YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 37:1-14

ယေဇကျေလ 37:1-14 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊ ထို​အ​ရိုး​တို့​ပတ်​လည်၌ လျှောက်​သွား​စေ​တော်​မူ၏။ ထို​ချိုင့်​မျက်​နှာ​ပြင်၌ များ​စွာ​သော​အ​ရိုး​တို့​သည်​ရှိ၍ အ​လွန်​သွေ့​ခြောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် အ​သက်​ရှင်​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သိ​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​ရိုး​တို့​အ​ပေါ်​မှာ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​မှာ၊ အို သွေ့​ခြောက်​သော အ​ရိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။ သင်​တို့​အ​ပေါ်​မှာ အ​ကြော​တို့​ကို ငါ​တင်၍ အ​သား​ကို​တက်​စေ​မည်။ အ​ရေ​နှင့် ဖုံး​လွှမ်း၍၊ အ​သက်​ကို သွင်း​သ​ဖြင့် သင်​တို့​သည် အ​သက်​ရှင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု၊ မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည် ပ​ရော​ဖက်​ပြု၏။ ပ​ရော​ဖက်​ပြု​စဉ်​တွင် အ​သံ​မြည်၏။ လှုပ်​ရှား​ခြင်း​လည်း ရှိ၏။ အ​ရိုး​တို့​သည် တစ်​ခု​အ​နီး​သို့​တစ်​ခု ချဉ်း​ကြ၏။ ငါ​ကြည့်​ရှု​စဉ်​တွင် အ​ကြော​တို့​သည်​ပေါ်​လာ၍ အ​သား​လည်း​တတ်၏။ အ​ရေ​လည်း ဖုံး​လွှမ်း၏။ သို့​ရာ​တွင်၊ အ​သက်​မ​ရှိ​သေး။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊ မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည်​ပ​ရော​ဖက်​ပြု၍၊ လေ​သည် သူ​တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့် သူ​တို့​သည် အ​သက်​ရှင်၍၊ အ​လွန်​များ​သော ဗိုလ်​ခြေ​ဖြစ်​လျက် မတ်​တတ်​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။ သို့​ဖြစ်၍၊ ပ​ရော​ဖက်​ပြု​လျက် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍ သင်​တို့​ကို ထုတ်​ပြီး​လျှင် ဣ​သ​ရေ​လ​ပြည်​သို့ ပို့​ဆောင်​မည်။ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍​သင်​တို့​ကို ထုတ်​ပြီး​လျှင်၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ယေဇကျေလ 37:1-14 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ငါ့​ကို လွှမ်း​မိုး​၍​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ငါ့ ကို​ဆောင်​သွား​ပြီး​လျှင်​အ​ရိုး​များ​ဖြင့်​ဖုံး လွှမ်း​နေ​သည့်​ချိုင့်​ဝှမ်း​တွင်​ချ​ထား​တော် မူ​၏။- ကိုယ်​တော်​သည်​ငါ့​အား​ထို​ချိုင့်​ဝှမ်း​တစ်​လျှောက် သို့​ခေါ်​ဆောင်​သွား​တော်​မူ​သ​ဖြင့် ထို​အ​ရပ်​၌ အ​ရိုး​အ​မြောက်​အ​မြား​ရှိ​သည့်​အ​ပြင်၊ ထို အ​ရိုး​တို့​သည်​အ​လွန်​သွေ့​ခြောက်​လျက်​နေ သည်​ကို​လည်း​ငါ​မြင်​ရ​လေ​သည်။- ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။ ကိုယ်​တော်​က``အ​ရိုး​တို့​အား​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား တော်​ကို​နား​ထောင်​ကြ​ရန်​ထို​အ​ရိုး​တို့ အား​ပြော​ကြား​လော့။- ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။- သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ​သည့် အ​တိုင်း​ဟော​ပြော​၏။ ယင်း​သို့​ဟော​ပြော​နေ စဉ်​တ​ချွတ်​ချွတ်​မြည်​သံ​ကို​ငါ​ကြား​ရ​၏။ ထို​နောက်​အ​ရိုး​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု ဆက်​စပ်​သွား​ကြ​၏။- ယင်း​တို့​ကို​ငါ​ကြည့်​လျက်​နေ​စဉ်​ပင်​အ​ရိုး တို့​အ​ပေါ်​မှာ အ​ကြော​များ​ပေါ်​လာ​၍ အ​သား​တက်​လျက်​အ​ရေ​ဖုံး​လေ​၏။ သို့ ရာ​တွင်​အ​သက်​မ​ရှိ​သေး။ ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ လေ​အား​ဟော​ပြော​လော့။ အ​ရပ်​ရှစ်​မျက်​နှာ မှ​တိုက်​ခတ်​လာ​ကာ​ဤ​လူ​သေ​ကောင်​များ ပြန်​၍​အ​သက်​ရှင်​စေ​ရန် ထွက်​သက်​ဝင်​သက် လေ​ကို​မှုတ်​သွင်း​ရန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​လေ​အား​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​ဟော​ပြော​၏။ ထို​အ​ခါ​လူ သေ​အ​လောင်း​တို့​သည်​ထွက်​သက်​ဝင်​သက် လေ​ကို​ရ​ရှိ​ကာ​အသက်​ရှင်​လာ​ပြီး​လျှင် မတ်​တတ်​ရပ်​ကြ​ကုန်​၏။ ထို​သူ​တို့​သည် တပ်​မ​တော်​ကြီး​ဖွဲ့​စည်း​လောက်​အောင် များ​ပြား​သ​တည်း။ ဘု​ရား​သ​ခင်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ထို​အ​ရိုး​များ​နှင့်​တူ ကြ​၏။ သူ​တို့​က​ငါ​တို့​သည်​သွေ့​ခြောက်​လျက် သေ​၍​နေ​လေ​ပြီ။ အ​နာ​ဂတ်​အ​တွက်​မျှော် လင့်​စ​ရာ​မ​ရှိ​တော့​ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။- ငါ​၏​လူ​မျိုး​အား​မြှုပ်​နှံ​ထား​ရာ​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​၍​သူ​တို့​အား​ထုတ်​သော အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေဇကျေလ 37:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။ ထို့နောက် ထာဝရဘုရား​သည် ငါ့​အား ထို​အရိုး​တို့​ပတ်ပတ်လည်​သို့ လျှောက်သွား​စေ​၏​။ ချိုင့်ဝှမ်း​တစ်ပြင်လုံး​တွင် အရိုး​အမြောက်အမြား​ရှိ​၍ အလွန်​ခြောက်သွေ့​နေ​သည်​ကို တွေ့​ရ​၏​။ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရိုး​တို့ အသက်ရှင်​နိုင်​မည်လော​”​ဟု မေး​လျှင် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ကိုယ်တော်​က ငါ့​အား ဤ​အရိုး​တို့​ကို ပရောဖက်ပြု​ဟောပြော​လော့​။ “အို အရိုး​ခြောက်​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဤ​အရိုး​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အထဲ​သို့ အသက်လေ​ကို​မှုတ်သွင်း​၍ သင်​တို့​အသက်ရှင်​လာ​လိမ့်မည်​။ အရွတ်​ပေါ်လာ​စေ​မည်​။ အသား​တက်လာ​စေ​မည်​၊ အရေပြား​ဖြင့် ဖုံးအုပ်​စေ​မည်​။ သင်​တို့​အထဲ​သို့ အသက်​လေ​ကို​မှုတ်သွင်း​၍ သင်​တို့​ကို အသက်ရှင်​လာ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။ ငါ့​ကို မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​သည် ပရောဖက်ပြု​ဟောပြော​၏​။ ပရောဖက်ပြု​ဟောပြော​နေစဉ် အသံ​တစ်​ခု​ကြား​ရ​၏​။ အရိုး​တို့ လှုပ်ရှား​လာ​ပြီး အရိုး​အရိုး​ချင်း ဆက်မိ​သွား​သည်​ကို ငါ​တွေ့​ရ​၏​။ ငါ​ကြည့်​နေစဉ် အရိုး​တို့​တွင် အရွတ်​များ​၊ အသား​များ တက်လာ​၍ ၎င်း​တို့​အပေါ်​တွင် အရေပြား​ဖုံးလွှမ်း​သွား​သည်​ကို မြင်​လေ​၏​။ သို့သော် ထွက်သက်​ဝင်သက် မ​ရှိ​သေး​။ ထိုအခါ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ အသက်လေ​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အို အသက်​လေ​၊ သေ​သူ​တို့​အသက်ရှင်​လာ​အောင် အရပ်​လေး​မျက်နှာ​မှ​လာ​၍ သူ​တို့​အထဲ​သို့ အသက်လေ​ကို မှုတ်သွင်း​လော့’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။ ငါ​က​လည်း ကိုယ်တော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပရောဖက်ပြု​ဟောပြော​ရာ အသက်လေ​သည် သူ​တို့​အထဲ​သို့​ဝင်​၍ သူ​တို့​သည် အသက်ရှင်​လာ​ကာ မတ်တတ်ရပ်​ကြ​လျက် အလွန်​များပြား​သော​စစ်သည်​အလုံးအရင်း ဖြစ်​လေ​၏​။ ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။ သို့ဖြစ်၍ သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က အို ငါ့​လူမျိုး​တော်​၊ ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​မှ​ထုတ်ယူ​ပြီး အစ္စရေး​ပြည်​သို့ ပို့ဆောင်​မည်​။ အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ့​ဝိညာဉ်​ကို သင်​တို့​အထဲ​သို့ သွင်းပေး​မည်​ဖြစ်၍ သင်​တို့​သည် အသက်ရှင်​လိမ့်မည်​။ သင်​တို့​ကို သင်​တို့​၏​နေရင်းပြည်​၌ နေရာချ​ထား​မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် ပြော​လျှင်​ပြော​သည့်​အတိုင်း ပြု​တတ်​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်ပြု​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။