YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 36:25-28

ယေဇကျေလ 36:25-28 Judson Bible (JBMLE)

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။ စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။ ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ သင်​တို့​သည်​နေ​ရ၍ ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။

ယေဇကျေလ 36:25-28 Common Language Bible (BCL)

ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။- ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။- ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။- ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တွင်​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သင်​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။

ယေဇကျေလ 36:25-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။ သင်​တို့​အား စိတ်နှလုံး​သစ်​ကို​ပေး​မည်​။ သင်​တို့​အထဲ​သို့ စိတ်သဘော​သစ်​ကို သွင်းပေး​မည်​။ သင်​တို့​ကိုယ်ခန္ဓာ​ထဲမှ မာကျော​သော​ကျောက်​နှလုံးသား​ကို ဖယ်ရှား​၍ အသား​နှလုံးသား​ကို​ပေး​မည်​။ ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​၌ သင်​တို့​အသက်ရှင်​နေထိုင်​ကြ​ရ​မည်​။ သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။