YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 28:14-17

ယေဇကျေလ 28:14-17 Judson Bible (JBMLE)

သင်​သည် ဖြန့်၍ လွှမ်း​မိုး​သော​ခေ​ရု​ဗိမ်​ဖြစ်​လျက်၊ ငါ့​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ နေ​ရာ​ကျ၍ မီး​တောက်​သော ကျောက်​တို့​တွင် သွား​လာ​ရ၏။ ဖွား​သော​နေ့​မှ​စ၍ သင့်​အ​ပြစ်​ထင်​ရှား​သော​နေ့​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ စုံ​လင်​လျက်​ရှိ၏။ သို့​ရာ​တွင်၊ ကုန်​သွယ်​ခြင်း များ​ပြား​သော​အား​ဖြင့်၊ အ​ဓ​မ္မ​အ​မှု​တို့​နှင့် ပြည့်​စုံ၍ ပြစ်​မှား​သော​အ​ပြစ် ရောက်​လေ​ပြီ။ ထို​ကြောင့်၊ ဆိုး​ယုတ်​သော​သူ​ကဲ့​သို့၊ သင့်​ကို​ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​က ငါ​နှင်​ထုတ်​မည်။ အို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်၊ မီး​တောက်​သော ကျောက်​တို့​အ​ထဲ​က သင့်​ကို​ငါ​ပယ်​ရှင်း​မည်။ သင်​သည် ကိုယ်၌ တင့်​တယ်​ခြင်း​အ​သ​ရေ​ကြောင့်၊ ဝါ​ကြွား​သော​စိတ်​ရှိ​လျက် ဂုဏ်​ထွန်း​တောက်​သော​ကြောင့်၊ သင်၏​ပ​ညာ​သည် ဖောက်​ပြန်​လျက်​ရှိ​လေ​ပြီ။ ငါ​သည် သင့်​ကို မြေ​တိုင်​အောင်​နှိမ့်​ချ​မည်။ ရှင်​ဘု​ရင်​တို့​သည် သင့်​ကို​ကြည့်​ရှု၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ သင့်​ကို​ငါ​ချ​ထား​မည်။

ယေဇကျေလ 28:14-17 Common Language Bible (BCL)

ငါ​သည်​သင့်​ကို​အ​စောင့်​ကောင်း​ကင်​တ​မန် တစ်​ပါး​အ​ဖြစ်​ဘိ​သိက်​ပေး​၏။ သင်​သည် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော် ပေါ်​တွင်​နေ​၍ အ​ရောင်​လက်​သော​ကျောက် မျက်​ရ​တ​နာ​များ​အ​လယ်​တွင်​သွား​လာ ရ​၏။- သင်​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ဒု​စ​ရိုက် ကို​စ​တင်​ပြု​ကျင့်​ချိန်​အ​ထိ သင်​၏​အ​ပြု အ​မူ​များ​သည်​အ​ဘယ်​သို့​မျှ​အ​ပြစ်​ဆို စ​ရာ​မ​ရှိ။- သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။- သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။

ယေဇကျေလ 28:14-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် သင့်​ကို အတောင်​ဖြန့်မိုး​သော​ခေရုဗိမ်​တစ်ပါး​အဖြစ် ဘိသိက်ပေး​ပြီး ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်၌ နေရာချ​ထား​၏​။ သင်​သည် မီးတောက်​နေ​သော​ကျောက်တုံး​များ​အလယ်​တွင် သွားလာ​၏​။ သင့်​ကို​ဖန်ဆင်း​သည့်​နေ့​မှစ၍ သင်​ပြု​ခဲ့​သော​မတရားမှု​ပေါ်လာ​သည့်​နေ့​တိုင်အောင် အပြစ်တင်စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ခဲ့​။ သင်​၌ ကုန်သွယ်ရေးလုပ်ငန်း​များ များပြား​လာ​သည်​နှင့်အမျှ မတရားမှု​များ​လည်း များပြား​လာ​၏​။ ထိုသို့ သင်​အပြစ်ပြု​၍ ညစ်ညူး​သွား​သောကြောင့် ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်မှ သင့်​ကို ငါ​နှင်ထုတ်​ပစ်​၏​။ အတောင်​ဖြန့်မိုး​သော အို ခေရုဗိမ်​၊ သင့်​ကို တောက်ထိန်​နေ​သော​ကျောက်တုံး​များ​အလယ်​မှ ငါ​ဖယ်ထုတ်​ပစ်​ပြီ​။ သင့်​အလှ​ကြောင့် သင်​ဘဝင်မြင့်​လေ​ပြီ​။ သင့်​ခန့်ညားထည်ဝါမှု​ကြောင့် ပညာမဲ့​ဖြစ်​လေ​ပြီ​။ ငါ​သည် သင့်​ကို​မြေ​ပေါ်သို့​ပစ်ချ​မည်​။ ရှင်ဘုရင်​တို့​သည် သင့်​ကို​ကြည့်​၍ လှောင်ပြောင်​ကြ​လိမ့်မည်​။