​တို့​ထဲ၌ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အား​တင်ပြ​ပြီး အထင်ကရ​ဖြစ်​သော​သူ​တို့​ကို​မူကား သီးသန့်​တင်ပြ​ခဲ့​၏။ ထိုသို့​တင်ပြ​ခဲ့​ခြင်းမှာ ငါ​ကြိုးစား​အားထုတ်​နေ​သော​အရာ​ဖြစ်စေ၊ ကြိုးစား​အားထုတ်​ခဲ့​သော​အရာ​ဖြစ်စေ အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​မ​ဖြစ်​စေရန်​ဖြစ်​၏။ သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။ ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။ သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။ ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ယခင်က မည်ကဲ့သို့သော​သူ​ဖြစ်​ပါစေ ငါ့​အတွက်​အကြောင်း​မ​ဟုတ်။ ဘုရားသခင်​သည် လူ့​မျက်နှာ​ကို​ထောက်​တော်​မ​မူ။ အမှန်စင်စစ် ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အပေါ် မည်သည့်​အရာ​ကို​မျှ မ​ဖြည့်စွက်​ခဲ့​ကြ​ပေ။ သို့သော် ကောင်းမြတ်​သော​သတင်း​ကို အရေဖျား​လှီး​ထား​သော​သူ​တို့​အတွက် ပေတရု​၌​ယုံကြည်​အပ်နှံ​တော်မူ​သကဲ့သို့ အရေဖျား​မ​လှီး​သော​သူ​တို့​အတွက် ငါ​၌​ယုံကြည်​အပ်နှံ​တော်မူ​ကြောင်း​ကို သူ​တို့​တွေ့မြင်​ကြ​၏။ အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။ ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။ သူ​တို့​၏​တစ်ခုတည်း​သော​မှာကြား​ချက်​မှာ ဆင်းရဲသား​တို့​ကို ငါ​တို့​သတိရ​စေရန်​ဖြစ်​၏။ ထို​အမှု​ကို​ပြု​ရန် ငါ​လည်း​ကြိုးစား​အားထုတ်​လာ​ခဲ့​၏။ သို့သော် အန္တိအုတ်​မြို့​သို့ ကေဖ​ရောက်လာ​သောအခါ သူ​၌​အပြစ်တင်​စရာ​ရှိ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာချင်းဆိုင်​၍ ပိတ်ပင်​တားဆီး​ရ​၏။ အကြောင်းမူကား ယာကုပ်​ထံမှ လူ​အချို့​ရောက်​မ​လာ​မီ သူ​သည် လူမျိုးခြား​တို့​နှင့်အတူ​စား​သောက်​၏။ သို့သော် သူ​တို့​ရောက်လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​ကို​ကြောက်​သဖြင့် တွန့်ဆုတ်​၍ သီးခြား​နေ​လေ​၏။ ထိုအခါ ကျန်​သော​ဂျူး​အမျိုးသား​တို့​သည်​လည်း သူ​နှင့်အတူ သူတော်ကောင်း​ယောင်ဆောင်​ကြ​သဖြင့် ဗာနဗ​ပင်လျှင် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​ခြင်း​သို့ လိုက်​ပါ​သွား​ခဲ့​၏။ သို့သော် သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​နှင့်အညီ ဖြောင့်မတ်​စွာ​လျှောက်လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သောအခါ ထို​သူ​အပေါင်း​တို့​ရှေ့၌ ကေဖ​အား “ဂျူး​လူမျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူမျိုး​ကဲ့သို့​မ​နေထိုင်​ဘဲ လူမျိုးခြား​ကဲ့သို့​နေထိုင်​သည်​ဆို​လျှင် လူမျိုးခြား​တို့​ကို ဂျူး​လူမျိုး​ကဲ့သို့​နေထိုင်​ရန် အဘယ်ကြောင့် အတင်းအကျပ်​စေခိုင်း​သနည်း”​ဟု ငါ​ဆို​၏။ ငါ​တို့​သည် အပြစ်သား​လူမျိုးခြား​တို့​ထဲမှ​မ​ဟုတ်​ဘဲ ဇာတိ​အားဖြင့် ဂျူး​လူမျိုး​များ​ဖြစ်​ကြ​၏။ သို့သော် လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း သိ​ကြ​သဖြင့် ငါ​တို့​သည် ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ခရစ်တော်​ယေရှု​ကို ယုံကြည်​ကြ​၏။ အကြောင်းမူကား ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့် မည်သူမျှ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ သို့ရာတွင် ငါ​တို့​သည် ခရစ်တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ရှာကြံ​နေ​ကြ​စဉ် ငါ​တို့​ကိုယ်တိုင် အပြစ်သား​များ​ဖြစ်​ကြောင်း​တွေ့ရှိ​ရ​သည်​ဆိုလျှင် ခရစ်တော်​သည် အပြစ်​တရား​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ အကြောင်းမူကား ငါ​သည် မိမိ​ဖြိုဖျက်​ခဲ့​သော ထို​အရာ​များ​ကို ပြန်လည်​တည်ဆောက်​လျှင် ကိုယ့်ကိုယ်ကိုယ် ပညတ်​တရား​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ကြောင်း ထင်ရှား​စေ​ရာ​ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် ဘုရားသခင်​၌​အသက်ရှင်​နိုင်​ရန် ပညတ်​တရား​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီ။ ငါ​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​ပြီ။ သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။ ငါ​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မ​ပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​ကို ပညတ်​တရား​အားဖြင့်​ရရှိ​နိုင်​လျှင် ခရစ်တော်​သည် အချည်းနှီး​အသေခံ​တော်မူ​ပြီ။