YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 36

36
ဣ​သ​ရေ​လ​တို့​အ​တွက်​ကောင်း​ချီး
1တစ်​ဖန် အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​တောင်​တို့​အား ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​တောင်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 2အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​က၊ အေ့​ဟေ၊ ထာ​ဝ​ရ​တောင်​တို့​သည် ငါ​တို့​လက်​သို့ ရောက်​ကြ​ပြီ​ဟု သင်​တို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊ 3ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ သိမ်း​ယူ​ရာ​ဖြစ်​ရ​သည်​တိုင်​အောင်၊ သင်​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍ ပတ်​လည် ကိုက်​စား​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် လူ​များ​ပြော​ဆို​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​သော​ကြောင့်​လည်း​ကောင်း၊ 4အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ၊ သုတ်​သင်​သော​လွင်​ပြင်​မှ​စ၍၊ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား အ​ကျန်​အ​ကြွင်း​တို့​သည် လု​ယူ​ကဲ့​ရဲ့၍၊ မြို့​သား​စွန့်​သွား​သော​မြို့​တို့​အား မိန့်​တော်​မူ​သည်​ကား၊ 5အ​ကယ်​စင်​စစ် ငါ့​ပြည်​ကို​လု​ယူ​စ​ရာ​ဖို့ ပစ်​ထား​ခြင်း​ငှာ အ​လွန်​ဝမ်း​မြောက်​သော​စိတ်၊ အ​ငြိုး​ထား​သော​စိတ်​ရှိ၍၊ ကိုယ်​တိုင်​လု​ယူ​စ​ရာ​ဖို့ စီ​ရင်​သော ဧ​ဒုံ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ တစ်​ဖက်၌ ငါ​သည် ဒေါ​သ​မီး​ထွက်၍ ပြော​ထား​ပြီ။ 6သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​ပြည်​ကို ရည်​မှတ်၍ ပ​ရော​ဖက်​ပြု​လျက်၊ တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ထွက်၍ ပြော​ပြီ။ 7အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ​ကျိန်​ဆို​ပြီ။ 8အို ဣ​သ​ရေ​လ​တောင်​တို့၊ သင်​တို့​မူ​ကား၊ အ​ပင်​ပေါက်၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​သီး​ကို သီး​ရ​ကြ​လိမ့်​မည်။ သူ​တို့ ပြန်​လာ​ချိန်​နီး​ပြီ။ 9ငါ​သည် သင်​တို့​ဘက်၌​နေ၍ သင်​တို့​ရှိ​ရာ​သို့ ပြန်​လာ​သ​ဖြင့်၊ သင်​တို့​အ​ပေါ်​မှာ လယ်​လုပ်၍ မျိုး​စေ့​ကြဲ​ကြ​လိမ့်​မည်။ 10သင်​တို့​အ​ပေါ်​မှာ လူ​များ​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ငါ​ပြန့်​ပွား​စေ​သ​ဖြင့်၊ သူ​တို့​သည် မြို့​များ၌​နေ၍ ပျက်​စီး​သော​အ​ရပ်​များ​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ 11သင်​တို့​အ​ပေါ်​မှာ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ငါ​များ​ပြား​စေ​သ​ဖြင့်၊ သူ​တို့​သည်​ပွား​များ၍ သား​မြေး​အ​စဉ်​အ​ဆက် ရှိ​ကြ​လိမ့်​မည်။ နေ​ရင်း​အ​ရပ်​တို့၌ ငါ​နေ​ရာ​ချ၍၊ အ​ရင်​ပြု​သ​ကဲ့​သို့ ငါ​ကျေး​ဇူး​ပြု​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 12သင်​တို့​အ​ပေါ်​မှာ လူ​များ​တည်း​ဟူ​သော ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သွား​လာ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သူ​တို့​သည် သင်​တို့​ကို​သိမ်း​ယူ၍ အ​မွေ​ခံ​ရ​သ​ဖြင့်၊ နောက်​တစ်​ဖန် သင်​တို့​ကြောင့် သား​မ​ဆုံး​ရှုံး​ရ​ကြ။ 13အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​ပြည်၊ သင်​သည် လူ​တို့​ကို ကိုက်​စား​တတ်၏။ ကိုယ်​အ​မျိုး​သား​တို့​ကို လု​ယူ​ဖျက်​ဆီး​တတ်၏​ဟု သူ​တစ်​ပါး​ဆို​သော​ကြောင့်၊ 14နောက်​တစ်​ဖန် သင်​သည် လူ​တို့​ကို မ​ကိုက်​မ​စား​ရ။ ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 15နောက်​တစ်​ဖန် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ကဲ့​ရဲ့​အ​ပြစ်​တင်​သော စ​ကား​ကို​မ​ကြား​ရ။ နောက်​တစ်​ဖန် ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဣ​သ​ရေ​လ​တို့​၏​ဘ​ဝ​သစ်
16တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 17အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ အ​လို​အ​လျောက် ကျင့်​ကြံ​ပြု​မူ​သော​အား​ဖြင့် ထို​ပြည်​ကို ညစ်​ညူး​စေ​ကြ၏။ သူ​တို့ အ​ကျင့်​ဓ​လေ့​သည် ငါ့​ရှေ​မှာ ဥ​တု​ရောက်​သော မိန်း​မ၏​အ​ညစ်​အ​ကြေး​ကဲ့​သို့ ဖြစ်​၏။ 18ထို​ပြည်၌ လူ​အ​သက်​ကို​သတ်​သော​အ​ပြစ်၊ ရုပ်​တု​တို့​နှင့် ညစ်​ညူး​စေ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ကို သွန်း​လောင်း​ပြီ။ 19အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ငါ​ကွဲ​ပြား​ပျံ့​လွင့်​စေ​ပြီ။ သူ​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း ငါ​စီ​ရင်​ပြီ။ 20သို့​ရာ​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ ကိုယ်​ပြည်​မှ ထွက်​သွား​ရ​ကြ၏​ဟု သူ​တစ်​ပါး​ပြော​ဆို​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​သော​ကြောင့်၊ 21ဣ​သ​ရေ​လ​အ​မျိုး​သား​ရောက်​ရာ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို ငါ​နှ​မြော၏။ 22သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်။ သင်​တို့​ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို​သာ ထောက်၍ ပြု၏။ 23တစ်​ပါး​အ​မျိုး​သား​တို့ အ​လယ်၌ သင်​တို့​ရှုတ်​ချ​သော ငါ၏​မ​ဟာ​နာ​မ​တော်​ကို ငါ​ချီး​မြှောက်​မည်။ သူ​တို့ မျက်​မှောက်၌ သင်​တို့​အား​ဖြင့် ငါ​သည် ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 24အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​က ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့ နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ 25သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။ 26စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။ #ယေ​ဇ၊ ၁၁:၁၉-၂၀။ 27ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။ 28ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ သင်​တို့​သည်​နေ​ရ၍ ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ 29သင်​တို့​ကို အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ငါ​ကင်း​လွတ်​စေ​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ပယ်​ရှား​ခြင်း​ငှာ၊ ဆန်​စ​ပါး​ကို​မှာ​လိုက်၍ များ​ပြား​စေ​မည်။ 30သင်​တို့​သည် မွတ်​သိပ်၍ တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​စေ​မည်​အ​ကြောင်း၊ သစ်​ပင်​အ​သီး​နှင့် မြေ​အ​သီး​အ​နှံ​ကို ငါ​များ​ပြား​စေ​မည်။ 31ထို​အ​ခါ သင်​တို့​သည် ကိုယ်​ကျင့်​ဖူး​သော အ​ကျင့်​ဆိုး​နှင့် မ​ကောင်း​သော​အ​မှု​တို့​ကို အောက်​မေ့၍၊ ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။ 32သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်​ဟု သိ​မှတ်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကိုယ်​ပြု​မိ​သော​အ​မှု​ကြောင့် ရှက်​ကြောက်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 33အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ငါ​ရှင်း​လင်း​သော​အ​ခါ၊ မြို့​များ၌​လူ​နေ​စေ၍ ပျက်​စီး​သော​အ​ရပ်​တို့​သည် ပြု​ပြင်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ 34လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့၏ မျက်​မှောက်၌ စွန့်​ပစ်​ဖူး​သော မြေ​တွင် တစ်​ဖန်​လယ်​လုပ်​ကြ​လိမ့်​မည်။ 35ထို​အ​ခါ သူ​တစ်​ပါး​တို့​က၊ အ​ရင်​စွန့်​ပစ်​သော ဤ​မြေ​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်​လေ​ပြီ။ သုတ်​သင် ပယ်​ရှင်း​ပျက်​စီး​သော မြို့​တို့​သည်​လည်း ခိုင်​ခံ့၍ မြို့​သား​တို့​နှင့် ပြည့်​စုံ​ကြ​ပြီ​ဟု ပြော​ကြ​လိမ့်​မည်။ 36ထို​အ​ခါ ပျက်​စီး​သော​အ​ရပ်​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​ပြင်​ကြောင်း​ကို​လည်း​ကောင်း၊ စွန့်​ပစ်​သော​မြေ​တွင် လယ်​လုပ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ပတ်​လည်၌​နေ​ရစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​မြွက်​သည်​အ​တိုင်း ပြု​မည်။ 37အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဤ​အ​မှု​ကို ငါ​ပြု​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် ငါ့​ကို တောင်း​ပန်​ရ​ကြ​မည်။ သိုး​များ​ပြား​သ​ကဲ့​သို့ ထို​အ​မျိုး​သား​ချင်း​တို့​ကို များ​ပြား​စေ​မည်။ 38ပျက်​စီး​သော​မြို့​တို့​သည် သန့်​ရှင်း​သော သိုး​စု​တည်း​ဟူ​သော၊ ဓ​မ္မ​ပွဲ​ခံ​ချိန်​တွင် ယေ​ရု​ရှ​လင်​သိုး​စု​ကဲ့​သို့​သော လူ​စု​တို့​နှင့် ပြည့်​စုံ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။